Next story

245 10 0
                                    

မြူ
____

"မင်းကငါ့ရဲ့မြူ"ဆိုတဲ့ မြူ။

"ငါ့တို့တွေအားလုံးဟာ မြူမှုန်တွေပါပဲ"ဆိုတဲ့ မြူ။

"မြူမှုန်လေးတွေအဖြစ် ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ချစ်တဲ့အကြောင်းကို သေချာပေါက်ပြောပြခဲ့သင့်တယ်"ဆိုတဲ့ မြူ။


တကယ်လို့ မင်းဟာ parallel world တစ်ခုခုမှာ မင်းမဟုတ်တဲ့ တစ်ယောက်အနေနဲ့ ရှင်သန်နေမယ်ဆိုရင်ရော။ ကမ္ဘာတွေအများကြီးရှိတယ်။ ငါတို့ဖြစ်ချင်ပြီးဖြစ်ခွင့်မရခဲ့တာတွေက ကမ္ဘာတစ်ခုခုမှာတော့ ငါတို့ဖြစ်နေခဲ့နိုင်တယ်မလား။

မြူဟာ ဒီလိုတည်ဆောက်ထားတယ်။ ဆရာဝန်တစ်ယောက်က အခြားကမ္ဘာမှာ ဆေးပညာပြန်လာသင်ရတာမျိုး။ ချမ်းချမ်းသာသာကြီးပျင်းခဲ့ရပေမယ့် မေတ္တာငတ်နေခဲ့ ကောင်ငယ်လေးဟာ အခြားကမ္ဘာတစ်ခုက ပေါင်မုန့်ဆိုင်ပိုင်ရှင်မလေးကို ချစ်မိခဲ့တာမျိုး။
ချစ်သူကိုချစ်တယ်လို့ပြောရင် ကိုယ့်ခန္ဓာဟာ မြူမှုန်လို လွင့်ပြယ်သွားမှာမျိုး။

လင်းတာရာဆိုတဲ့ကောင်လေးနဲ့ သော်ခွန်းခဆိုတဲ့ကောင်လေးတို့ရဲ့ တွေ့ဆုံမှုဟာ ရှေးမှန်အဟာင်းကြီးကနေ စလာတယ်။
ရုပ်ရည်ချင်းတူနေတဲ့ ကောင်လေးနှစ်ယောက်ဟာ မှန်ကြီးကိုဖြတ်သန်းရင်း ဘဝချင်းလဲလှယ်နေကြည့်ဖို့ သဘောတူလိုက်ကြတဲ့အခါ။

စစ်မှန်တဲ့မေတ္တာတိုင်းဟာ မှန်ကန်တဲ့အချိန်၊ နေရာ တိုင်းမှာ ရှိမနေနိုင်ပါဘူး။ တကယ်ချစ်ရက်နဲ့လက်လွှတ်ခဲ့ရတဲ့ လူတွေ၊ အရာဝတ္တုတွေ၊ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ဝါသနာတွေ...

နောက်ဆုံးအချိန်မှာတော့ ကိုယ်ချစ်တဲ့သူရင်ခွင်ထဲ ရှိနေခွင့်ရသင့်တာပေါ့။

မင်းက အခြားကမ္ဘာတစ်ခုမှာဆို ဘယ်လိုပုံစံမျိုး ဖြစ်နေမယ်ထင်လဲ။
အခုမင်းက မင်းဟုတ်ရဲ့လား။

"အလင်းတန်းတွေအဖြစ် ပျောက်ကွယ်သွားရတာကို သဘောကျတယ်၊ ဆရာ။ ကျွန်တော် အဆုံးမဲ့စကြဝဠာကြီးထဲ မျော့လွင့်မနေချင်ဘူး" (လင်းတာရာ)

မြူ...
(Missing Little Dust)

________________

ကျေးဇူးတင်စကားကို သီးသန့်မပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ မပြောလည်း ကိုယ်ဘယ်လောက်ကျေးဇူးတင်လဲဆိုတာ မင်းတို့တွေသိပါတယ်။ မြူကိုဆက်မရေးခင် ကိုယ်တစ်လတိတိ ဘာမှမရေးပဲ နေဖို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်ကိုယ်ကိုမနိုင်လို့ပါ။ အားနေ plotပေါင်းစုံထွက်နေတော့ ချရေးထားလိုက်မှ အဆင်ပြေတာကြောင့် တစ်လတိတိ ခေါင်းဆေးချင်တာပါ။ ပိုပြီးသစ်ဆန်းတာတွေနဲ့ ပြန်အရောက်လာခဲ့ပါ့မယ်။ ဖတ်တဲ့သူနှစ်ယောက်ပဲရှိလည်း.အဲ့နှစ်ယောက်အတွက်ပိုကြိုးစားပါ့မယ်။
၂၀၂၁ကျရင် သေချာပေါက် ကျန်းမာပျော်ရွှင်စွာ ပြန်တွေ့ကြချင်ပါတယ်။

Love,Nong♥

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now