14(U+Z)

6.7K 525 33
                                    

ZG^^

ကျိရန် တယောက်အလုပ်ရှုပ်နေသည်...ကလေးကို မိစုံဖစုံ နဲ့
တောင်းရန် စီစဉ်နေသည်..
အကယ်၍ သဘောမတူရင်တော့..
ခိုးပြေးမည်ဟု စီစဉ်ထားသည်..

အတက်နိုင်ဆုံးစိတ်ကို လျှော့ချကာ..
ကျယ်ဝန်းလှသည့် ခြံဝင်ကြီးထဲသို့
ကားဘီးလေးက တလှိမ့်လှိမ့်...

အိမ်ထဲဝင်ရန် လုပ်တော့..
အိမ်ထိန်းဟု ယူစရသော အန်တီကြီးမှ..

"ဒီက လူကြီးတို့ ဘယ်သူနဲ့များ တွေ့ချင်လို့ပါလည်းရှင့်"

ပါး မား နဲ့ ကျနော်ကို မျက်လုံးထောင့်က နေ စစ်ဆေးသလို
ကြည့်၍ မေးလာသော ထို အန်တီကြီးသည်..
အမှန်ပင် ထက်မြက်လှသည့် အမျိုးသမီး တစ်ဦး
ဖြစ်မည်ထင်..

"ကျနော် ဦးလေးဟောက်ရီဖန် နဲ့ တွေ့ချင်လို့ပါ"

"ကောင်းပါပြီ...ဘယ်သူလို့ပြောပေးရမလည်းရှင့်"

"Yang Group က CEO စုန့်ကျိရန် ပါ"

"ကောင်းပါပြီ...ခနထိုင်စောင့်ပေးပါ"

ထိုအမျိုးသမီးက တရိုသသေ နဲ့ ဧည့်ခန်းတွင်
ထိုင်ရန် ဦးညွှန့် ကာ ပြောသည်..

"ငါကိုတွေ့ချင်တာ ဘယ်သူလည်း"

လှေကား ပေါ် က ခန့်ညားသော အရှိအဝါနှင့်
အသက် 40 ကျော် မုဆိုးဗိုလ် လို့မထင်ရအောင်ကို
ဦးလေးဟောက်ရီဖန်ဟာ အလွန် တည်ကြည်လှတယ်..

အိမ်နေရင်း ဝမ်းဆက် အမဲရောင် လေးနှင့်
ဦးလေးဟောက်ရီဖန် နောက်က ကုတ်ကုတ်လေး
ပါလာသော ကျနော့် ရဲ့ ရင်နင့်သဲချာ လေး..

"အကိုဟောက်...ကျန်းမာပါရဲ့လား"

ဦးလေးဟောက်ရီဖန် အနားရောက်လာတော့
ပါး နဲ့ မားက ထိုင်နေရာမှ ထကာ
လူမှုရေး အရ နှုတ်ဆက်ကြတော့မှ
ကျနော်လည်း ကလေးကို ငေးနေရာမှ
မတ်တပ်ထရပ်လိုက်မိတယ်...

"ကောင်းပါတယ်..."

ဦးလေးဟောက်ရီဖန် ဖန်က ထိုသို့ပြောကာ
ထိုင်ဆိုသည့် သဘောဖြင့် မေးဆက်ပြလေသည်..

"လာရင်းကိစ္စက"

ကျနော်ကို ကြည့်ကာမေးလာသောကြောင့်..

THE PAIN  [ Completed ] Where stories live. Discover now