ဆောင်းတွင်းမနက်ခင်းသည် ခန်းစည်းစများအကြားမှနေ၍ တိမ်ရောင့်မျက်နှာပေါ် ဖြာကျလာသည် ။ ညက ဦးငယ် ဘယ်အချိန်မှပြန်ရောက်သည် သေချာမသိ။ ပြန်ရောက်ပြီး အခန်းထဲလာခဲ့သည်ကိုတော့ ရေးတေးတေးမှတ်မိသေးသည် ။
ရေးတစ်ခွက်သောက်ကာ အကြောဆန့်ရင်း ရေချိုးခန်းထဲသို့ဝင်လာခဲ့လိုက်သည် ။" နိုးပြီလား ကောင်လေး "
"ဟုတ်ကဲ့"
ထမင်းစားခုံတွင်ဝင်ထိုင်ရင်း ဒေါ်မြင့်ချပေးသည့် ပေါင်မုန့်အား တစ်ဖဲ့စားလိုက်သည်။
" ဘာ! "
ဧည့်ခန်းဆီမှအသံသည် တိမ်ရောင်ရှိနေရာ ထမင်းစားခန်းသို့ပင် လျှံကျလာသည် ။ နောက်လှည့်ကြည့်လိုက်သော်လည်း တစ်ဝက်ဆွဲပိတ်ထားသော ကာလာမှန်တံခါးကြောင့် သိပ်မမြင်ရ ။
" ငါမယုံနိုင်ဘူး ။ သေချာရှင်းပြစမ်း! "
"ကိုမင်းက? မဖြစ်နိုင်တာတွေကွာ၊ ဘာအကြောင်းရှိလို့လဲ! "
မာထန်နေသော ဦးငယ်အသံကြောင့် တိမ်ရောင် ထကြည့်ရန်ဆုံးဖြတ်လိုက်သည် ။
မှန်တံခါးအား တွန်းဖွင့်လိုက်သောအခါ ပိတ်ထားသည့် ပြတင်းပေါက်မှန်အား မျက်နှာမူလျက် ခါးတစ်ဖက်ထောက်ကာ ဖုန်းပြောနေသည် ။" ငါအခုချက်ချင်းလာခဲ့မယ် ။ ငါမလာခင်အချိန်ထိ ဘာမှမလုပ်နဲ့ ။ ငါလာခဲ့မယ် "
ဖုန်းချပြီး ပြန်လှည့်လာတော့မှ ငြိမ်ရပ်နေသည့် တိမ်ရောင့်အားမြင်သွားသည် ။
" တိမ်ရောင် ။ ငါအရေးကြီးကိစ္စနဲ့ ပြင်ဦးလွင်ကိုသွားရမယ် ။ ဒီကအလုပ်တွေ မင်းကိုအပ်ထားခဲ့မယ် ၊ အဆင်ပြေတယ်မလား "
"ဟုတ်ကဲ့ ပြေပါတယ် ။"
ခေါင်းတစ်ချက်ငြိမ်ပြကာ အပေါ်ပြန်တက်မည့်ဟန်ပြင်သော ဦးငယ်သည် မျက်ခုံးတန်းများတွန့်ချိုးထားလျက် ။
" ဒါ ဒါနဲ့..ဘာဖြစ်လို့ လဲဟင် "
တိမ်ရောင့်မေးခွန်းကြောင့် ပြန်လှည့်လာသော ဦးငယ်သည် စကားစရှာမရသလိုနှင့် ။
" ... Farm မီးလောင်တာ အဲ့တာ တရားခံအစစ်ကိုတွေ့ပြီဆိုလို့ "
" ဘယ်သူမို့လို့လဲဟင် "
YOU ARE READING
CLOUD {ရင်ထဲကတိမ်}
Romanceမင်းကတိမ်တွေလိုပဲ ချစ်မိမှအဝေးကိုပြေးတယ်။ ပြီးရင် မင်းကအရင်ငိုချလိုက်တာပဲ။ ဒီလူ့ရင်မှာတော့ အပြိုပြိုအလဲလဲ