18

220 11 0
                                    

ကုန်လွန်သွားသော ပိတ်ရက်အဆုံးမှာ တိမ်ရောင်လည်း အိမ်ပြန်ရောက်ခဲ့ပါပြီ ။ ဒါပေမယ့် ဦးငယ်ကတော့ ပြန်မလာရသေး ။ ပိုပိုရှည်လာသော အိမ်နောက်ဖက်မှ ကျူပင်များအကြောင်းကိုလည်း ဦးငယ်ကို ပြောပြရဦးမည် ။ တိမ်ရောင် အခု နီးကပ်လာသော စာမေးပွဲအတွက် ကြိုပြင်ဆင်နေရပြီဖြစ်သည် ။ စိုင်းမင်းသည်လည်း မထူးမခြားနား ။ ကြီးမွန်၏ စာလုပ်စာလုပ်ဟူသော တကျက်ကျက်သံသည် အိမ်တွင်အမြဲစည်နေသည် ။ နားညီးမခံနိုင်သော စိုင်းမင်းသည် ကြီးမွန်စကားတိုင်း စာအုပ်ကြားခေါင်းညပ်ရသည် ။ သို့သော်လည်း

" အစိုင်းရေ " ဟူသော ခေါ်သံလေးနှင့် ရောက်ရောက်လာတတ်သော မညိုကြောင့် စိုင်းမင်း၏ စာကြည့်ချိန်မှာ ငါးမိနစ်ထက်မပို ။

" စိုင်းမင်း ။ ဒီနေ့တော့ စာလုပ်ကွာ ။ မင်းကျလိမ့်မယ် "

" ဟာ ဖတ်ဖတ်ဖတ် ။ လွဲစေဖယ်စေ ။ ပါးစပ်ပုပ်ကြီးနဲ့ ။ "

"အတည်ပြောနေတာကွ ။ မညိုကို မလာခိုင်းနဲ့တော့ ။ သူမဖြေရတိုင်း "

" အေးပါကွာ ။ သူလည်းမလာတော့ပါဘူး ။ "

"အစိုင်းရေ"

စိုင်းမင်းစကားတောင်မဆုံးသေး ။ ရောက်လာသော မညိုအသံကြောင့် တိမ်ရောင် စိုင်းမင်းကို မျက်လုံးသေများနဲ့ကြည့်လိုက်မိသည် ။ နိုင်ကိုမနိုင်ဘူး ။

ကတောင်..

ဟဲ့ ဘုရား!။ ဘေးမှာချထားသော ဖုန်းက အသံထမြည်သည် ။

ဘာလဲ လိုင်းမပိတ်ထားမိဘူးလား ။ ကုန် ပါ ပြီ ။
အမြန်ဖွင့်ကြည့်လိုက်တော့ ဦးငယ်ဖြစ်သည် ။

"စာကျက်နေလား ကလေး"

"ဟုတ်ကဲ့"

" စိုင်းမင်းတို့နဲ့ လိုက်လိုက်မသွားနဲ့နော် ။ အိမ်မှာပဲ စာကျက် "

"ဟုတ်ကဲ့ပါ"

"ကိုယ်နောက်လထဲ အဲ့ဖက်ကို ပြန်လာရမယ်ထင်တယ်"

အပြာနုရောင် စာတန်းလေးက တိမ်ရောင့်ကို ရင်ခုန်စေနိုင်သည် ။

" ဦးငယ်ပြန်လာမှ ကျူပင်တွေရှည်နေတာ ပြရမယ် "

" ကောင်းပါပြီဗျာ။ ကဲ အခု စာကျက်တော့ ။ ကိုယ်အလုပ်ပြန်ဝင်တော့မယ် "

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now