အပိုင်း_၉ (ဝမ်မမလေး ဒေါသကြီးနေရခြင်းနောက်ကွယ်)

5.1K 580 5
                                    

အပိုင်း _ ၉

ဝမ်မမလေးဒေါသကြီးနေရခြင်းနောက်ကွယ်

(Unicode Ver: )

ကိုယ်မွှေသည့်အမွှေ ယခုတွင် ကိုယ့်ထံသို့ ပြန်ကျလာပြီ ၊ သူမ ပစ်လွှတ်လိုက်သည့် ထိုကြာပွတ်၏ အင်အားမှာမူ တစ်ချက်ရိုက်မိရုံနှင့် စုတ်ပြတ်သတ်ကာ ကြေမွသွားစေနိုင်လောက်သည်အထိ ပြင်းထန်လွန်းလှ၏ ။ ဒေါသအရှိန်ပါ ရောပါနေသောအခါမူကား ပြောစရာမလိုအောင်ကြောက်စရာကောင်းလှသည်။
ချန်ဖေးယွီက အနည်းငယ်သော ရှောင်ရန်တိမ်းရန်သာ ကိုယ်ခံပညာနည်းနည်းတတ်သည်။ သို့သော် ယခုမူ သူမည်မျှမှ မတတ်နိုင်။ ဘယ်လို ရှောင်တိမ်းပါစေ...ဝမ်မမလေး၏ လက်နက်မှာ သူ့ထံသို့ ဒေါသဟုန်ပြင်းပြင်းတောက်နေသော မြွေပွေးတစ်ကောင်ကဲ့သို့ ၊ သူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ကာ ချက်ချင်းမိသည်နှင့် ပေါက်ရန် အစွယ်နှစ်ချောင်းအား ဖွင့်ဟထားလျက်ရှိသည်။
"နင်ကများ... ငါ့ကို လှည့်စားတယ်ပေါ့...ငါ့ဒေါသကိုနင်မသိဘူးပဲ...ဝမ်ရှင်းယွီ ကိုများ နင်က... ,.."
ဝမ်မမလေးမှာ မျက်နှာချောသော်လည်း ဒေါသအလွန်ကြီးသူဖြစ်သည်။ နူးညံ့သိမ်မွေ့သောသူမ၏ မျက်နှာလှလှနှင့် သူမ၏ အကျင့်စရိုက်မှာ လုံးလုံးကွဲ ပြားသည်။ သူမက မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား သိမ်မွေ့သော မိန်းကလေးမဟုတ် ၊ ပြတ်သားကာ ဒေါသကြီးသူဖြစ်၏ ။ ဝမ်အိမ်တော် သခင်မလေးဆိုသော်လည်း သာမန်ကဲ့သို့ နေသည်။ ပွင့်လင်းသည် ၊ အချုပ်အနှာင်မရှိ လွတ်လပ်၏ ။
တစ်ခုပဲ... ဒေါသ သူမဒေါသထွက်မိပြီဆိုလျှင် သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးလိုသူ ၊ နောက်...တစ်ခု ကိစ္စသေးသေးလေးအား ပုံကြီးချဲ့တတ်သူဆိုလျှင်လည်း မမှားပေ ။
ယခု အစလွန်သွားသည့် ချန်ဖေးယွီမှာ ဝမ်မမလေး၏ ကြာပွတ်ရန်မှ ကြောင်လေးတစ်ကောင်လို ရှောင်ရှားနေရသည်။ သို့သော် အချိန်မည်မျှမှ မကြာလိုက်...အနည်းငယ်သော ရှောင်တိမ်းမှုသာ တတ်သည့်သူအဖို့ ဝမ်မမလေး၏ အားပြင်းလှသော ရိုက်ချက်က သူ၏ ကျောပြင်ပေါ်သို့ လျှပ်စီးကြောင်းအလား ရောက်ရှိသွားခဲ့ပြီ။ ကော့တက်သွားသော ကျောပြင်နှင့်အတူ လူတစ်ကိုယ်လုံးမြောက်ကာ မြေပြင်ပေါ်သို့ အားလျားမှောက် ပြုတ်ကျသွား၏ ။
ဝိုင်းအုံကြည့်နေသော လူများအားလုံး အသံလုံးလုံးမျှ မထွက်ရဲ ၊ ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသော ထိုနေရာ ။ လူအုပ်မှာ မူ ဘာဆက်လုပ်ရမှန်းမသိ။
ကျောပြင်ထက်ရှိ အင်္ကျီမှာ စုတ်ပြဲကာ ချန်ဖေးယွီမှာမူ သတိလစ်သွားပုံရသည်။ တုန်ယင်နေသော လက်ချောင်းလေးများက သူမည်မျှ နာကျင်နေသည်လဲ မှန်းဆ၍ရသည်။ မှန်ပါသည်..ဝမ်ရှင်းယွီက လှပသည်၊ ပွင့်လင်းသည် ၊ လွတ်လပ်သည်၊ သို့သော် သူမက လွန်စွာ ရက်စက်သည်။
လေပူတစ်ချက်မှုတ်ထုတ်ကာ ကော့ညွတ်နေသော မျက်တောင်များအား မှေးစင်းကာ မြေပြင်ပေါ်သို့ အတိုင်းသား လဲကျနေသူအား ကြည့်ပြီး ပြော၏ ။
"နောင်တစ်ခါ...ငါ့ကိုမလှည့်ဖျားနဲ့ "
လူအုပ်ထဲရှိ လော်ယွင်ရှီးက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသကြောင့် ကိုယ်လေးတစ်ဆတ်ဆတ်တုန်ယင်နေ၏ ။
သူမဆီ သွားဖို့ပြင်နေစဉ် လက်မောင်းအား ဆွဲကာ သူအား မသွားရန်တားမြစ်သည်။
"သခင်လေး...မသွားပါနဲ့ ကိုယ့်ရဲ့ဇနီးလောင်းနဲ့ ပြသနာတတ်လို့မဖြစ်ဘူးလေ "
"လွှတ်စမ်း!!."
"သ..သခင်လေး "
"အမိန့်ပေးနေတယ်..ငါ့လက်ကိုလွှတ် "
အစေခံလေးမှာ သခင့်အမိန့်မို့ မလွန်ဆန်ရဲသဖြင့် လွှတ်ပေးလိုက်ရ၏ ။ လူအုပ်ကြားမှ ထွက်လာသော ဖြူဖွေး နူးညံ့ကာ ချောမောသည့်သခင်လေး၊ သူမ၏ အကြည့်များက ထိုသခင်လေးထံရောက်ကာ မထင်မဲ့မြင်ပြုံး၏ ။
လူအုပ်မှာ ယခုတွင် ထိုနှစ်ယောက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ တစ်ချို့က ရဲတင်းစွာ အတင်းပြောဆို၏ ။
"နောက်ဆုံးတော့ လက်ထက်ရမဲ့ ဇနီးမောင်နှံနှစ်ယောက်ဆုံပြီလား "
"မဟုတ်ဘူး...မဟုတ်ဘူး!!သူတို့နှစ်​ယောက်ပြသနာတက်တော့မှာ "
" သူတို့နှစ်ယောက် တိုက်ခိုက်တော့မှာလား "
"မင်္ဂလာပွဲက ပြသနာသာတက်ရင် ပျက်တော့မှာပဲ "
လူအများ၏ အတင်းအဖျင်းသံများအား လျစ်လျူရှူကာ ဝမ်မမလေးက စတင်နှုတ်ဆက်၏ ။
"သခင်လေးလော်...မင်္ဂလာပါ... ဒါနဲ့ ရှင်က အခု ကျွန်မတို့ ဝမ်အိမ်တော်မှာ ရှိပြီး အဖေနဲ့ အလဘသလဘပြောနေရမှာမလား ... သမက်လောင်းလေးနဲ့ ယောက္ခမ တွေ့နေရမှာပေါ့ "
"......... "
"ဟင်း.... သခင်လေးက သတင်းတွေကြားထားတဲ့ အတိုင်းချောမောတာပဲ..ကိုယ်နဲ့လက်ထပ်ရမဲ့သူကို အခုမှ မြင်ဖူးတာပဲ အရင်တစ်ခါက လော်အိမ်တော်ကို အလည်လာပေမဲ့ အဝေးကပဲ တွေ့လိုက်တာ...အခုအနီးကပ်တွေ့ရတော့ တကယ်ချောမောတာ လက်ခံပါတယ်...ဟင်း "
စကားပြောနေတာမှန်သည် ၊ သို့သော် သူမ၏ မျက်လုံးတွေက လုံးလုံးအသက်မပါပေ ၊ ပြုံးရယ်နေတာ မှန်ပါ၏ ။ ထိုအပြုံးများက ဟန်ဆောင်နေတာ သိသာလွန်းပါသည်။
လော်ယွင်ရှီးက ဆိုသည်။
"ဝမ်မိန်းကလေး...မင်းရဲ့ အခုအပြုအမူက တကယ်ကိုရက်စက်လွန်းတယ် "
သူမက ထိုစကားကြောင့် အံ့သြကာ "အိုက်ယိုး.. "ဆိုသော အသံပင်ထွက်သွား၏ ။
"သခင်လေး ကျွန်မဘာများလုပ်မိလို့လဲ "
"မင်း.... ဝမ်သခင်မလေး တကယ်မသိဘူးလား ခင်ဗျားက သေချာစုံစမ်းခြင်းမရှိဘဲ လူတစ်ယောက် ကို နှိပ်စက် တာလေ ဒါကို ခင်ဗျားက ဘာလုပ်မိလို့လဲဆိုတော့ "
"အားဟားးဟားးး...ဒါလား..ဒီလူက ကျွန်မကို လှည့်စားလိမ်ညာတာ သိနေတာပဲ ...ခိုးဝှက်နေပြီး လူမိမှ အယောင်ဆောင်တာ ကျွန်မ ဆုံးမ ပေးသင့်တယ်မလား "
"မဖြစ်နိုင်ဘူး...ဒီကောင်လေးက ဘာလို့ခင်ဗျား ရဲ့ ပိုက်ဆံအိတ်သေးသေးလေးကို ခိုးရမှာလား.. မဖြစ်နိုင်တာ "
"သူ့လက်ထဲ ကျွန်မ အိတ်ရောက်နေတာလေ ဒါက သက်သေပဲ ဟင်းး "
".......... "
လော်ယွင်ရှီးက စကားတစ်ခွန်းမျှ မဆို ၊ မြေပြင်ပေါ်သို့ လဲကျနေသော ချန်ဖေးယွီအားကူမကာ ထူ၏ ။ အမြဲတမ်းဒီကောင်လေးပဲလား... ဟူး။ ပြသနာဖြစ်တဲ့နေရာတိုင်းသူချည်းပဲ။
ချန်ဖေးယွီ၏ လက်အား ကူမပေး ကာ ထွက်သွားမည်အပြု ဝမ်မမလေးက တားမြစ်ပြန်၏ ။
"လော်သခင်လေး...သူ့ကို လွှတ်လိုက်...မှတ်သားလောက်အောင်ဆုံးမပစ်ရမယ်...သေတဲ့အထိ "
သို့သော် ထိုမျက်လုံးများက ချန်ဖေးယွီကို ကြည့်ကာပြောခြင်းမဟုတ် ၊ လော်ယွင်ရှီးထံဆိုက်မြိုက်စွာရောက်ရှိနေသည်။
"ရူးနေတဲ့မိန်းမ..."
ချန်ဖေးယွီထံမှ ခပ်တိုးတိုး ကျိန်ဆဲသံထွက်လာ၏ ။
"နင်..... "
"ခင်ဗျားက လှသာလှတာ ၊ ထက်မြက်ချင်ယောင်သာဆောင်နေတာ တကယ်တော့ ဦးနှောက်မရှိတဲ့ မိန်းကလေးပဲ အရာရာကို ဒေါသရှေ့တန်းတင်ပြီး မစဉ်းစားမဆင်ခြင်တတ်ဘူး... အဟွတ်!!"
သူမ၏ ဒေါသမှာ ထိုအပြောကြောင့် အထွပ်အထိပ်ရောက်နေပြီဖြစ်၏ ။ ပြန်ပက်ရန် ပြင်ဆင်ပေမဲ့ ဝမ်အိမ်တော်မှ အစေခံတစ်ယောက်က ပြေးလာကာ ပြော၏ ။
"မမလေး...သခင်လေး... ရန်မဖြစ်ကြပါနဲ့...မမလေးဝမ် သခင်ကြီးက.... "
ကျန်သော စကားတစ်ဝက်ကိုငြား ဝမ်ရှင်းယွီ၏ နားနားသို့ကပ်ကာ တိုးတိုးပြောလိုက်၏ ။ ထိုစကားကြောင့် သူမ အလျင်အမြန်ပြေးထွက်သွားတော့သည်။
"လော်သခင်လေး... နောက်မှတွေ့ကြတာပေါ့"
"ကောင်းပါပြီ ဝမ်မိန်းကလေး "
ထို့နောက်အစေခံလေးက လော်ယွင်ရှီးအား ဆက်ပြောသည်။
"သခင်လေး...ဒီနေ့ ဝမ်အိမ်တော် မှာ..ပြသနာ.."
"ငါမလာတော့ဘူး နောက်နေ့မှ လာတွေ့တော့မယ် လို့ သခင်ကြီးကို ပြောလိုက်ပါ "
"ဟ..ဟုတ်ကဲ့ "
ပြောပြီးသည်နှင့် အစေခံလေးပါ အပြေးထွက်သွားသည်။
"အားလုံးပဲ...ကိုယ့်အလုပ်ကို ဆက်လုပ်ကြပါ..ကျွန်တော်တို့ကို အာရုံစိုက်မနေပါနဲ့ "
လော်သခင်လေးကပဲ အာဏာညောင်းသည်ဟု ဆိုရမလား..​ပြောလိုက်သည်နှင့် လူစုမှာ တဖြည်းဖြည်း ကွဲကွာသွားတော့၏ ။
ချန်ဖေးယွီမှာမိမိအား ထိန်းပေး ထားသည့်သခင်လေးအား မသိမသာ ခိုးကြည့်ဖြစ်သည်။ မျက်တောင်ရှည်နက်နက်လေးတွေ ၊ မျက်ခုံးတန်းများ ၊ မျက်လုံးရှည်တွေနဲ့ တောက်ပသော မျက်ဆံအိမ်လေး ။ သခင်လေးက မိန်းကလေးတစ်ယောက်လို လှပခြင်းမျိုးမဟုတ် (မိန်းမချောကို ပြောချင်တာပါ ) ယောကျာ်းဆန်သော လှပမှုမျိုးဖြစ်ပေသည်။ ဒီနေ့လဲ သခင်လေးက ကယ်လိုက်ပြန်ပြီ။
"မင်းအရမ်းနာနေလား "
အသက်ရှူသံလေးက ချန်ဖေးယွီနှင့်အနီးကပ်ဆုံး ၊ နားထဲသို့ စီးဝင်သွားသော နွေးထွေးမှုလေး ၊ အဆိုးဆုံးမှာ သခင်လေး၏ သင်းပျံ့ပျံ့ရနံ့ကြောင့် ပါးများ ပူရှိန်လာရသည်။
တစ်ခုခုဖြေရန်ကြိုးစားပေမဲ့ ပေါက်ထွက်မတတ် ခုန်နေသော ရင်ဘတ်ကြောင့် စကားများ ထစ်အကာ အသံပင်မထွက်။ ထို့ကြောင့်ခေါင်းသာငြိမ့်ပြဖြစ်၏ ။
"မင်းကို ဆေးဆရာဆီလိုက်ပို့ပေးမယ် "
"ကျေး.."
"မလိုဘူး ...နောက်တစ်ခါ ပြသနာထဲ မပါစေနဲ့ "
"ဟုတ် "
တစ်လှုပ်လှုပ်ရွေ့သွားသော ကျောပြင် သေးသေးနှစ်ခုအားကြည့်ရင်း နှုတ်ခမ်းလေးကော့တက်သွား၏ ။ အနီရောင်မျက်ဆံအိမ်လေးက ရွေ့လျားသွားသော လူနှစ်ယောက်အား သေချာစွာ စိုက်ကြည့်နေသည်။
"လော်သခင်လေး.... မင်းက ငါ့ဟာပဲ "
ထို့နောက် ဘေးနားမှ ချန်ဖေးယွီအား ကြည့်ကာ စဉ်းစားမိသည်က သူနှင့်ဘာလို့များ ရုပ်ချင်းအနည်းငယ်ဆင်နေရသည်လဲ။ ဒါလည်းတစ်ခုကောင်းသည် ၊ အသုံးချလို့ရတာပေါ့။
"သန့်စင်လွန်းတဲ့ ပန်းပွင့်လေးမို့ မင်းကို အခု လွတ်လပ်ခွင့်ခဏပေး ထား ဦးမယ် လော်ယွင်ရှီး... "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်သို့ဒုန်းဆိုင်းကာအမြန်ပြေးလာသော်လည်း မြင်လိုက်ရသည်က မြေပြင်ပေါ် လဲကျနေသည့်ချစ်ရသူ ။
"ရင်းရင်း "
"သ...သခင်မလေး "
"အဖေ...အမေ...ဘာလို့လဲ အမေတို့ ဖြစ်စေချင်တဲ့အတိုင်း လော်ယွင်ရှီး နဲ့ လက်ထပ်မယ်လို့ ကတိပေး ထားတယ်လေ...ဘာလို့ သူမကိုနှင်ထုတ်ဖို့ လုပ်တာလဲ "
"ဝမ်ရှင်းယွီ....နင်ရူးနေလား...ဒီအစေခံမက တစ်နေ့မဟုတ် တစ်နေ့ မင်္ဂလာပွဲကို ဖျက်မှာ.. နင့်ကို မြူဆွယ်နေတာ.. မိန်းကလေးချင်း ချစ်တာ ထုံးစံမရှိဘူး... သူမသာ မသွားရင် နင်က မင်္ဂလာပွဲပျက်အောင် ကြံစည်နေဦးမှာပဲ "
"အဖေတို့ ရှင်းယွီကို ငယ်ငယ်ကတည်းက ချုပ်ချယ်တယ် အဖေတို့ ဖြစ်ချင်တာပဲ သိတယ် ရှင်းယွီဘက်မစဉ်းစားပေးဘူး အခုရှင်းယွီအဖေတို့ ပြောစကားနားထောင်တယ်လေ...အနည်းဆုံးတော့ ရှင်းယွီအနားမှာ သူမကိုရှိစေချင်တယ် "
"မရဘူး...ဒီကောင်မလေး ထွက်သွားရမယ် မိစ်ဆာမ အခုသွားစမ်း! !."
"အမေ! !!!"
ရင်းရင်းကို မလွှတ်ပေးချင်ပါ ၊ အနည်းဆုံးတော့... အနည်းဆုံးတော့ သူမဘေးမှာ အမြဲ ရှိစေချင်သေးသည်။ ရင်းရင်းကို ဘယ်တော့မှ မလွှတ်ပေးတော့ဟု တွေးကာ ရင်ခွင်ထဲ တင်းကျပ်စွာ ဆွဲသွင်းမိ၏ ။
ကိုယ်ချစ်ရသူက မိန်းကလေးတစ်ယောက်ဖြစ်နေသည်နှင့် ထူးဆန်းသည်ဟု ထင်ကာ ခွဲရန်အတင်းကြိုးစားကြသည်။ ဝမ်ရှင်းယွီ..ဒီဝမ်အိမ်တော်ကြီးကို မုန်းသည်။
ဝမ်ရှင်းယွီဆိုသည့်သူမက ငယ်ငယ်ကတည်းမှ ဝမ်အိမ်တော်တွင် အချုပ်အနှောင်များနှင့်နေရသည်။ ပိုင်ဟွားမြို့ရှိ ချမ်းသာသော အိမ်တော်များထဲမှ တစ်အိမ်ဖြစ်သည့် ဝမ်အိမ်တော် သခင်မလေး ဖြစ်သည့်အလျောက် အများတကာ အားကျနေရသူဖြစ်၏ ။ သို့သော် အိမ်တော်အတွင်းမှ တင်းကျပ်လှသည့် သတ်မှတ်ချက်များကိုတော့ မည်သူမှမသိခဲ့ပေ။ ရှင်းယွီကို မောက်မာသည် ၊ ဒေါသကြီးသည်ဟု ထင်ကြသည်။ သို့သော် သူမ ထိုကဲ့သို့နေရခြင်းမှာ ကျပ်တည်းလှသော အစည်းအတားများကြောင့်ထွက်ပေါက်ရှာခြင်းပင်။ အဖေနှင့်အမေက တင်းကျပ်သော စည်းကမ်းများနှင့် အုပ်ချူပ်သည် ၊ လိုသလို ပုံသွင်းကာ ရုပ်သေးရုပ်ကဲ့သို့ ကြိုးဆွဲသည်။
သိက္ခာနှင့် ဂုဏ်ပကာသနကို ဦးစားပေးလွန်း၏ ။ ထို့ကြောင့် အစ်ကိုဖြစ်သူမှာလည်း အိမ်မှ ထွက်သွားသည်။ ဂီတ ပညာအား စိတ်ဝင်စားကာ ပါရမီ ထူးသည့် ဝမ်အစ်ကိုလေးအား တားမြစ်ကာ ချုပ်ချယ်သည့်အတွက် မခံနိုင်သောကြောင့် ဝမ်အိမ်တော်မှ ထွက်သွားခဲ့ပြီဖြစ်၏ ။ ဝမ်ရှင်းယွီ သည် မိန်းကလေး ဖြစ်သည်မို့ ပိုကာဆိုးသည်။
စိတ်ထွက်ပေါက်အနေဖြင့် သူမ၏ ဒေါသများကို တစ်ခြားသူထံ ဖွင့်ချပစ်တတ်သည်။ အလိုမကျမှုများအား သူများအပေါ် ပုံချပစ်လာသည်။ သို့သော် ထိုမိန်းကလေး...ရင်းရင်းဆိုသော သူမ တစ်ယောက်သာ ဝမ်ရှင်းယွီ၏ စိတ်အား နားလည်ခဲ့သည်။ သူမရောက်လာသည့်အချိန်မှစ၍ ရှင်းယွီတွင် အချိန်ကြာ ကွယ်ပျောက်နေသော အပြုံးများ ပြန်လည်ရရှိလာခဲ့၏ ။ မည်မျှပင်တစ်ခြားသူအပေါ်ကြမ်းတမ်းပါစေ... ရင်းရင်းအပေါ်တွင် နူးညံ့သည်။ တစ်ချိန်တစ်ခါမျှ ဒေါသမထွက်ဖူးခဲ့ပေ။  လှောင်အိမ်ထဲမှ ငှက်ကလေးအား ရင်းရင်းဆိုသော ချယ်ရီပန်းလေးက ကယ်တင်ခဲ့သည်။ သူမတစ်ဘဝလုံး ရင်းရင်းသာဖြစ်၏ ။
"အဖေ...သူမ မရှိရင် သမီး အသက်မရှင်နိုင်ဘူး "
"သခင်မလေး "
ရင်ခွင်ထဲမှ ချစ်ရသူက စိုစွတ်နေသော မျက်ဝန်းများနှင့်ကြည့်ကာ တိုးဖွဖွခေါ်၏ ။
"တောက်...... ဘယ်လို သမီးမျိုးမွေးထားရတာလဲ... ငါ့ဂုဏ်သိက္ခာကျတယ် "
အဖေက ပြောချင်စိတ်မရှိသဖြင့် ဝတ်ရုံလက်အား ခါကာ ရွံရှာသော အကြည့်နှင့် ကြည့်၍ ထွက်သွားတော့၏ ။
"ရှင်းယွီ.... ငါဒီမိန်းမကို ဒီမှာနေခွင့်ပြုတယ်..အဲ့အစား... နင်ငါတို့မိသားစုကို မျက်နှာမပျက်စေနဲ့ "
"ဟုတ်ကဲ့ပါ "
"ဟင်း.. "
ကြည့်နေသော အစေခံအချို့အား ရှင်းယွီ ပိတ်အော်ပစ်လိုက်သည်။
"နင်တို့ ထွက်သွားကြစမ်း! !!!!!"
အစေခံများမှာ ကြောက်သဖြင့် အလျင်အမြန်ထွက်ပြေးသွားကြ၏ ။
"ရင်းရင်း "
"သခင်မလေး... ကျွန်မ သာ ထွက်သွားရင် သခင်မကြီးတို့ စိတ်ချမ်းသာရမှာ... အခုတော့ သခင်မလေးအပေါ် အမြင်မကြည်ကြတော့ဘူး "
"မဟုတ်ဘူး...ရင်းရင်းမထွက်သွားရဘူး... ငါ့ဘေးကနေ ဘယ်မှ ထွက်သွားခွင့်မပြုဘူး ... ငါမုန်းတယ်..လော်ယွင်ရှီးကို..သူ့ကြောင့် "
"သခင်မလေး... အမုန်းတရားက ကိုယ်ကို ပိုပြီး အကျည်းတန်စေတယ်...သခင်မလေး လက်ထပ်သွားရင်တောင် ရင်းရင်းက ချစ်တာမို့လို့ သခင်မလေးအနားမှာ နေရရင်ကျေနပ်တာမို့ ကိစ္စမရှိပါဘူး... "
"ငါ့နားကနေ ဘယ်မှ မသွားပါနဲ့နော်...ရင်းရင်း "
"အင်းပါ....ကတိပေးပါတယ် "
သစ်ပင်ပေါ်မှ စိုက်ကြည့်နေသော မျက်လုံးတစ်စုံက ကွေးညွတ်သွား၏ ။ ထို့နောက် သူက ခပ်တိုးတိုးရယ်ကာ တစ်ကိုယ်တည်းဆိုလိုက်၏ ။
"အိုက်ယား...တကယ်ကိုချစ်ဖို့ကောင်းတဲ့ ပုံပြင်လေးပဲ...လော်သခင်လေးနဲ့ လက်ထပ်ရမဲ့ မိန်းမလှလေးက ချစ်တဲ့သူရှိနေတာပဲ...ဒါဆို ငါ့အတွက် ပိုလွယ်သွားပြီ.. ဟားဟား..သခင်ကလည်း အရင်ကလို သတို့သမီးရွေးပွဲလုပ်ပြီး လော်ယွင်ရှီးကို ရွေးချယ်လိုက်ရင် ရနေတာကို...အခုတော့.. "
တစ်ခုစဥ်းစားမိသောကြောင့်ရှက်ပြုံးပြုံးလိုက်၏ ။
"ဟုတ်သားပဲ...ယောကျ်ားသားတစ်ယောက်ကို သတို့သမီး ရွေးလို့မှ မရတာ.. အားဟားဟားဟား...နောက်ထပ် ပုံပြင်လေးကို ဒီက နတ်ဆရာမက ဖန်တီးပေးရမှာပေါ့...ဟားဟားဟား...အိုက်ယိုး "
ပင်စည်တွင်ကျောမှီကာ သစ်ကိုင်းတစ်ခုပေါ်သို့ ခြေတံသွယ်အားတင်ထားကာ အောက်ဘက်ရှိမိန်းကလေးနှစ်ယောက်အား ကြည့်နေသည်။ မျက်လုံးကြီးကြီးတွေနှင့် ထိုမိန်းမလှလေးက လော်လီပေါ်လပ်သော ပန်းနုရောင် ဝတ်ရုံပါးတစ်ထည်အား ပေါင်လည်အထိသာ ဖုံးအုပ်ထားသည်။
သူမ၏ ဆံပင်ကိုတစ်ချက်သပ်လိုက်ရုံနှင့် ပိုင်ဟွားနတ်ဆရာမအဖြစ်ပြောင်းလဲသွား၏ ။
____________________________________

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now