Chapter - 4

8.5K 844 20
                                    

ကြိုး 💜

Chaptre - 4

စိမ်းစိမ်းစိုစို လယ်ကွင်းတွေ
တသွင်သွင် စီးနေတဲ့ စမ်းချောင်းလေး
ဟိုနား ဒီနား စားကျက်မြေ လေးတွေမှာ ရှိနေတဲ့
ဆိတ် အစုအဝေး နွားအစုအဝေးလေးတွေ
ဘဲကျောင်းနေကြတဲ့ ကလေးအချို့
ဒီလောက်ထိ လှပနေတဲ့ မြင်ကွင်းလေးက
ဘယ်ပန်းချီမှ ရေးလို့ကိုမမှီ

Xiao zhan ဒီတောင်ကုန်းလေးပေါ်မှာ ရောက်နေတာ နာရီဝက်မက ရှိနေပြီ
သူ့ကို ပြန်လာဖို့ ခေါ်နေသည့် အမား
၆ လ နေမယ်လို့ ပြောထားတာတောင်
၃ လပင် မပြည့်သေး ပြန်ခေါ်နေသည်
စစ်မြေပြင်မှာ ရောက်နေတဲ့ သူ
စစ်ဒါဏ်ကို ခံရတာ မထူးဆန်းပေမယ့်
စစ်ဖြစ်နေတဲ့ အသံကြားတိုင်း
Ph ဆက်လာတဲ့ အမား အသံ
ခုချက်ချင်း အထုတ်အပိုး ပြင်ပြီး
ပြန်ခဲ့တော့တဲ့
မလုံလောက်တဲ့ ဆေးတပ်သားတွေ
မလုံလောက်တဲ့ ဆရာဝန် တွေ
မလုံလောက်တဲ့ ဆေးအဖွဲ့တွေကို ထားပြီး
ပြန်သွားဖို့က Xiao zhan အတွက် လုံးဝမဖြစ်နိုင်
ဒါကြောင့် အမားနဲ့ အခြေအတင်း စကားအနည်းငယ် များရသည်
စိတ်ရှုပ်ရသည်
အမားတို့က နားမလည်ပေးနိုင်ဘူး
ထိခိုက်ဒါဏ်ရာ ရနေတဲ့ ပြည်သူတွေ
အသက်အိုးအိမ် များစွာ ပျက်စီးရတဲ့ မိသားစုတွေ
နေ့ချင်းညချင်း မိဘမဲ့သွားတဲ့ ကလေးတွေ
ခြေလက်တွေ ဆုံးရှုံးလိုက်ရတဲ့ လူသားတွေ
ခန္ဓာကိုယ် အပြည့်အစုံပင် မရှိတော့ပဲ
သေဆုံးသွားတဲ့ သက်ရှိတွေ
ဒီလူတွေက လည်း အမေ့သားလို သက်ရှိတွေဆိုတာ အမားမေ့နေတာလား...??
သူတို့လည်း မုန်းနေတယ် တိုက်ပွဲတွေကို
သူတို့လည်း ပြေးချင်နေတယ် စစ်နဲ့ဝေးရာကို
အမား နားလည်ပေးစမ်းပါ
အမား စာနာပေးစမ်းပါ

"ကျန့်ကော."!!

Xiao zhan နောက်ကျောဘက်စီမှ ထွက်လာတဲ့ အသံလေး
စဉ်းစားစရာ မလိုပါဘူး
ဒီမှာ သူ့ကို ကျန့်ကောလို့ ခေါ်တဲ့သူ တစ်ယောက်တည်းရှိနေတာလေ
Xiao zhan မခံမရပ်နိုင်အောင် ဝမ်းနည်းလို့ ကျနေတဲ့ မျက်ရည်များကို သုတ်ဖယ်လိုက်ရင်း
Wang yibo ဘက် လှည့်ကြည့်လိုက်သည်

"အင်း........ လောဝ်ဝမ်.."

Wang yibo သူ့ဘက်ကို လှည့်လာတဲ့ ကျန့်ကော မျက်နှာလေးကို ငေးကြည့်နေမိသည်
မျက်ရည်မခြောက်သေးတဲ့ မျက်ဝန်းလေးများ
ငိုထားသလား ကျန့်ကောရယ်
သူ တောင်အောက်ကနေ ကျန့်ကော ကိုကြည့်နေတာ ကြာပြီလေ
ဒါပေမယ့် တိတ်ဆိတ် နေတဲ့ ကျန့်ကော
အချန်ကြာသည် အထိ ပြန်ဆင်လာဖို့
မစဉ်းစား သလို ဖြစ်နေတာကြောင့်
သူ အပေါ်ကို လိုက်တက်ခဲ့ခြင်း ဖြစ်ပါသည်

ကြိုး  ( Completed )Where stories live. Discover now