အခန်း ၂

10.2K 871 24
                                    

Unicode Version

ရှောင်ကျန့် အခန်းထဲရောက်တော့....ကုတင် အစွန်းမှာ ခြေ ချိတ် ထိုင်ပြီး.. ရိပေါ်ကိုကြည့်ကာ

"မင်းနာမည် .... ဝမ်ရိပေါ်နော်....ငါ့နာမည် ရှောင်ကျန့်....အသက်က တော့ မင်းထက် အနည်းငယ် လ ပိုင်းလောက်ကြီးမယ်....မင်းငါကို သခင်လေး လို့ခေါ်ရမယ်"

"ဟုတ်....ဟုတ်ကဲ့ပါ သခင်လေး"

"ပြီးတော့....ရော့....ဒါငါ အခိုင်းစေ တွေ လိုက်နာရမယ့် စည်းကမ်း ပဲ အသံထွက်ပြီး ဖတ်ပြ"

ရိပေါ်လည်း ရှောင်ကျန့် ကမ်းပေး တဲ့ စည်းကမ်းစာရွက်ကို တရိုသသေ လှမ်းယူပြီး...

"ရှောင်သခင်လေး ၏ အခိုင်းစေများ လိုက်နာရန် စည်းကမ်း ချက်များ...

1.မနက် 5 နာရီ ထပြီး သခင်လေး အတွက် ဆီလျော်သော မနက်စာကို သန့်ရှင်းလက်ဆတ် စွာ ချက်ပြုတ်ပေးရန်...

2.သခင်လေးအား 6 နာရီ အတိ တွင် မနက်စာစားဖို့နိုးရန်....မျက်နှာသစ်ဖို့ရေနှင့် သွားတိုက်တံ များ ပြင်ဆင်ပေးရန်....

3.သခင်လေး မနက်စာ စားနေစင် သခင်လေး အတွက် ရေချိူးရန် ရေပူရေအေး မျှတ စွာ စပ်ပေးရန်...

4.သခင်လေး ရေချိူးစဉ် ကျောင်းဝတ်စုံကို အသင့်ထုတ်ပေးထားရန်...

5.ကျောင်း စာအုပ်များကို ကျောင်းအချိန်ဇယားအတိုင်း သပ်ရပ်စွာ ထည့်ပေးရန်...

6.သခင်လေး အဝတ်ဝတ်နေစဉ် သခင်လေး စီးရန် ဖိနပ်အသင့် ထုတ်ပေးထားရန်....

7.သခင်လေးလာလျှင် ဖိနပ်အသင့်စီးပေးရန်...

8.သခင်လေး ကိုမော် မကြည့်ရန်..."

ရိပေါ် ဖတ်ပြတာ ကို ရှောင်ကျန့် မျက်လုံးမှိတ်ကာ နားထောင်နေတယ်....ရိပေါ် စကား အဆုံး ရှောင်ကျန့် မျက်လုံးတို့ ဖွင့် လာပြီး နှုတ်ခမ်းကို တွန့်ကွေးယုံလောက်ပြုံး လိုက်တယ်...

"မင်းအတွက် မခက်ခဲဘူးမလား "

"ဗျ....ဟုတ်...ဟုတ်"

ချက်ပြုတ်တာ ကလွဲလို့ အကုန် အဆင်ပြေပါတယ်... ကိုယ်က တောချက်တွေဘဲ ချက်တက်တာ သူက သူဌေးသား....ကိုယ် ချက်တာ မစား တက်ရင် အပြစ်ပေးခံရမလား မသိ....

THE PAIN  [ Completed ] Tahanan ng mga kuwento. Tumuklas ngayon