အခန်း ၃

9.3K 746 19
                                    

Unicode Version

ကားပေါ်ရောက်တော့ ရှောင်ကျန့်မားပြောတာ စဉ်းစားမိတယ်....ဘာတဲ့ ရိပေါ်ကို မွေးစားမယ်တဲ့ ..

ဟက် .. !

ရယ်ရတယ် ဒီက သားတယောက်အတွက်တောင်အချိန်မပေးနိုင်တာ နောက်တယောက်တဲ့လား....ပါးပါး ဆိုတာ ခရီးထွက်သွားတာလား နောက်အိမ်ထောင်ပြုသွားတာလား...အိမ်က ထွက်သွားတာ ၃ လကျော်ပြီ အဆက်အသွယ်လည်း မလုပ်သလို မားမား ကလည်း ဆက်သွယ်တယ်လို့ မရှိ......

ရှောင်ကျန့်  အတွေးနယ်ချဲ့ မိရင်း ကျောင်းရောက်လို့ ရောက်မှန်းမသိ ရောက်လာခဲ့တယ်...

"သ...သခင်လေး ကျောင်းရောက်ပါပြီ"

ရိပေါ် မရဲတရဲပြောလာတဲ့ အသံပိစိ လေးကြားမှ ရှောင်ကျန့် ပစ္စပ္ပုန် ကို ​​ပြန်ရောက်လာတော့တယ်....

"မင်း လမ်းတွေ မှတ်ထားလား "

"မှတ်ထားပါတယ်သခင်လေး"

"ကောင်းပြီ....ညနေမင်းဘာသာ လမ်းလျှောက်ပြန်"

"သခင်းလေး....သခင်မကြီးက.... "

"ဦးကျိူးနဲ့ မဆိုင်ဘူး....ဝင်မပါနဲ့"

ဦးကျိူး(Driver) ကပြောပင်မဲ့ ရှောင်ကျန့်က ခပ်မာမာ ပဲ ပြန်ပြော လိုက်မိတယ်....

"ရပါတယ်....ကျနော် လမ်းလျှောက်ပဲပြန်ခဲ့မယ်"

"အင်း.....မုန့်စားကျောင်းဆင်းရင် ငါဆီအရင်လာခဲ့ ကန်တင်းမှာပဲစောင့်မယ်.."

"သခင်လေး....ကျနော်မှ မသိ"

"မင်း အ' နေ လို့လား....မသိရင်မေးလာပေါ့ တကယ်ပဲ"

"ဟုတ်"

ရှောင်ကျန့်လည်း ရိပေါ် ဆီက အဖြေရတာ နဲ့ အခန်းဘက်ကိုသာ ဦးတည်လိုက်တယ်

"ကျောင်းအုပ်ကြီး....ရုံးခန်း...အင့်"

ရိပေါ် ကျောင်းအုပ်ကြီးရုံးခန်း လှည့်ပတ်ရှာနေတုန်း အနောက်က ဝင်တိုက်တာ ခံလိုက်ရတယ်...

"သွေ့...သွေ့ပုချိ"

ဖြူဖြူသေးသေး မို့ ရိပေါ်ပြုံးလိုက်မိတယ်...သူလောက်တော့မဖြူပင်မဲ့ ခန္ခာကိုယ် ကသူ့ထက်သေးသည် အရပ်ကတော့ အတူတူလောက်

THE PAIN  [ Completed ] Where stories live. Discover now