15

233 8 0
                                    

အခုတလော တိမ်ရောင့်မှာ မအားမလပ် ။ ကျောင်းစာတစ်ဖက် ဦးငယ်၏အလုပ်က တစ်ဖက်နှင့် ။ ဦးငယ်ပေးတဲ့အလုပ်တွေက ပျော်ဖို့တော့ကောင်းပါရဲ့ ။ တွေးတောစဥ်းစားရတာလေးတွေပေါ့ ။ သို့ပေမယ့် တိမ်ရောင် မကြိုက် ။ laptop နဲ့စာစီပြီး ကျောင်းကျမှ မိတ္တူဆိုင်သွားမည်ဟု စဥ်းစားထားသည် ။ တိမ်ရောင်လုပ်နေသည်မှာ နောက်ဆုံးတစ်ခုရောက်နေပြီဖြစ်သည် ။

".ရား...ပြီးပြီကွ "

ရည်ရွတ်ရင်း အကြောဆန့်လိုက်ကာ ဘေးရှိ အိပ်ယာအား ငေးမိသည် ။ ပိုင်ရှင်ကတော့ ရှိမနေပါ ။ တစ်လနီးပါးရှိနေပြီဖြစ်သော်လည်း ဖုန်းဆက်ရုံ စာပို့ရုံမှလွဲ မျက်နှာလေးတောင်မမြင်ရ ။ ညဘက် စကားပြောရန်ကြံတော့လည်း တစ်နေကုန်ပင်ပန်းထားတာမို့ နားချင်မှာပဲဆိုပြီး သွားမပြောဖြစ် ။ တိမ်ရောင်သွားမပြောရင် ဦးငယ်ကလည်း လာမပြော ။ ဖုန်းဆက်ဖော်ရသော်လည်း နေ့ခင်းဘက်ဖြစ်၍ ပြောရချိန်က ငါးမိနစ်စာ ။ ညဘက်တွေကျ လူမှုရေးသိတတ်လွန်းသူကြီးဟာ သူများအိပ်ချိန်ကို မခိုးတတ်ပါဘူးတဲ့ ။

" တိမ်ရောင် ၊ ဖရဲသီးလာစားလေကွယ် "

"ဟုတ်၊ လာပြီ မေမေကြီး"

အဝါရောင်ဖရဲသီးတွေကို တိမ်ရောင်အကြိုက်ဆုံးဖြစ်သည် ။ ကွပ်ပျစ်လေးမှာထိုင်ရင်း လေလေးတဖြူးဖြူးနဲ့ ဖရဲသီးလေးကိုက်ရတဲ့အရသာက ဘယ်လောက်ကောင်းလိုက်လဲ ။

" တိမ်ရောင် ၊ ဦးငယ်ဆီသွားမလို့ဆို "

"အွန်း မနက်ဖြန်လောက် "

" တစ်ယောက်တည်းသွားလို့ ဖြစ်ရဲ့လား သား "

စိုးရိမ်စိတ်ဖြင့်မေးသော မေမေကြီးအား ပြုံးပြလိုက်ကာ

" ရပါတယ် မေမေကြီးရဲ့ ။ ဦးငယ်တို့ရုံးက ရှာရမခက်ပါဘူး ။ "

"လိုက်ခဲ့ပေးရဦးမလား တိမ်ရောင်"

"ရတယ်စိုင်းမင်း ။ ငါမနက်ဖြန် ကျောင်းပြေးမယ်နော် "

သွားလေးဖြီးကာ ပြောလိုက်တော့ စိုင်းမင်းမျက်စောင်းထိုးသည် ။

" မညိုလည်း ဘယ်ပျောက်နေလဲမသိဘူး ။ ဒီတလော အိမ်ဘက်တောင်မလာဘူး "

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now