အပိုင်း __ ၈.၁ (သခင်လေးရဲ့မင်္ဂလာသတင်း )

6.1K 696 5
                                    

အပိုင်း __ ၈.၁

သခင်လေးရဲ့ မင်္ဂလာသတင်း
(Unicode Ver: )

ပါးစပ်ဖျားတွင် မြက်ရိုးပိစိကိုကိုက်ကာ ပါးနားသို့ လက်သီးဆုပ်ထောက်ကာဖြင့် တွေးတောနေ၏ ။ ခြေထောက်တွေကို ချိတ်ကာ ထိုင်ရင်း ခြေဖျားလေးကို တစ်ငြိမ့်ငြိမ့်လှုတ်ခတ်နေ၏ ။ မျက်ဝန်းနှင့်အတွေးစိတ်ထဲပေါ်နေသည်က အပြာနုရောင် ဝတ်စုံနှင့်သခင်လေး ၊ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်နေသော လော်သခင်လေး ၊ ခေါက်ဆွဲအေးအား အားပါးတရ စားနေသော မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိ ပြုံးရယ်နေသော သခင်လေး.... စိတ်ထဲအတွေးထဲ တစ်နေရာလုံးတွင် လော်သခင်လေးသာ နေရာယူထားသည်။
"ဖေးယွီ....ချန်ဖေးယွီ!!!ဝေ့!!ခွေးကောင်လေး! !"
လွတ်နေသောပါးတစ်ဖက်ကို ဆွဲစိတ်ကာ ခေါ်တော့မှ သတိဝင်လာ၏ ။
"ဗျ..ဦးလေးထန်း "
"ခေါ်နေတာ ကြာလှရော...ဘာတွေ စိတ်လွင့်နေတာလဲ "
"........ "
" အသားနည်းနည်းသွားဝယ်ဦး "
"ဟုတ်ကဲ့ "
စျေးထဲ သွားရသည်မှာ ယနေ့တွင် တစ်မူထူးခြားနေသည်။ ဟိုနေရာ သည်နေရာ လူတစ်စုစုနှင့် တိုးတိုးပြောနေပုံအရ ကောလဟာလ သို့မဟုတ် သတင်းတစ်ခုခု ပြန့်ပုံရပြန်သည်။ ဒီတစ်ခေါက်ရော ဘာသတင်းများလဲ... သိချင်စိတ်ပြင်းပြလာရ၏ ။
သစ်သီးတုတ်ထိုးချိုချဥ်လေးကို လက်က ကိုင်ထားရင်း ပါးစပ်ထဲ ငုံတစ်ဝက်နှင့် ပင် အနီးနားရှိ လူတစ်စုဆီမှ စပ်စုလိုက်သည်။
"ရောင်းရင်းတို့...ဘာကိစ္စများဖြစ်လို့ တစ်ရုံးရုံးပြောနေကြတာလဲဗျ "
ဝဖိုင့်ဖိုင့် အသားခပ်ညိုညို လူကြီးက စပြော၏ ။
"လူငယ်လေး မင်းမသိသေးဘူးလား...လော်အိမ်တော်က သခင်လေးရဲ့ မင်္ဂလာသတင်းလေ"
ထိုလူကစပြောလိုက်သဖြင့် ကျန်သောသူများကနောက်မှ သံယောင်လိုက်လာ၏ ။
"အေးကွ...ဒီမိန်းကလေးကတော့တကယ်ကိုကံကောင်းတာပဲ "
"ဝမ်အိမ်တော်က သခင်မလေးမလား လိုက်ဖက်တာပဲဟေး "
"တကယ့်ကို နေနဲ့လ ရွှေနဲ့မြ ပဲ "
ထို့နောက် လူအများက ချန်ဖေးယွီအား ဂရုမပြုမိတော့ဘဲ သူတို့စကားနှင့် သူတို့သာ ဝိုင်းဖွဲ့ပြောဆိုကြတော့၏ ။
လက်ထဲမှ အနီရင့်ရောင် သစ်သီးတုတ်ထိုး ချိုချဥ်လေးမှာ အရသာပင်မရှိတော့ ၊ ပေါ့ရွှ​တ်ရွှတ်နှင့် ဖြစ်လာရသည်။ ချန်ဖေးယွီတို့ ကံကောင်းချက်ကတော့ ပထမဆုံး သဘောကျမိတဲ့ သခင်လေးတောင် မင်္ဂလာဆောင်တော့မယ်တဲ့လား။မိန်းမပျိုတွေ.. ပိုင်ဟွားမြို့၏ အလှပဂေးတွေ မြောက်များစွာရှိသည် ၊ နေ့စဥ်နေ့တိုင်းကြုံကြိုက်နေရသော ချစ်စရာမိန်းမငယ်လေးများလည်းရှိသည် ၊ မိန်းမလှများကိုလည်း မရိုးနိုင်အောင်မြင်နေရသည် ၊ သဘောကျဖူးသော မိန်းမများလည်း များစွာရှိ၏ ။ ထိုသူများ အိမ်ထောင်ပြုသွားသည် ၊ ချစ်သူရသွားသည်များကိုလည်း တွေ့ကြုံခဲ့ဖူး၏ ။
သို့သော် တစ်ယောက်တစ်လေမျှ ယခု တစ်ကြိမ်တစ်ခါ သာ မြင်ဖူး ၊ သိရှိခဲ့ဖူးသော လော်သခင်လေး လော်ယွင်ရှီး နှင့်မတူညီခဲ့ပါပေ။ ယခုမူ ထိုသူ၏ မင်္ဂလာဆောင် တော့မည့်သတင်းကြောင့် ရင်ထဲ ဟာတာတာနှင့် မရိုးမရွဖြစ်ရသည်။ဒီအတိုင်းပဲ သခင်လေးက အရမ်းလှလွန်းလို့ သတိလွတ်သွားရုံပါ.. ငါချန်ဖေးယွီက..တကယ်ကို..မိန်းကလေးတွေပဲ သဘောကျတဲ့သူ ၊ အခု လည်းဒီသတင်းကိုကြားကြားချင်းမို့ ​ကြောင်အမ်းသွားရုံပဲ ။
"ဟူး...... "
သက်ပြင်းရှည်ကြီးတစ်ချက်အား မှုတ်ထုတ်လိုက်ပြီး စိတ်သက်သာမှုရယူ၏ ။ သို့ပေသေါ်ငြား မည်သည့်အရာမှန်းမသိသော တစ်ဆို့မှုကြီးက ရင်ဘတ်ထဲတွင်ရှိနေသေးသည်။ မတတ်နိုင်သည့်အဆုံး နှဖူးပြင်ကို လက်နှင့်ဖွဖွ ထိမိတော့၏ ။
################################
ဖျားလျားချထားသော ပုတုန်းရောင်ဆံကေသာ ၊ ကပို့ကရို့ ဖရိုဖရဲ ဖြစ်နေသော်ငြား လော်သခင်လေး၏ ချောမောမှုကတော့ မှေးမှိန်မသွား ၊ ပုခုံးသားအထိ လျော့ရဲကျနေသော အညိုရောင် ဝတ်ရုံလေးအား လက်ချောင်းသွယ်သွယ်နှင့် ကိုင်ကာ ထိန်းထား၏ ။ မျက်လုံးတစ်စုံမှာမူ ဖြူဖွေးသော ပုခုံးဆီမှ ခပ်မှိန်မှိန် ပန်းပွင့်ပုံ အမှတ်လေးဆီသို့ ။ ထိုပန်းပွင့်လေးကမှိန်ပျပျ ပန်းနုရောင်လေးဖြစ်၏ ။ပြုံးသည်ဆိုရုံမျှသာ နှုတ်ခမ်း​ပါးလေးကို ကော့ညွတ်လိုက်သည်။
တံခါးခေါက်သံကြားသဖြင့် ပုခုံးသားထက်မှ အင်္ကျီကို ဆွဲတင်ကာ စနစ်တကျ ဝတ်ဆင်ပြီး မှ တံခါးဖွင့်ပေးဖြစ်သည်။
"ယွင်အာ... "
"အမေ.. "
"ဒီနေ့ ဝမ်အိမ်တော်ကို သွားရမယ် ရှင်းယွီလေးနဲ့ ဒီနေ့တော့ သေချာပေါက်တွေ့ရမယ် မင်္ဂလာရက်လဲ ရွေးပြီးပြီမို့... "
"ဟုတ် အမေ "
"ဟိုတစ်လောကလိုတော့ ရှင်းယွီနဲ့မတွေ့ခဲ့ဘဲမနေပါနဲ့ "
"စိတ်ချပါ သားအခုပဲ သွားလိုက်ပါ့မယ် "
အမေက အားမလိုအားမရ နှင့် ထွက်သွားရသည်။ တလောက ဝမ်အိမ်တော်ကို သွားခဲ့သည်မှန်ပေမဲ့ သခင်မလေးနှင့်မတွေ့ခဲ့ပေ ၊ ခေါက်ဆွဲအေးကိုအချိန်ကြာအောင်စားနေသည့်အပြင် ကိုယ်တိုင်လည်းတွေ့ချင်စိတ်မရှိသည်မို့ ဝမ်ရှင်းယွီ မရှိသောအချိန်နှင့်တည့်တိုးသွားသဖြင့်ပြန်လာခဲ့၏ ။
ယခုမူ အမေက စိတ်မချသောကြောင့် ဝေါယါဥ်နှင့်သာ သွားခိုင်းတော့သည်။

ကျိန်စာသင့် မင်္ဂလာဝတ်ရုံ (Completed )Where stories live. Discover now