လေတွေတဖြူးဖြူးတိုက်ခတ်လျက်ရှိသည်။
မြို့ပြကို ကျောခိုင်းလာခဲ့ပြီးတဲ့နောက်မှ လွတ်လပ်မှုတစ်ခုကိုခံစားလိုက်ရသည်။
အဖေဟိုးတလောကမှ ဝယ်ထားတဲ့ ခြံကိုသွားကြည့်ရမည်ဖြစ်သည်။
အိမ်ပါ ပါသည့်အတွက် သွားပြင်ဆင်ရဦးမည်။အမေတို့ကပိုက်ဆံချမ်းသာပေမယ့် ဒါမျိုးကျကိုယ်တိုင်စိတ်တိုင်းကျပြင်ဆင်ချင်ကြသည်။
အဘွားတို့ရွာက အသိအဒေါ်တစ်ယောက်ကတော့ အိမ်ဝယ်ပြီးတည်းက အိမ့်စောင့်အနေနဲ့နေပေးနေသည်ဟုသိရသည်။မှော်ဘီမြို့နယ်ကိုကျော်လွန်လာခဲ့ပြီးဖြစ်သည်။ ကားပြတင်းမှန်ကနေတစ်ဆင့်ခေါင်းပြူထွက်လိုက်ပြီး လေအေးတွေကိုအပြည့်အဝရှူရှိုက်ပစ်လိုက်သည်။ မြို့ကြီးပြကြီးတွေလို လေထုထဲ ရောနှောပါလာတတ်သည့် မီးခိုးငွေ့များ ကင်းစင်းသည့်လေထုသည် မိုးသက်အား အေးချမ်းစွာကြိုဆိုလျက်ရှိသည်။
တိုက်ကြီးမြို့နယ်သို့မရောက်ခင် လမ်းချိုးကြီးတစ်ခုဆီကွေ့ဝင်လိုက်သည်။
လယ်ခင်း၊ယာခင်းတွေ လေယူရာယိမ်းနေတဲ့စပါးခင်းတွေ စိမ်းစိုနေတဲ့ ပြောင်းဖူးခင်းတွေ။အတော်လှတဲ့ရှုခင်းတွေ။အဖေ့ခြံကိုရောက်ဖို့အတော်မောင်းရသေးသည်။
တစ်နေရာအရောက်မှာကားထိုးရပ်လိုက်တော့ ကားပေါ်ကဆင်းလိုက်တာနဲ့ လူပါ လွင့်ပါသွားချင်လောက်တဲ့အထိလေတွေတိုက်နေသည်။နောက်လှည့်ကြည့်လိုက်တော့ အဖေတို့အမေတို့ဝင်သွားတဲ့ခြံကြီး။
အတော်ကျယ်တဲ့ခြံကြီးဖြစ်သည်။
အိမ်ကခြံရဲ့အလည်ကောင်တည့်တည့်မှာရှိနေပြီး
ကျွန်းတွေနဲ့ဆောက်လုပ်ထားတာမို့ ကြီးမားခိုင်ခံ့သည်။
သို့ပေမယ့်လူမနေတာကြာ၍ဟောင်းနွမ်းနေသလိုထင်ရသည်။"သား မိုးသက်၊ ဘာစားလာခဲ့လည်း။ ကောက်ညှင်းပေါင်း ရှိတယ်စားမလား။"
မိုးသက်တစ်ယောက် အိမ်ရှေ့ဧည့်ခန်းမှာချိတ်ဆွဲထားတဲ့ရှေးခေတ်လက်ရာမြောက်ပန်းချီကားကြီးတွေကိုကြည့်ရင်းအံသြနေမိစဥ် ကြီးခဟုခေါ်သော အိမ်စောင့်ပေးသည့်အဒေါ်ကလာခေါ်သည်။
"စားမှာပေါ့ဗျ ကျွန်တော်က ကောက်ညှင်းပေါင်း ဆိုအရမ်းကြိုက်တာ။ "
YOU ARE READING
CLOUD {ရင်ထဲကတိမ်}
Romanceမင်းကတိမ်တွေလိုပဲ ချစ်မိမှအဝေးကိုပြေးတယ်။ ပြီးရင် မင်းကအရင်ငိုချလိုက်တာပဲ။ ဒီလူ့ရင်မှာတော့ အပြိုပြိုအလဲလဲ