11(Z+U)

8.6K 531 16
                                    

ZG^^

"ငါရောက်ပြီ ရိပေါ်"

ဝူထန် စကားကြောင့် ရိပေါ်လေး ဝူထန်ရှိရာဘက်သို့ လှည့်ကာ..

"ဝူထန်...သွေ့ပုချိ"

ဟင်...ရိပေါ် က စာမေးပွဲနောက်ဆုံးနေ့အဖြေပေးမယ်ပြောလို့ ဝူထန် နဲ့ ရိပေါ်. ကျောင်းခေါင်မိုးထပ်ကို ရောက်နေခြင်းပင်....သူရိပေါ် အဖြေအား ကြိုသိနေသော်လည်း ပြောင်းလို ပြောင်းငြား လာခြင်းဖြစ်သည်..

"ငါ..ငါ..မင်းနဲ့ မဖြစ်နိုင်တော့ဘူး ဝူထန်.."

သွေ့ပုချိပါ ဝူထန် ငါရဲ့ မသန့်စင်တော့ တဲ့ခန္ခာကိုယ် ကို မင်းအတွက်ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး...

"အင်း...ငါကရပါတယ်..ငါနိုင်ငံ ခြားသွားတော့မယ်...မင်းကောင်းကောင်းနေခဲ့ပါ"

ဝူထန်ပြောပြီး တဖက်သို့လှည့်ကာပြေးထွက်ခဲ့မိတယ် မျက်ရည်များ က အဓိကကျဆင်းလျက်..

အချစ်ဆိုတာ ငါအတွက်မရှိခဲ့တာလား..
ပထမ အချစ်ဦး ကိုလည်း ဆုံးရှူံး ခဲ့ရပြီ..
အခု တဖန်ပြန်ပေါက်ဖွားတဲ့ အချစ်ကိုလည်း..
ပိုင်ဆိုင်ခွင့်မရှိပြန်ဘူးလား...ဟက်..
ငါက အချစ်ရေးလမ်းကြောင်းမှာ ကျွန်းတင်
မဟုတ်ဘဲ သမုဒ္ဒရာ အစင်းတစ်ရာလောက်
ခံနေတယ်ထင်ပါရဲ့......

~~~~~~~~~~~

နောက်ကြောင်းပြန်ခြင်း~~~~

"ကိုကို..."

"ချစ်လေး..လာပြီလား"

"ကို ချစ်လေး တို့ အိမ်က ပြောင်းရတော့မယ်"

"ဟင်...ဘယ်ကိုလည်း"

"ချစ်လေး အဖွားတွေ ရှိတဲ့ စီကို တဲ့ ချစ်လေး ကိုကို နဲ့မခွဲနိုင်ဘူး.."

"ကိုကို တို့ကျောင်းပြီးရင် တွေ့လို့ရတာ ဘဲလေကွာ"

"ဟုတ်ကိုကို...ချစ်လေးကို လာတွေ့နော် စောင့်နေမယ်"

ရှေ့က ချစ်ရသူက သူ့ရဲ့ မူပိုင်အပြုံးလေးများနှင့် ဆွဲဆောင်နေတော့ ဝူထန်လည်း အသဲယားစွာ ချစ်ရသူ ဆံပင်လေးကို ဖွပေးမိတယ်...ဟော လာပါပြီ မထိုးတက်ထိုး တက်အူယားစရာ မျက်စောင်းလေး...

~~~~

"ဘာ...မဖြစ်နိုင်တာ"

ချစ်လေး တို့ မိသားစု စီးသွားတဲ့ လေယာဉ်က ပျက်တယ်...မဖြစ် နိုင်ဘူး...မဖြစ်နိုင်ဘူး...

THE PAIN  [ Completed ] Where stories live. Discover now