အခန်း ၁

26K 926 24
                                    

Unicode Version

ကြီးမားတဲ့ အိမ်ကြီး ကို ရိပေါ် တယောက် ပါးစပ်အဟောင်းသားလေးနဲ့ကြည့်နေတယ် ... ဒီ အိမ်က သူတို့ နယ် က အိမ် ၁၀ လုံးစာလောက်ရှိတယ်.. ။

ရိပေါ်ကြည့်နေတုန်းမှာ ပဲ.....ရိပေါ်ဘေးက အဖေဖြစ်သူ (ဝမ်ကျောက်)
က...ရိပေါ်ရှေ့မှာ ဒူးလေးထောက်ပြီး ရိပေါ် ပုခုံးကို စုပ်ကိုင်ကာ..

"သားလေး ... ရိပေါ် ပါး က ဒီမှာ အလုပ်လုပ်မှာ ... ဒါက ရှောင်အိမ်တော် တဲ့...ရှောင်သခင်မကြီး နဲ့ ရှောင်သခင်ကြီး မှာ သားထက် လပိုင်းလောက်ကြီးတဲ့ ရှောင်သခင်လေး ရှိတယ်.... သား ရှောင်သခင်လေး နဲ့ တည့်အောင်နေနော် "

အဖေဖြစ်သူ စိုးရိမ် နေသည့် အရိပ်အယောင်များ တွေ့သည့် အတွက် ရိပေါ် သူ့ပုခုံး ကိုကိုင်ထား တဲ့ အဖေ ဖြစ်သူ ရဲ့ လက်တွေ စုပ်ကိုင်ကာ...

"စိတ်ချပါ ပါးပါး....ပါး မမျက်နှာ မပျက်အောင်သား ဆင်ခြင်ပါ့မယ်"

ပုံမှန် ဆို လူမှုဆက်ဆံ ရေးပြေပြစ် တဲ့ ရိပေါ် အတွက် ထိုစကား များဟာ ပြောစရာပင် မလို.....

ပါး ကတောင် သတိပေးတယ် ဆိုတော့ ပါးပြောတဲ့ ရှောင်သခင်လေး က တော်တော် ဆိုးမှာပဲ....အေးပေါ့ လေ သူ့ဘဝ က ငါလိုမှ မဟုတ်ဘဲ ချမ်းသားတဲ့ လူဆိုတော့ မိဘ တွေ ဆီက အလိုလိုက်ခံရမှာပဲလေ...

ဝမ်ကျောက် 15 နှစ်သာ ရှိသော သားဖြစ်သူ ရဲ့ စကားကြောင့် ဝမ်းသာသွားသည်...... အမေ ဆိုတာ ဘယ်သူမှန်းတောင် မသိပဲ လူလောက ရောက်လာ တဲ့ မိတဆိုးသားလေး က လိမ္မာရေးခြား ရှိတဲ့ သားလိမ္မာလေး တယောက်ဖြစ်တဲ့ အတွက် ဝမ်ကျောက် တယောက် ဝမ်းသာ မဆုံး....

ထိုနောက် သားအဖ နှစ်ယောက် စလုံး ရှောင်အိမ်တော် ထဲသို့ ခြေဆန့် ခဲ့ကြတော့တယ်.....ဧည့်ခန်း ထဲကိုဝင်ဝင် ခြင်းမှာပဲ....ကတ္တီပါ အသား နဲ့ လုပ်ထားတဲ့ အင်္ကျီကို ဝတ်ဆင်ကာ ရင့်ကျက် တည်ငြိမ် လွန်းလှသည့် အမျိူးသမီး တဦး....ထိုသူမကတွေ့တော့ ရိပေါ် စိတ်ထဲတွင် သူမက ရှောင်အိမ်တော် ရဲ့ သခင်မကြီး ဖြစ်မည် ဟု တိတ်တဆိတ် ကောက်ချက် ချ လိုက်သည်....ဘေးက အဖေဖြစ်သူထံမှ...

"သခင်မကြီး....ကျနော် ရောက်ပါပြီ"

ကျန်းလျိူ (ရှောင်သခင်မကြီး) မျက်လုံးပင့်ကြည့် တော့ အသစ်ခေါ် ထားသော ခြံစောင့် ဟုထင်ရသည့် လူဘေးမှ ဖြူနုနု သား အရွယ် မိန်းကလေး တယောက်ကို တွေ့တော့..

THE PAIN  [ Completed ] Where stories live. Discover now