အပိုင်း_၂ ( ထူးဆန်းသည့်မင်္ဂလာဝတ်ရုံ နှင့် ဝတ်ရုံနတ်ဘုရားပေါ်ပေါက်လာခြင်း)

10.5K 1K 9
                                    

အပိုင်း__၂
ထူးဆန်းသည့် မင်္ဂလာဝတ်ရုံနှင့်ဝတ်ရုံနတ်ဘုရားပေါ်ပေါက်လာခြင်း
(Unicode Ver: )

ယခုအခါ ပိုင်ဟွားမြို့တွင် လော်သခင်လေး ၏ လက်ထက်ပွဲ သတင်းအား ဖုံးအုပ်သွားစေသည့် အခြား ကောလဟာလသတင်းတစ်ခုပျံ့နှံ့လာခဲ့ပြီ ။ ထိုအရာက မည်သူမှ ၊ မည်သည့်နေရာမှ စတင် ပျံ့နှံ့လာခြင်း မသိပေမဲ့ ယခုတွင်မူ တစ်မြို့လုံး ပြန့်နေလေပြီ။ ထိုသတင်းကား ထူးဆန်းသည့် ဝတ်ရုံအိပ်မက်ဖြစ်၏ ။
ပိုင်ဟွားမြို့ရှိ နာမည်ကျော်ကြားသော နတ်ဆရာမအား ထိုဝတ်ရုံနတ်ဘုရားမှ အိပ်မက်ပေး လာ ခဲ့သည် ။  အိပ်မက်ထဲတွင် သူမထံသို့ အနီရောင် ရဲရဲတောက်နေသော အနီရောင် မင်္ဂလာဝတ်စုံတစ်စုံ ရောက်လာခဲ့၏ ။ ထိုဝတ်ရုံမှာ ရောင်ခြည်တစ်ဖိမ့်ဖိမ့်ထကာ ခဏအကြာတွင် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်ဟု ဆို၏ ။
ထိုလူက မင်္ဂလာဝတ်ရုံ ကိုဝတ်ဆင်ထားသည့်ယောကျ်ားတစ်ယောက်ဖြစ်သည်။
ပိုင်ဟွားမြို့အား ဝတ်ရုံနတ် မှ စောင့်ရှောက်နေသည် ။ ထိုနတ်ဘုရားအားပူဇော်လျှင် အစောင့်ရှောက်ခံရသည့်မြို့၌ ဖြစ်ထွန်းမည် ၊ အောင်မြင်မည် ၊ ကြွယ်ဝမည်ဖြစ်သည်။
အစပိုင်းတွင် ပိုင်ဟွားမြို့ရှိတော်တော်များများ မယုံကြသော်ငြား နောက်ပိုင်းတွင် ဆုတောင်းပြည့်သည့်အတွက် ဝတ်ရုံ နတ်ဆိုသည့်အရာကို ကိုးကွယ်လာကြ၏ ။
မည်သည့်အရပ်မှလာမှန်းမသိသည့် တောက်ဓမ္မပညာရှင်တစ်ဦးက အနီရောင်တောက်တောက် မင်္ဂလာဝတ်ရုံအား သယ်ဆောင်လာခဲ့သည်။ တောက်ပညာရှင်နှင့်မင်္ဂလာဝတ်ရုံလွန်စွာမှ မအပ်စပ်ပါပေ။ ထိုပညာရှင်က နတ်ဆရာမထံ ထိုအနီရောင် မင်္ဂလာဝတ်ရုံအားပေးအပ်ကာ ဝတ်ရုံနတ်ဘုရား၏ သတို့သမီးဟုဆို၏ ။ ဝတ်ရုံနတ်ဘုရားမှ သူမနှင့်အမြဲအတူရှိနေသည်။ 
ယခုအခါတွင် ဝတ်ရုံနတ်ဘုရားဟူသည် ပိုင်ဟွား မြို့တော်၏ ကိုးကွယ်ရာ တစ်ဆူဖြစ်သည် ။ ဝတ်ရုံ နတ်ဘုရား၏ စောင့်ရှောက်မှုကြောင့် ပိုင်ဟွားမြို့သည် စည်ကားသထက်စည်ကားလာခဲ့၏ ။ လယ်ယာစပါးပိုမိုဖြစ်ထွန်းကာ ကြွယ်ဝလာခဲ့သည်။
နတ်ဆရာမ အား ဝတ်ရုံနတ်ဘုရား ၏ သတို့သမီးဟု ဆိုကာ ပိုမိုပူဇော်လာကြ၏ ။ယုံကြည်သည့်သူများပြားသလို မယုံကြည်သည့်သူအနည်းငယ်လည်း ရှိသေးပေ၏ ။
ရူးကြောင်ကြောင်နိုင်လွန်းလှသည် ၊ မဖြစ်နိုင်သည့်အရာတစ်ခုကို ယုံကြသည့်သူများအား အံ့သြ မိပါ၏ ။ ကောက်ရိုးမျှင်ပိစိကို ကိုက်ကာ ခေါင်းတစ်ခါခါဖြင့်တွေးတောနေသည်။ ထို့နောက်ပါးစပ်မှ ခပ်တိုးတိုး ပြောလိုက်သည်ကား
"အကုန်စောက်ရူးတွေ "
အနောက်မှ တစ်ခုခုနှင့်ထုရိုက်လိုက်ပုံရသည်။ ခလွမ်းဆိုသည့်အသံနှင့်အတူ ခေါင်းအနောက်တစ်ခုလုံး ပူထူကာ မူးနောက်သွား၏ ။
"ချန်ဖေးယွီ... ခွေးကောင်လေး ဘာတွေ တိုးတိုးပြောနေလဲ လူလာနေတယ် လေ "
"အော်...ဟုတ်"
ယုံကြည်သည့်သူများပြားသည်ဟုဆိုလျှင် မယုံကြည်သည့်သူ အနည်းစုတွင် ဖေးယွီချန် (ချန်ဖေးယွီ )ဟူသည့် လူငယ်လေးလည်းအပါအဝင်ဖြစ်၏ ။ သာမန်အရပ်သား တစ်ယောက်ဆိုသော်ငြား ကိုယ်တိုင်မမြင်ဖူး မတွေ့ဖူး မလေ့လာဖူးပါဘဲနှင့် သူများအပြောကြောင့်တည်ရှိနေသော အရာများကို အယုံအကြည်လုံးဝမရှိပါ ။ ခပ်ရှင်းရှင်းပြောလျှင် အယုံမလွယ်တတ်သော သူဖြစ်၏ ။
ထိုချန်ဖေးယွီဆိုသော လူငယ်သည်ကား အသားအရောင်မညိုတစ်ညို ၊ အရပ်အမောင်းကောင်းကာ ရုပ်ရည် ကြည့်ကောင်းသောလူငယ်ဖြစ်သည်။ ချမ်းသာသည့်မျိုးရိုးမဟုတ် ၊ ပိုင်ဟွားမြို့ စားသောက်ဆိုင်ငယ်ကလေးတစ်ခု၏ စားပွဲထိုးတစ်ယောက်ဖြစ်သည်။ သို့သော် ချက်ပြုတ်သည့်အခါ ကူညီပေးသဖြင့် အချက်အပြုတ်အတော်အသင့်တတ်မြောက်သည်။
"ဖေးယွီ...မင်းကဘာလို့မယုံကြည်တာတုန်း..အခါသင့်ရင် မင်းလဲ ဆုတောင်းသင့်တယ် "
စားသုံးသူတစ်ယောက်ကအရယ်နှောကပြောလေတော​့ ချန်ဖေးယွီက အရယ်တစ်ဝက်နှင့် တုန့်ပြန်၏ ။
"ဒီက အစ်ကိုကြီး... ကျွန်တော်ပြောတော့မပြောချင်ပါဘူး ဒါပေမဲ့ ခင်ဗျားပဲစဥ်းစားကြည့် ကျွန်တော်ချမ်းသာအောင်ဆုတောင်းမယ်ပဲထားပါဦး သူ့ကို ဆုတောင်းဖို့ အရင်ဆုံး ပူဇော်ဖို့ တစ်ခုခုဝယ်ရဦးမယ် ကိုယ်ကပိုက်ဆံအရင်ကုန်မယ် ကျွန်တော်လို ပိုက်ဆံနည်းနည်းပဲရတဲ့သူက မချမ်းသာခင် နတ်ပူဇော်တာနဲ့ အရင် ထမင်းတစ်နပ်စာ ငတ်မှာဗျ...မဖြစ်ပါဘူးဗျာ "

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now