အပိုင်း _ ၁၇ ( ပဟေဠိ လှိုဏ်ဂူတံခါးနှင့် ပုံရိပ်ယောင်)

2.4K 342 10
                                    

အပိုင်း _ ၁၇

ပဟေဠိ လှိုဏ်ဂူတံခါးနှင့် ပုံရိပ်ယောင်

(Unicode + Zawgyi )

ဝူလေ့မှာ မျက်လုံးအမြင်တို့ ကြည်လင်လာခဲ့ချိန်၌ မျက်စိရှေ့တွင် မြင်နေရသည်မှာ ကြီးမားလွန်းလှစွာသော ဂူအပေါက်သုံးပေါက်ပေတည်း ။ လှိုဏ်ဂူပေါက် သုံးပေါက်မှာ မျက်စိရှေ့နေရာယူထားကြပြီး ဘေးနံရံများ မှာ ကြီးမားထူထပ်လှသော ကျောက်သားများနှင့် ပြုလုပ်ထားလေသည်။

"ငါဘယ်ရောက်နေတာလဲ.... ပန်းရနံ့ဆေးရည်..... သေချာပြီ...ငါ့ကို လှည့်စားထားတာပဲ "

တစ်ယောက်တည်းသာ ရှိသည့်အလျောက် ကိုယ့်ဘာသာမေး ကိုယ်တိုင်အဖြေရှာရတော့မည်။ 

ယခုအချိန်တွင် တစ်လမ်းတော့ ရွေးချယ်ရလိမ့်မည်မှာ အမှန် ၊
သူရွေးချယ်မိတာ မှန်ကန်လျှင် လွတ်မြောက်နိုင်တာ သေချာပါ၏ ။

ဆုံးဖြတ်ချက်ကို တိကျစွာ ချမှတ်ရန် လိုအပ်ပေမည် ၊ သို့မှမဟုတ်ပါက အချည်းနှီးသာ။ 

"သုံးပေါက်လုံးမှားနေရင်ရော.... "

သွားရန်ခြေလှမ်းစသော်ငြား ထိုအတွေးကြောင့် တုတ်တုတ် မလှုပ်နိုင်။

"အာ.... မသိတော့ဘူး....ဒီမှာ ရပ်နေလို့တော့ လွတ်မှာမဟုတ်လောက် "

မျက်လုံးစုံမှိတ်ကာဖြင့် လက်ယာဘက်ရှိ လှိုဏ်ဂူပေါက် ထဲသို့ ဝင်ချသွားတော့သည်။ မှောင်မဲ လွန်းသည့် ထိုအထဲ၌ အလင်းရောင်ဟူသည် နတ္ထိ။

ခြေစမ်း၍ သွားနေရသည်မို့ အန္တရာယ်က မည်သည့်နေရာမှ ပုန်းလျှိုကာ ကြိုဆိုနေမည်လဲ မသိနိုင်ပေ။

အထဲသို့ သွားလေ... ပိုသာ၍ မှောင်၍ သာ။

"......... "

ကျောက်သားနံရံများအား တစ်ဂျစ်ဂျစ်ဖြင့် ပွတ်ဆွဲနေသော အသံက နားပင်ကွဲထွက်လောက်သည်အထိ ဆူညံလွန်းလှသည်။ ယခုအချိန်၌ အလင်းရောင်မရှိ ၊ ဘာကိုမှ တိတိကျကျ မြင်နိုင်ခြင်းမရှိသည့်အတွက် ကျောချမ်းမိတာ ဧကန်။

ရုတ်တရက်ဆိုသလိုပင် ပုခုံးပေါ်သို့ ဆတ်ခနဲ တင်လာသော ခပ်အေးအေး အရာ။ စဥ်းစားနေရန်အချိန်မရှိ ၊ ဆွဲကိုင်လျက် ဖယ်ရှားသော်လည်း ထိုအရာမှာ လက်တစ်ခုဖြစ်သည်ကို အာရုံရမိသွားသည်။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now