Ending

509 13 0
                                    

" ဆရာ..။ သန်ဘက်ခါ ပြန်တော့မှာလား "

"ဟုတ်တယ် ။ ပြန်တော့မလားလို့"

ညစာပြင်နေသော အရီသည် မိုးသက်အဖေကြောင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း မီးဖိုခန်းထဲသို့ပြန်ဝင်သွားသည် ။

"ဒါဆို အကိုလေးတိမ်ရောင်က လိုက်မလာတာ သေချာသွားပြီပေါ့"

ကောင်လေး၏ အမေးကြောင့် မိုးသက် ပြုံးပြကာ

" သူမအားလို့ဖြစ်မယ် ။ ငါ့ကိုတောင်စာမပြန်နိုင်ပုံထောက် တော်တော်အလုပ်ရှုပ်နေပုံပဲ"

ဝက်သားအချိုကြော်နှင့် အသီးအရွက်ကြော် ။ ထမင်းကောင်းဟင်းကောင်းများအား တို့ကနမ်းဆိတ်ကနမ်းစားနေရသော်လည်း စိတ်တွေကထမင်းဝိုင်းမှာမရှိ ။ ချစ်သေးရင်လိုက်လာပါဆိုပြီး ။ လိုက်မလာဘူးဆိုတော့ မချစ်တော့ဘူးဆို့လည်း တစ်ထစ်ချကြီးမယုံလိုက်ရဲ ။ မသိစိတ်က ကြောက်နေတာ ဖြစ်နိုင်သည် ။
သို့ပေမယ့် ပြတ်သားသော အသိစိတ်ကြောင့် အနှောင့်အယှက်သာဖြစ်နေခဲ့မယ်ဆို ရပ်တန့်ပစ်လိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်မိသည် ။
တကယ်.. ကိုယ်က သူ့အတွက် အနှောင့်အယှက်ကြီးသာ ဖြစ်နေမယ်ဆို ရပ်တန့်ပစ်လိုက်တော့မှာ ။

.

.

" ဟဲ့ အနွေးထည်လည်းမဝတ်ဘူး "

"မငယ်ကလည်း မအေးသေးပါဘူး ။"

"ဆောင်းတွင်းရောက်နေပြီဟဲ့ ။ ထစ်ခနဲဆို ဖျားတတ်ပြီးတော့ ။ ရော့ဝတ်ထား"

မငယ်ယူပေးတဲ့ အနွေးထည်ထူထူအား ယူဝတ်လိုက်တော့ တိုးဂိတ်ပင်ရောက်နေပြီဖြစ်သည် ။
တိုးဂိတ်ကျော်လွန်လာသည်နှင့် တစ်စုံတစ်ယောက်မျက်နှာအား မြင်ယောင်ရင်း လက်ဖျားတွေအေးလာရသည်။

" မြေပိုင်ရှင်နဲ့ တစ်ခါတည်း ဝင်တွေ့မှာမလား"

"ဟုတ်တယ် မငယ်"

"ဒါဆို အခုအိပ်လိုက်ဦး ။ ရောက်ခါနီးရင်နှိုးမယ်"

ကားထိုင်ခုံအား နောက်နည်းနည်းလှန်ကာ မှီအိပ်ရင်း တရွေ့ရွေ့ဖြတ်ကျော်သွားသည့် အပင်များ လယ်ကွင်းများ.. စိုက်ခင်းများအား ငေးကြည့်နေမိသည် ။ ခဏအကြာ.. လေးပင်လာသောမျက်ခွံတွေ မှေးစင်းလာပြီး နောက်ဆုံး တိမ်ရောင်အိပ်ပျော်သွားလေသည် ။

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now