အပိုင်း __၆ ( သူ၏နှလုံးသားအားလှုတ်ခတ်စေသူက သူ၏ကယ်တင်ရှင် )

7.1K 797 2
                                    

အပိုင်း __ ၆
သူ၏နှလုံးသားအားလှုတ်ခတ်စေသူကသူ၏ကယ်တင်ရှင်
ပထမပိုင်း

(Unicode Ver:)

နူးညံ့သိမ်မွေ့သော လေပြေနုနုကြောင့် တရုတ်ဇီးပင်ကြီးရှိ ပန်းပွင့်များမှာ အပင်အောက်ရှိ စားပွဲခုံပုလေးပေါ်သို့ ဖြေးညှင်းစွာ ကြွေကျကုန်၏ ။ ပျော်ရွှင်မြူးထူးစွာ ထိုပန်းပွင့်လေးကား ခုန်ပေါက်ကခုန်စွာ လေနှင့်အတူ ထပ်မံပျံသန်းရင်း ပုတုန်းရောင်ဆံကေသာပေါ်၌ အိပ်စက်လေသည်။ မင်ရောင်နက်နက်ဖြင့် အဖြူရောင်စာရွက်ပေါ်တွင် လှပသော လက်ချောင်းများက စုတ်တံအား နုရွစွာ ကိုင်တွယ်ရင်း ပန်းချီရေးဆွဲနေသည်။
နှဖူးပြင်ပေါ်သို့ တစ်စနှစ်စကျနေသော ဆံနွယ်များက မျက်ခုံးတန်းများနှင့် ခပ်ရှည်ရှည်မျက်လုံးတစ်စုံကို မဖုံးကွယ်ဝင့်ပေ။
ပန်းသွေးရောင် နှုတ်ခမ်းလေးအား ကော့တက်သွားရုံသာ ပြုံးလိုက်သည်။
တရုတ်ဇီးပန်းပွင့်များနှင့်ယှဥ်လျှင် ထိုလူသား၏ အလှမှာ ပန်းပွင့်ကလေးများကို ငိုစေနိုင်သည် ။
"ရှောင်ယွင်... "
မျက်လွှာချထားရာမှ ခေါ်သံကြောင့် လာရာသို့ကြည့်လိုက်သည်။
"အဖေ... "
အဖေက ကျောက်စိမ်းခွက်ထဲသို့ လက်ဖက်ရည်အားငှဲ့ကာ ပေး၏ ။ ထို့နောက် သက်ပြင်းချကာ စကားဆိုသည်။
"ရှောင်ယွင်... သားလေး... ဝမ်အိမ်တော်က သခင်မလေး ဝမ်ရှင်းယွီ ကို မှတ်မိလား တလောတုန်းက အလည်လာဖူးတယ်လေ "
"ဟုတ်ကဲ့ "
"သူမတောင်အခုဆို လှသွေးကြွယ်တဲ့ အပျိုလေးဖြစ်နေပြီရော "
လော်ယွင်ရှီး တစ်ခွန်းတစ်စမှ မပြောမိ အပြုံးနှင့်သာ တုန့်ပြန်သည်။
"သူမကို မင်းဘယ်လိုထင်လဲ..."
"ကျွန်တော်"
"မင်းနဲ့ သူမကို လက်ထက်စေချင်တယ် လူကြီးချင်းစကားဆိုပြီးပြီမို့ သူမကို သွားတွေ့သင့်တယ် "
"....... "
"ဒီနေ့ပဲ သူမကို သွားတွေ့သင့်တယ်လို့ထင်တယ်...ရှောင်ယွင် "
"ကောင်းပါပြီ "
လော်ယွင်ရှီး မည်သည့်စကားမျှ ဆက်မပြောရသေးခင် အဖေက ထွက်သွားလေပြီ ၊ လော်ယွင်ရှီး မိဘတွေ၏ ဆန္ဒကို ငယ်စဥ်ကတည်းမှ မငြင်းဆိုခဲ့ဖူးပါ သူချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မိဘစိတ်ချမ်းသာဖို့သာ အရေးကြီးသည်။ 
ဝမ်အိမ်တော်အား အလည်သွားခြင်းတွင် ဝေါ ယာဥ် ဖြင့်မသွားလို ၊ အိမ်တော်ထဲမှ အပြင်ထွက်ခဲလှသည့် မိမိအတွက် ပိုင်ဟွားစျေးထဲသို့လည်း လည်ပတ်ချင်သေးသည်မို့ ခြေလျင်သွားရန်သာ ခွင့်တောင်းလိုက်၏ ။သခင်ကြီးလော်မှာ သဘောမတူချင်တူချင်နှင့် ခွင့်ပြုရသည်။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now