အပိုင်း _ ၁၄.၂ ( ချယ်ရီပွင့်ဖတ်များက တွေ့မြင်ကြသည် )

3.1K 373 15
                                    

အပိုင်း _ ၁၄.၂

ချယ်ရီပွင့်ဖတ်များက တွေ့မြင်ကြသည်

(Unicode + Zawgyi Ver: )

ဝူလေ့သိပ်တော့ အစာမကြေ ၊ ကိုကိုတဲ့လား.... တကယ်ကို ဘာကောင်လဲ။

ညအမှောင်သည် နေလုံးကြီးအားဝါးမြိုလိုက်သည့်အလား သတိမမူခင်ကျရောက်လာခဲ့သည်။ ကောင်းကင်ပြင်တွင် ကြယ်ကလေးများကား ထွန်းလင်းရန် အဟူ နေရာယူထားကြပြီးလေပြီ။

ဝူလေ့စိတ်ထဲတွင် တစ်စုံတစ်ရာ မူမှန်ခြင်းမရှိသည့်အနေအထား ခံစားနေရပေတည်း။ ထူးခြားသည် ၊ အနက်ရောင် အငွေ့အသက်များအား ဧကန်ခံစားသိရှိရသည်။ သို့ရာပေမူ မည်သည့် နေရာမှ လဲ အတိအကျ မသိ။

ဝန်းကျင်အနှံ့ မျက်လုံးထောက်ကြည့်ပေသေါ်လည်း မကောင်းသည့် အငွေ့အသက်ဟူသည် သိပ်တော့မရှိ ၊ စိတ်ထဲ ထင်ံ့လာရ၏ ။ သင်္ကါမကင်းသည့် ထိုစိတ်အစုံဖြင့် ချန်ဖေးယွီအား ဦးစွာ ကြည့်လိုက်သည်။ မဟုတ်သေး...ထူးခြားခြင်းအလျင်းမရှိ။

တစ်ဖန် အနားမှ လော်ယွင်ရှီး ထံ အကြည့်အရောက် ဝတ်ရုံနီထံမှ မိစ္ဆာအငွေ့အသက်များ မြင်တွေ့ရချေသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် အော်ပြောလိုက်ချေ၏ ။

"အစ်ကို....အဲ့ဝတ်ရုံကို ချက်ချင်းချွတ်... ကျိန်စာတွေ.... "

လော်ယွင်ရှီး ထိပ်လန့်ခြင်းအလျင်ဖြင့် ကြည့်လာလေ၏ ။ ချန်ဖေးယွီမူကားလည်း ထိုကဲ့သို့ပင် သူ့အားကြည့်လာလေသည်။

"မဖြစ်ဘူး အဲ့ဝတ်ရုံကို ချွတ်ပစ်မှရမယ်! !"

"ဝူလေ့...စိတ် ထိန်းဦး "

လော်ယွင်ရှီး၏ ဝတ်ရုံအား ဆွဲကာချွတ်နေသဖြင့် ချန်ဖေးယွီ ဒေါသထွက်ကာ အော်ပစ်မှ ငြိမ်သွားလေ၏ ။

"တောင်းပန်ပါတယ် အစ်ကို...ကျွန်တော်မစဥ်းစားဘဲ လုပ်မိလို့... "

ခေါင်းငုံ့ထားသည့် အပြစ်ရှိသည်ဟု မိမိကိုယ်ကို ထင်နေသော ကောင်လေးအား လော်ယွင်ရှီး နှစ်သိမ့်လိုက်သည်။

"ဘာမှ မဖြစ်ပါဘူး... ဒါနဲ့ ဒီဝတ်စုံက "

"စတွေ့တုန်းကတော့ သေချာမသိပေမဲ့ အခုမှ ဝတ်ရုံက ကျိန်စာတွေက ပိုထင်းလာတယ်... အစ်ကို...ဒီဟာ ကို လဲ ပစ်မှ ရမယ်... ဒါက ကျိန်စာသင့်နေတယ် ဝတ်ထားတာ ဘယ်လောက်ကြာသွားပြီလဲ "

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now