21(Z+U)

3.4K 285 16
                                    

[ Zawgyi version ]

*ဒေါက်....ဒေါက်*(တံခါးခေါက်သံ)

ရှောင်ကျန့် ရုံးခန်း ထဲ တွင် အလုပ်လုပ်နေချိန် တံခါးခေါက်သံကြောင့်

"ဝင်ခဲ့"

ရှောင်ကျန့် ရဲ့ အတွင်းရေးမှူး ဝင်လာသည်

"ရှောင်ကော ဒီနေ့..... "

"ငါ...ဒီနေ့ မသွားဖြစ်ဘူး လင်း"

"ရှောင်ကော မရဘူးလေ...လင်း က အားလုံးစီစဉ်ပြီးပြီဗျ"

ရှောင်ကျန့် စိတ်ညစ် ဟန် ဖြစ်

ကျစ်....Yè Group ရဲ့ တစ်ဦစတည်းသော သား အသက် 23 ပြည့်တာ
ပါတီ အသေးစားလေး လုပ်မည် ဟု၍ ဟိုတလောက Yé CEO ကိုယ်
တိုင် တကူးတက လာဖိတ်ကြားထား ခြင်းပင်...ရှောင်ကျန့် ထိုသို့ လူ
များသော နေရာသို့ မသွားချင်ပါ...ကျန့်လေး နဲ့ ရှောင်းငယ် ကိုလည်း
ကလေး ထိန်းနဲ့ သာ ထားခဲ့ရတာ စိတ်ချသည်မဟုတ်...

ရိပေါ် မင်းသာ ရှိရင်....ဟင်း...မဆီမဆိုင် ပျောက်သွားတာ  3 နှစ်ရှိပြီ
ဖြစ်တဲ့ ရိပေါ် အကြောင်း တွေးမိတော့ နှလုံးသားလေးက နာကျင်လာပြန်
သည်...

"ကောင်းပြီ လင်း ငါသွားမယ်...ဝူထန် ရော ငါတယောက်တည်းမသွား
ဘူးဆိုတာ ပြောပြီးသား"

"ဝူထန်ကော က ကားပေါ် မှာ ရောက်နေပြီ ရှောင်ကော...စိတ်ချပါ
ကျန့်လေး နဲ့ ရှောင်းငယ် ကို ကျနော် သွားကြည့် လိုက်မယ် "

ပေါ့ပေါ့ပါးပါး ပြုံးရယ်လျက်ပြောနေသော လင်းကျောက် ဆိုသော
ကောင်လေး ကို ရှောင်ကျန့် ပြုံးကာ ကြည့်နေမိသည်...လင်း သည်
ရိပေါ် လောက်ချစ်ဖို့မကောင်းပင်မဲ့ ရိပေါ် နှင့် တူသော စိတ်ထားလေး
ရှိသည် အရာရာကို သည်းခံပေး နိုင်သည့် ကောင်လေး တယောက်ဖြစ်
သည့်အတွက် ရှောင်ကျန့် ညီလေး အရင်းတယောက်ကို ချစ်မိသည်
လင်း ဆိုသည့် ကောင်လေး သည်လည်း မိမိ အား အကိုရင်းသဖွယ်
ခင်တွယ်ရုံသာ မက ကျန့်လေး နဲ့ ရှောင်းငယ် ကို လည်း တကယ့်
မောင်နှမ အရင်းတွေ သဖွယ် စောင့်ရှောက်ပေးသည်...ရိပေါ် မရှိတဲ့
နောက်ပိုင်း လင်း ကြောင့် ကလေးတွေ  ကိစ္စ သိပ် အပူအပင်မရှိတော့ပေ
တခါတလေ ကျရင်လည်း လင်း ကို အားနာ မိသည် အကြောင်းက
Xiao CEO နှင့် အတွင်းရေးမှူး တို့ ချစ်ကြိုက် နေသည် ဟု သတင်း
ထွက်ပြီး လင်း ကို ဝိုင်းအပြစ်တင် ပြောဆိုနေကြ သည်မှာ မြင်မကောင်း
သို့ပင်မဲ့ အနှီးကောင်လေး ကတော့ "သူတို့ပြော နေတာတွေက အမှန်မှ
မဟုတ်ဘဲ လင်း ဘာနာ စရာရှိလို့လည်း " ဟု အေးအေးလူလူ ပြောနေ
သည့် ကောင်လေး သည် ရိပေါ် အမွှာလား ဟူပင်ထင်ရအောင် သည်းခံ
နိုင်လွန်းသည်...

THE PAIN  [ Completed ] Where stories live. Discover now