12

228 10 0
                                    

မျက်နှာပေါ်ဖြာကျနေသော နေရောင်သည် တစ်နေ့တာလုံး လန်းဆန်းစေမည့် အားဆေးဖြစ်သည် ။ မျက်လုံးနှစ်ဖက်အား လက်ဖြင့်ဖိပွတ်လိုက်ကာ ဘေးသို့ကြည့်မိတော့ လူကင်းလွတ်နေသော နေရာတစ်ခု ။ သေချာပြန်စဉ်းစားကြည့်ခါမှ ထိုနေရာသည် ညက မိမိ အိပ်ခဲ့သည့်နေရာ ။

" ညက ငါက ဘယ်ဘက်မှာအိပ်တာပါ ။ "

မိုးလင်းကျ နေရာမှားနိုးလာသည် ။ ပုံမှန်ဆို တိမ်ရောင်သည် မနက်ငါးနာရီကတည်းက အိပ်ယာထကာ ဦးငယ်အတွက် နွားနို့ထကျိုပေးနေကျဖြစ်သည် ။ သို့သော် ဆေးတွေထဲ အိပ်ဆေးပါသောကြောင့် ဦးငယ်၏ မနက်ခြောက်နာရီနှိုးစက်မြည်တုန်းကပင် မထနိုင် ။ အခု ကိုးနာရီခွဲနေပြီ ။

" ကြီးခ ၊ "

"အေ့ ။ နိုးပြီလား ကိုယ်တော်ချော "

" ဟုတ်။ ဦးငယ်အတွက် နွားနို့ရော "

" အမလေးဟယ် ။ ကျိုပြီး အသေအချာကို တိုက်လိုက်ပါတယ် "

မျက်လုံးကို စုံပွတ်ကာ သန်းဝေရင်း ခုံမှာ ဝင်ထိုင်လိုက်သည် ။

" ကြီးခ ၊ ကျွန်တော့်ကို ရေတစ်.. "

အသံသြရှရှကြောင့် သန်းဝေနေခြင်းသည် တစ်ဝက်တပျက်နှင့် ရပ်တန့်သွားရသည် ။
မီးခိုးရောင်စွပ်ကျယ်နှင့် အနက်ရောင် ဘောင်းဘီတိုအား ဝတ်ဆင်ထားသည့်အတွက် မြင်နေရသော လက်မောင်းကြွက်သားများသည် တိမ်ရောင့်အား ဆွံ့အသွားစေသည် ။ ချွေးအချို့ဖြင့် ကပ်နေသော စွပ်ကျယ်သည် အဖြူရောင် ဇာပါးကဲ့သို့ ။ နဖူးပြင်ပြန့်ပြန့်ပေါ် ဝဲကျနေသော ဆံစများအား တစ်ချက်သပ်တင်လိုက်သည်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေမိသည် ။

ကြောင်ငေးနေသော ကောင်လေးသည် မျက်လုံးတစ်ဖက်ကိုလည်း လက်ဖြင့် ဖိပွတ်လျက် ပွင့်နေသော ပါးစပ်သည်လည်း ပြန်မပိတ်နိုင် ။ ရှုပ်ပွနေသော ဆံပင်များသည် အခုမှ ဆင်းလာသည့်ပုံ ။
တံခါးဘောင်အား လက်ဖြင့်လှမ်းထောက်ကာ ကြည့်နေမိသည် ။

" ရော့သား ။ ဆရာကတော်ရော "

" အာ...။ ကျေးဇူးပါ ကြီးခ ။ အမေက နေးနဲ့ ရွာဘက်ခဏထွက်သွားတယ် "

CLOUD {ရင်ထဲကတိမ်}Where stories live. Discover now