10

267 9 0
                                    

လိုအပ်သည်များအား ကိုယ်တိုင်စဥ်းစား၊ ကိုယ်တိုင် လိုက်လံ ရွေးဝယ်ပေးနေသည့် ဦးငယ်သည် အထုပ်အပိုးတွေအားလည်း တစ်ယောက်တည်းဆွဲထားသေး၏။ ပေးဆိုသော်လည်းမပေး။

" အမှန်ဆို တက္ကသိုလ်ပဲကို သိပ်မလိုပါဘူး ဦးငယ်ရာ "

" ကျောင်းရောက်မှ ဟိုဟာမရှိလို့ ဒီဟာမရှိလို့ဆို မင်းပဲ မျက်နှာငယ်လေးနဲ့ သူများဆီ တောင်းနေရမှာပေါ့ "

အသံသြရှရှသည် နားထဲ ချိုသာစွာ စီးဝင်သွားသည်။ တိမ်ရောင် ကိုယ့်ခြေဖျားထိပ်များအား ကိုယ်ငုံ့ကြည့်ကာ ပြုံးလိုက်မိသည်။

" ဘာရယ်တာလဲ "

ရယ်သံစွတ်သော မေးခွန်းနှင့်အတူ နှာခေါင်းထိပ်အား လက်ညိုးကွေးလေးဖြင့် ဖွဖွပွတ်သွားသေးသည်။ ဦးငယ် ဒီလိုလုပ်တိုင်း တိမ်ရောင်တော့ ရူးချင်တာပါပဲ။

" ဟင် မစားဘူးလား။ မကြိုက်လို့လား။ ကောင်းပါတယ် "

မြီးရှည်အား ခပ်သွက်သွက်စားနေရင်းမှ တူကိုင်ရင်း ငိုင်နေသည့် တိမ်ရောင့်အား မော့မေးလာသည်။ ပြီးနောက် တစ်ကိုယ်တည်းလည်း ရည်ရွတ်သေးသည်။

" ဦးငယ်..."

"ဟေ"

" ဦးငယ် ၊ မိန်းမ မယူဘူးလား "

တိမ်ရောင့်မေးခွန်းကြောင့် သီးတောင်သီးသည်။ ချောင်းတဟွတ်ဟွတ်ဖြစ်နေသော သူ့အား ကမမ်းကတန်း ရေတစ်ခွက်ကမ်းပေးသော ကောင်လေးသည် စိုးရိမ်ခြင်း ကြီးစွာဖြင့်။

" ဖြေးဖြေးစားပါ ဦးငယ်ရယ်။ လုမစားပါဘူး။ "

"မင်းက ဘာလို့မေးတာလဲ "

"ဒိလိုပါပဲ။ ဦးငယ်လို လူမျိုးက ရည်းစားတို့ မိန်းမတို့မရှိဘူးဆိုတာ ထူးဆန်းတယ်လေ "

"ဒီကလေး၊ စားမှာဖြင့်မစားဘူး။ ဘာတွေ လျှောက်တွေးနေတာလဲ ။ မြန်မြန်စား ။ ပြီးရင် ပြန်မယ်။ တော်ကြာ မင်းမေမေကြီးတို့က ငါတို့ကိုခိုးပြေးသွားပြီ မှတ်နေဦးမယ်"

တော်ကြာမှစ နောက်ပိုင်းစကားလုံးများကိုတော့ မိုးသက်စိတ်ထဲတွင်ပဲ ရည်ရွတ်မိလိုက်ခြင်းဖြစ်သည်။ ထိုကောင်လေးကိုပြောလိုက်သည်က ပြန်မယ်ဆိုတာလေးအထိသာ။

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now