24(Z+U)

3.6K 245 9
                                    

[Zawgyi Version]

မြူတွေ စိုင်းနေတယ်...မှုန်ဝါးဝါး နဲ့ အရှေ့ကို တိုးသလား
အနောက်ကို ဘဲ ဆုတ်မိနေသလား မသိရအောင်ပင် မြူ
တွေ ဖုံးနေတယ်...ထိုမြူ တွေထဲမှာ ပိတ်မိနေတဲ့ ကောင်လေးကတော့

ဝမ်ရိပေါ်...."

"ဟင်...ငါနာမယ်ဘယ်သူခေါ်တာလည်း ကိုကိုလား"

"ကိုကိုလားဟင်....ကျနော်အရမ်းကြောက်နေလို့ လာခေါ်ပါကိုကို"

"ကိုကို....ကိုကို!!!"

ကုတင်ပေါ် ကအဖြူရောင်ကောင်လေး ရဲ့ အော်သံကြောင့် ဘေးနာက
လူတစု လှုပ်လှုပ်ရှားရှားဖြစ်သွားသည်...

"သဲငယ်...ရိပေါ်...ကိုကို ရှိတယ်နော်..."

ဟုဆိုတာ ရှောင်ကျန့် က မျက်ရည်များစီးကျလျက် ပြောနေသလို
ဟောက်ရွမ်းကလည်း ကျိရန် ရင်ခွင်ထဲတွင်ငိုနေသည်...

ဒီအခြေအနေက ဘာလိုလည်း....?တယောက်ယောက်များ
တခုခု ဖြစ်နေလို့လား?

ရှောင်ကျန့် အသံကို ကြားပြီးမှ အဖြူရောင်ကောင်လေးက စိတ်ချသွားဟန်
ဖြင့် ဘာသံမှ မထွက်တော့ဘဲ ငြိမ်ငြိမ်လေး အိပ်သွားပြန်တယ် လို့ထင်ရ
အောင် အခန်းငယ်လေးဟာ ပကတိ တိတ်ဆိတ်လျက်...

1 စက္ကန့်...
2 စက္ကန့်...
3 စက္ကန့်...

"ဒုန်း"

ကျယ်လောင်စွာပွင့်လာသော တံခါး သံကြောင့် ရှောင်ကျန့် အဖြူရောင်
ကောင်လေး လက်ကို ဖွဖွလေး လွှတ်ပေးကာ အခန်းထဲ ဝင်လာသူ
ကို မျှော်လင့်တကြီး ကြည့်နေသည်....ထိုလူကတော့..

"ဟန်ဝူထန်"

"သိပြီ...ရှောင်ကျန့်"

ဝူထန်ရဲ့ စကားသံ အဆုံး ရှောင်ကျန့်မျက်နှာပေါ်က မဲ့ပြုံးလေး ဖြစ်ပေါ်
လာကာ ဟောက်ရွမ်း က လည်း တအံ့တသြ ဖြင့်ကြည့်နေလေသည်..
ကျိရန်ကတော့ သိပြီးသား ဟူသည့်ပုံစံ နှင့်ရပ်နေသည်...

အို...ထိုအခန်းငယ်လေး ထဲတွင် လူပိုနှစ်ယောက်ဟု ထင်ရသော
လူနှစ်ယောက်ရှိသေးသည်...ထိုသူတွေကတော့..

"ဦးလေးယဲ့ ပြောချိန်တန်ပြီထင်တယ်"

"ဟူး....ကောင်းပြီ...အမှန်တော့ ဖုန်းယဲ့ ကို....အင်း...ရိပေါ်ကို
ဦးလေး တွေ့ခဲ့တာက........."

THE PAIN  [ Completed ] Where stories live. Discover now