အပိုင်း _၁၀ (ချယ်ရီပန်းလေးအား ကယ်ဆယ်ရန် မြေခွေးမိစ္ဆာနှင့် အပေးအယူ )

4.5K 513 3
                                    

အပိုင်း_ ၁၀

ချယ်ရီပန်းလေးအားကယ်ဆယ်ရန် မြေခွေးမိစ္ဆာနှင့် အပေးအယူလုပ်ခြင်း

(Unicode Ver: )

"တကယ်ကို နောက်တတ်တဲ့ကောင်လေး...ဝမ်မမလေးကို သွားနောက်မှတော့ အခု ခံလာရပြီပေါ့ ပိုင်ဟွားတစ်မြို့လုံး ဝမ်မမလေးရဲ့ဒေါသကို မသိကြတာလည်းမဟုတ်ဘူး..တော်ပါသေးရဲ့ လော်သခင်လေး ကူညီပေးလို့ပေါ့ နောက်မှဆို ဒီကောင်လေး ကြာပွတ်ဒဏ်ကြောင့် အသက်တောင်ပျောက်တာ ကြာရော "
ဆေးဆရာ၏ တစ်တွတ်တွတ် ပွစိစိ ပြောသံတွေက နားထဲ ဝင်တစ်ချက်မဝင်တစ်ချက် ၊ မျက်လုံးဖွင့်ချင်သော်လည်း နာကျင်မှုကြောင့် မျက်မှောင် ကြုံ့ထားမိ၏ ။
ဖေးယွီချန်တို့က မျက်နှာပွင့်သည့်အလျောက်  မသိသည့်သူရှားသည်ဟူသည့်အတိုင်းပင် ယခုတွင်မူလည်း ပိုင်ဟွားမြို့၏ နာမည်ကြီး ဆေးဆရာနှင့်လည်း သိနေပြန်ပါ၏ ။ ထိုဆေးဆရာကား လော်အိမ်တော်နှင့်ရင်းနှီးသည့်အလျောက် သခင်လေးလော်အား သိနေခြင်းမှာမူ အထူးအဆန်းမဟုတ်။
"သူ့ရဲ့ဒဏ်ရာက ဘယ်လိုလဲ အဆင်ပြေရဲ့လား "
"သခင်လေးလော် မစိုးရိမ်ပါနဲ့ ဒီခွေးကောင်လေးက ပေတိပေစုတ်လေးဗျ သာမန်လူဆို မမလေးဝမ် ရဲ့ လက်နက်ကြောင့် စုတ်ပြတ်သတ်လောက်တယ် ဒီငပေတူး​ကောင်ကတော့ အခုလောလောဆယ် ကျွန်တော် ဆေးထည့်ပေး ထား တယ် ဒဏ်ရာအရှိန်နဲ့ဖျားမှာစိုးလို့ ဆေးရည်ပါ ကျိုသောက်ဖို့ တစ်ခါတည်းထည့်ပေး ထား ပါတယ် "
ဆေးဆရာ က တစ်ခု စဥ်းစားသည် ၊ ထို့နောက် တွင် သူက ဆက်ပြော၏ ။
"​ဒါနဲ့ ကျွန်တော်မသိလို့ မေးပါရစေ ချန်ဖေးယွီက သခင်လေးနဲ့ ဘယ်လိုသိ... "
စကားမဆုံးခင် လော်ယွင်ရှီး နောက်မှ အစေခံ ၏ မျက်နှာထားကြောင့် စပ်စုသည်ဟု ထင်မည်ဆိုး၍ ဆက်မမေးဖြစ် ။ သို့သော် သခင်လေးကမူ အရိပ်အကဲ သိတာကြောင့် ပြုံးကာ ဖြေသည်။
"အရင်တစ်ခေါက်ကလည်း ပြသနာဖြစ်ဖူးတာမို့ သိတာပါ...သူအဆင်ပြေတယ်ဆိုတော့ ကောင်းပါတယ် ဒါနဲ့ သူတကယ် အဆင်ပြေမှာပါနော် "
ကုတင်ပေါ်တွင် အားလျားမှောက် အနေအထားဖြင့် မျက်လုံးစုံမှိတ်ကာ မျက်မှောင်ကြုံ့ထားသော ကောင်လေး၏ ဖြူဖျော့ဖျော့ မျက်နှာကြောင့် စိတ်အနည်းငယ် ပူမိတာတော့ အမှန်ပေ။ လော်ယွင်ရှီး ဆိုသည်လည်း အိမ်တော်ထဲမှ အပြင်သိပ်ထွက်လေ့မရှိသောသူ ၊ သို့သော် နှစ်ခါထွက်လျှင် နှစ်ကြိမ်နှစ်ခါစလုံး ထိုလူငယ်လေးနှင့် ဆုံရသည်ဖြစ်ကာမူ အနည်းငယ်တော့ ကျွမ်းဝင်မိသည်။ 
"ဒါဆို..ကျွန်တော် ပြန်လိုက်ပါဦးမယ် သမားတော် ဖန်း "
"ကောင်းပါပြီ သခင်လေး "
ကနဦး ကုတင်ပေါ် တွင် ဖြူဖျော့တော့နေသည့် အပေစုတ်လေးက ယခု မူ ထိုအသံကို ကြားသည်နှင့် ဆတ်ခနဲ ထ ထိုင်၏ ။
"သခင်လေး ​လော် "
ထွက်သွားမည့်ဆဲဆဲ သခင်လေးမှာ နောက်သို့ သမင်လည်ပြန်လှည့်ကြည့်သည်။
"အင်း.... "
တကယ်ဆို ပါးစပ်ဖျားက ကျေးဇူးတင်ပါတယ် ဟု စကားလေးသာဆိုရုံ ၊ သို့သော် ရင်ဘတ်နေရာက ဝုန်းဒိုင်းကြဲကာ ပေါက်ကွဲမတတ် ခုန်လှုတ်နေတာကြောင့် ပြောမည့်စကားက လည်ချောင်းဝကနေ ဆက်တက်မလာခဲ့။ တစ်ခုခုဆို ရှေ့ဆုံးက  နေ စကားများလွန်းသည့် ချန်ဖေးယွီက သခင်လေး လော်ကြောင့် ​ကြောက်ရွံ့ကာ စကားပြောရမည်တောင် ရင်ခုန်နေသည်တဲ့လား။
"ကျေး...ကျေးဇူးတင်ပါတယ် "
ပြောပြီးသည်နှင့်တစ်ပြိုင်နက် မျက်လုံးလေးများကွေးညွတ်သွား၏ ။ သူကိုယ်တိုင်ပင် ဘာကြောင့် ပြုံးမိမှန်းမသိ။
"သခင်လေး.."
"အင်း "
"ချန်ဖေးယွီ...ကျွန်တော့်နာမည်က ချန်ဖေးယွီ .."
ရဲတင်းစွာ နာမည်ကို သူသိစေရန် ထုတ်ပြောမိတ်ဆက်လိုက်ပြီ။ သခင်လေးက ညာဘက်ထောင့်မှ သွားစွယ်ပိကျိလေးပေါ်သည်အထိ ရယ်ကာ ခေါင်းငြိမ့်ပြပြီး ထွက်သွားတော့၏ ။ ရင်ခုန်ကာ ကျန်ခဲ့ရသူက ချန်ဖေးယွီ။
လော်ယွင်ရှီး ဆိုသည့် သခင်လေးလော်ကို စတွေ့ကတည်းမှ အစအဆုံး ချောမောပြေပြစ်မှုများကို သေချာသတိထားမိ၏ ။ ယခု နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သည့်အခါ ထွက်ပေါ်လာသည့် ညာဘက်ထောင့်မှ သွားစွယ်ပေါက်စလေးကိုတော့ အရင်တစ်ခါ ကတောင် သတိမထားမိခဲ့ပါပေ။ ယခုမူကား ထိုချစ်စရာကောင်းလှသည့် အစွယ်လေးက ချန်ဖေးယွီ၏ နှလုံးသားတွင် ငြိမ့်ညောင်းစွာ စိုက်ဝင်နေခဲ့ပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိသားစု၏ ထမင်းဝိုင်းက ယခုတွင် ခါတိုင်းထက်ပင် ပျင်းခြောက်ခြောက်နိုင်ကာ ကျောချမ်းဖွယ်အတိ။ အမေဖြစ်သူ၏ မောက်မာခက်ထန်သည့် မျက်နှာထားက သူမဘေးရှိ ကလေးမအား အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲကာ ခြေမှုန်းပစ်ချင်ပုံရသည်။ အဖေဖြစ်သည့် သခင်ကြီးဝမ်ကမူ ထမင်းဝိုင်းသို့ ခြေဦးတောင်မလှည့်ပါပေ။
တူနှင့်ကြ က်သား အမွှားအမျှင်လေးကို ယူကာ ပါးစပ်ဖျားနားပို့ရုံရှိသေး ၊ အမေက စကားပြောသဖြင့် လက်ထဲမှ တူအား သာသာ ချလိုက်သည်။ ရင်းရင်း၏ လက်တွေကိုတော့ တစ်ဖက်မှ တင်းကျပ်စွာ ဆုတ်ကိုင်ထားမိ၏ ။
"ရင်းရင်း..... "
သခင်မကြီး ဝမ်၏ ခေါ်သံက ရင်းရင်း တစ်ကိုယ်လုံးရှိ ကြ က်သီးမွှေးများကိုပင် ထောင်သွားစေသည်။
"ဟ..ဟုတ်ကဲ့ "
"နင်က ဘာလို့ ရှင်းယွီကို အဲ့လောက်ထိ တွယ်ကပ်နေရတာလဲ.. "
"အမေ!!!"
ရှင်းယွီ ဝင်တားပေမဲ့ အမေနှင့် ရင်းရင်း၏ တိုက်ပွဲ ကြားတွင် ဝမ်ရှင်းယွီဆိုသော သူမက အပြင်လူ သပ်သပ်သာ။.
"ကျွန်မ သခင်မလေးကို သဘောကျတယ် သူမ ကို ကျွန်မချစ်လို့ "
"ဟင်း... အရှက်မရှိလိုက်တာ... နင်ကတစ်ကယ်တော့ အရှက်မရှိတဲ့ မိန်းမပဲ နင့်လို အစေခံက သူမကို တွယ်ကပ်နေရုံနဲ့ ငါတို့အိမ်ရဲ့ မိသားစုဝင်ဖြစ်လာနိုင်တယ်လို့ ထင်လား "
"ရင်းရင်း အတွက် မလိုပါဘူး အစေခံတစ်ယောက်အနေ နဲ့ သခင်မလေးအနားမှာ နေရရင်ပဲကျေနပ်တာမို့.... "
"တိတ်စမ်း!! အဟက်...ဒါတွေက နင့်စကားတွေလေ ငါ့သမီးက နင် ပြုစားထားလို့ မသိပေမဲ့ သူမက မိန်းကလေးချင်းသဘောကျတယ်ဆိုကတည်းက ငါမယုံတာ ခနနေကျရင် နတ်ဆရာမ ရောက်လာလိမ့်မယ် နင်လိုမိစ္ဆာမ သာ ဇာတိပေါ်လာရင် ငါ့သမီးလဲ သိသွားလိမ့်မယ် "
" သခင်မကြီး.... "
"အမေ...ရင်းရင်းက မိစ္ဆာလဲမဟုတ်ဘူး...ဒါကသမီးရဲ့ရွေးချယ်မှု သမီးကိုယ်တိုင် "
ယခုအချိန်တွင် ထမင်းစားပွဲမှာ အထီးကျန်စွာ ဆုံညီလှသည့် မိသားစုကို စောင့်မျော်နေရရှာသည်။ မြေပြင်ပေါ်သို့ ပစ်လဲ သွားသည့် ဝမ်ရှင်းယွီ ၊ ရင်းရင်း၏ မျက်ရည်တွေက သခင်မလေးဝမ်ကို ပိုကာနာကျင်စေသည်။
"နင်က ငါ့သမီးလို့တောင် မခေါ်ထိုက်တဲ့ မိန်းမ... ရှက်ဖို့ကောင်းတယ် နင်လိုသမီးကို ငါ့လက်နဲ့ ရိုက်မိတာတောင် မတန်ဘူး "
သူမ၏ လက်ကို ကြည့်ပြီး ဝတ်ရုံလက်ကို ခါလျက် ထွက်သွားလေ၏ ။
"သခင်မလေး...အဆင်ပြေရဲ့လား...ရင်းရင်း တောင်းပန်ပါတယ် ရင်းရင်းကြောင့်..သ..သခင်မလေး "
"စကားဆက်မပြောနဲ့..ငါဘာမှ မဖြစ်ဘူး နင့်မျက်ရည်တွေတွေ့ရင် ဟောဒီပါးထက် ငါ့ရင်ဘတ်က ပိုနာတယ် မငိုနဲ့တော့ "
ရှင်းယွီ၏ မျက်တောင်ရှည်တွေက မျက်ရည်ကြည်များကြောင့် တစ်လက်လက် ၊ ရင်းရင်း၏ မျက်လုံးဝိုင်းကလေးများနှင့် အကြည့်ချင်းဆုံမိသည့်အခါ ဝမ်ရှင်းယွီ သူမ၏ ပါးစပ်ဖျားမှ စကားတစ်ခွန်းထွက်မိသည်။
"ငါတို့ ထွက်သွားကြရအောင်! !"
"သ..သခင်မလေး "
"ငါတို့အတူတူ ဒီလှောင်အိမ်ကြီးထဲက ထွက်​ေပြးရအောင် ငါဒီမှာမနေချင်တော့ဘူး ဘယ်လောက်ပဲ ငါစကားနားထောင်ထောင် ငါ့မိဘတွေက သူတို့ရဲ့ လောဘနဲ့ ဂုဏ်သိက္ခာတွေက လွဲရင် ဘာကိုမှ မသိကြတာမို့ ငါဆက်ပြီးသည်းမခံတော့ဘူး တူတူ ထွက်သွားကြရအောင် "
"ဒါ..ပေမဲ့"
"ဒါအမိန့်ပဲ...!! ရင်းရင်း ငါနင်နဲ့ မခွဲချင်ဘူး သူတို့တောင် သူတို့ဖြစ်ချင်တာ လုပ်တယ်ဆို ငါလဲ ငါဖြစ်ချင်တာ လုပ်ခွင့်ရှိမလား ဟင်
ငါလဲ လောဘ တက်ချင်တယ် "
"ကောင်းပြီ...သခင်မလေး ကျွန်မတို့ အဝေးဆုံးကိုထွက်သွားကြရအောင် "

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now