အခန်း ၄

8.8K 734 19
                                    

Uni

ရှောင်းအိမ်တော်အတွင်း ကောင်လးတစ်ယောက်ရဲ့ ဆောက်တည်ရာမရ.. မယုံကြည်နိုင်ဖြစ်နေတဲ့အသံ တစ်သံ ကျယ်လောင်စွာပြန့်လွင့် လာလေသည်... ။


"ဗျာ ! .... မဖြစ်နိုင်ဘူး....မဟုတ်ဘူး...လိမ်နေတာ...လိမ်နေတာ!!"


မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး ပါးက ငါကို ထားသွားမှာ မဟုတ်ဘူး...
သူတို့လိမ်နေတာ...

ရိပေါ် လေးကိုကြည့်ပြီး ကျန်းလျိူ စိတ်မကောင်းဖြစ်မိတယ် သူပါးပါး မရှိတော့ဘူးဆိုတာ လက်မခံနိုင်ဘူးတဲ့လေ...ရိပေါ်လေး အဖေကို အကို (ရှောင်ခင်ကြီး) က ရထား လက်မှတ်ဖြတ်ပေးကာ ပစ္စည်းသွားပို့စေတယ်.. ။

ရိပေါ် လေးအဖေ ပါတဲ့ ရထားတွဲက ပေါက်ကွဲမှု ဖြစ်တယ်တဲ့ အလောင်း တွေကလည်း ရုပ်ပျက်ဆင်းပျက် ဆိုတော့ ဘယ်သူ ဘယ်ဟာ မှန်းမသိ .. ရထား တတွဲလုံးမှာ အသက်ရှင်တဲ့သူ မရှိဘူးတဲ့ လေ...

ရှောင်ကျန့် ရိပေါ်ကိုကြည့်ပြီး သနားစိတ်တော့ ဝင်မိသား...အခုတော့ တကောင်ကြွက်ဘဝရောက်ပြီလေ ... ။

>> နှစ်အနည်းငယ်ကြာသော်... >>

ပါးရေ ပါးဖြစ်စေ ချင်တဲ့ ပညာတက်ကြီး ဖြစ်တော့မယ် ပါးရေ
ပါးလည်း ကောင်းကင်ပေါ်က နေကြည့်ပြီး ပြုံးနေနိုင်ပါစေနော်..

ရိပေါ် အတွက် အတိတ်ဟာ အလွန်ပင် စိတ်ပျက်စရာ ကောင်းခဲ့သည်.. ပါး မရှိတော့ တဲ့ နောက်ပိုင်း ရှောင်သခင်မကြီး နဲ့ သခင်ကြီးက မွေးစားပင်မဲ့ ရှောင်ကျန့်က တော့ သူ့အပေါ်အနိုင်ယူစမြဲပင်...

အထက်တန်း တလျှောက် ကျိရန် နှင့် သူငယ်ချင်းဖြစ်သော်လည်း ကျိရန် နှင့် သွေးခွဲသည်....ကျိရန် ကလည်း ရိပေါ် အကြောင်း သိသဖြင့် အထွေ အထူးတော့ မဖြစ်...အဲ့တာ နဲ့ အားမရ လို့ ကျိရန် မိဘ တွေကို ပိုက်ဆံပေး ပြီး ကျိရန် ကို ကျောင်းပြောင်း ခိုင်းသည်တဲ့လေ ကျိရန် မရှိသည့် နောက်ပိုင်း တယောက်တည်း သာ နေတက်လာခဲ့ တော့တယ်...အဲ့တုန်းက ရှောင်ကျန့်သူ ကို စကား တခွန်းသာပြော ခဲ့သည် ။

THE PAIN  [ Completed ] Where stories live. Discover now