အပိုင်း _ ၁၉ (လှည့်စားခြင်းမိန်းမပျို )

2.6K 348 13
                                    

အပိုင်း _ ၁၉

လှည့်စားခြင်းမိန်းမပျို

(Unicode + Zawgyi Ver: )

ကြမ်းခင်းကြီးသည် အလယ်ဇုန်မှ အုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲသွားသောကြောင့် ကျူးယောင်ယောင်သည် လှည့်စားခြင်းမိစ္ဆာတစ်ကောင်အား လည်မျို ညှစ်လျက်သားပင် ထိပ်လန့်စွာ ကြောင်ကြည့်လိုက်ပေ၏ ။

အခြားလှည့်စားခြင်းမိစ္ဆာများသည်လည်း ထိုနည်းလည်းကောင်းပင် အတော်အတန် ငြိမ်သက်သွားပြီးခါမှ စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုလာကြသည်။

ဝူလေ့တို့ သုံးယောက် အပေါ်တက်လာသည့်အခါ၌ဝယ် အနှီ မိစ္ဆာများမှာကြောင်အမ်းနေခြင်းမှ ဒေါသအဟုန်ပြင်းထန်စွာဖြင့် တစ်ဟုန်ထိုးပြေးလာကြတော့၏ ။

လုံးထွေးကာ တိုက်ခိုက်နေကြသည်မှာသူတို့ အချုပ်ခံထားရကတည်းကဖြစ်လိမ့်မည်။

"မထူးတော့ဘူး....တိုက်... "

ဝူလေ့အော်ပြောလိုက်ကာ ပြေးလာသည့်မိစ္ဆာများအား စတင်တိုက်ခိုက်လေသည်။ မူလအသွင်ကွယ်ဝှက်ထားသေးသောကြောင့် မည်သူသည် ခေါင်းဆောင်ဖြစ်မည်မှန်း ခန့်မှန်းမရချေ။

"အဆောင်ပိုင်ရှင်ကို ရှာ!!!"

ချန်ဖေးယွီသည်ကား စားပွဲထိုးအယောင်ဆောင်မိစ္ဆာနှင့် တိုက်ခိုက်နေရင်း အော်ပြောလိုက်သတည်း။

ချွန်ထက်သော လက်သည်းကြီးများမှာကား သူ၏ မျက်လုံးကို ထိုးစိုက်မိမတတ်နီးကပ်လာပြီးကာမှ ထိုလက်ကို ဖမ်းချုပ်လိုက်သဖြင့် သီသီကလေးလွတ်၏ ။

လော်ယွင်ရှီး၏ ပတ်လည်၌ ဝိုင်းရံထားကြသောကြောင်​့ ထွက်လမ်းမရှိ ၊ သိုင်းကွက်များစွာ ဖလှယ်ကာ မိစ္ဆာများဆီမှ အစိမ်းရောင်အငွေ့များအား ရှောင်ရှားနေရသဖြင့် စကားပြောရန် အချိန်မရှိ။

သူတို့သည် တစ်ယောက်တစ်ကွဲစီ ဖြင့် များစွာသော မိစ္ဆာများကို တိုက်ခိုက်နေကြရ၏ ။

ဝူလေ့မှာမူ တစ်စုံတစ်ရာ မှားယွင်းနေမှန်းသိရှိလိုက်ပြီ ၊ ယခု မိစ္ဆာများသည် သူတို့ အတုပ်အနှောင်ခံရကတည်းက တိုက်ခိုက်နေကြတာဖြစ်မည် ၊ သို့ရာပေမူ မည်သူနှင့် ကတောက်ကဆဖြစ်၍နည်း။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now