Chapter - 22

7K 648 13
                                    

ကြိုး 💜

Chapter - 22

"ချင်းချင်း ငါ.."!!

"အကို နင် စိတ်မလှုပ်ရှားစမ်းပါနဲ့
စိတ်အေးအေးထား အကောင်းဆုံးကို ဆုံးဖြတ်ပြီးပြီပဲ ကောင်းတဲ့ အရာတွေအတွက် အကောင်းဆုံးကို ရင်ဆိုင်ကြရအောင်..."

"ဒါပေမယ့် အကို ကို.."!!

"အကို ငါနင့်ကို ဒီလောက်တောင် ရှင်းပြပြီးနေပြီနေပြီပဲလေ နင် သူ့ကို ဘာတွေ မတ်မောနေသေးတာလဲ သူတောင် နင့်ကို မမြင်ရလို့ ကန်းနေလို့ ထားသွားခဲ့တာလို့ကော  နင်မထင်ဘူးလား.....???
သူ ထွက်သွားခဲ့တာ ၆ လ ရှိပြီလေ
၆ လ အဲ့ ၆ လထဲမှာ
သူ နင့်ကိုတစ်ချက် နေကောင်းလား
Ph ဆက်မေးလား...???
အဆင်ပြေရဲ့လားဆိုပြီး သူဆက်သွယ်ခဲ့လား...???
သူနင့်ကို စိတ်ကုန်သွားတာလေ
သူနင့်ကို ထားပစ်ခဲ့တာလေ
နင့်လို မျက်ကန်းတစ်ယောက်ကို သူ့လို သူဌေးသားတစ်ယောက်က ရိုးမြေကျ ပေါင်းမယ်လို့ နင်ထင်နေတာလား..???
ပြီးတော့ နင်က ယောကျာ်း လေးလေ
တစ်ခြား ယောကျာင်္း တစ်ယောက်ရဲ့ သစ္စာ ရှိမှုကို လိုချင်နေသေးတာလား...???
အကို ငါတော့ လက်မခံဘူးနော်
ပြီး​တော့ ဆုံးဖြတ်ချက်  နင်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စ ဆိုပေမယ့်
ငါလည်း နင့်ဆုံးဖြတ်ချက်ကို ဝင်ပါရလိမ့်မယ်
ဘာလို့လည်းဆိုတော့ နင်က ငါ့ရဲ့ အကိုဖြစ်နေလို့...... !!!
နင့်ဆုံးဖြတ်ချက်ကို ငါဝင်ပါရလိမ့်မယ်
ငါ လက်ခံတယ်လို့ ပြောလိုက်တော့မယ်..."

ချင်းချင်းရဲ့ ပေါက်ကွဲ စကားသံတွေရဲ့ အဆုံး
တစ်ဖြေးဖြေးဝေးကွာသွားတဲ့ ခြေလှမ်းလေးများ ချင်းချင်းရယ် ....

အကို ဘယ်တွေရောက်လို့ ဘာတွေ လုပ်နေတာလဲ....??
ကျွန်တော့ကို Ph လေးတစ်ချက် ဆက်ဖို့တောင် မအားနိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာလား....???
ကျွန်​တော့ကို ထားသွားခဲ့တာတော့ မဖြစ်နိုင်ဘူးမလား...???
အကို မအားတာ နေမှာပါ
အကို ကျွန်တော့ကို ဒီလောက်ထိ ချစ်တာ

အကို ပြောစရာတွေအများကြီးရှိတယ်
ကျွန်တော့ကို မျက်စိခွဲပေးမယ့် အလှူရှင် ပေါ်လာတယ်လေ
ကျွန်တော့ကို တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် ရင်းရခဲ့တဲ့ ဒါဏ်ရာမလို့တဲ့ ပြန်မြင်အောင်ထိ တာဝန်ယူ ကုသပေးမယ်တဲ့
ဒါပေမယ့် ကျွန်တော် အခွဲချင်ဘူးအကို
ဘာလို့လည်း ဆိုတော့ ဒီနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံမှာတဲ့
ပြီးတော့ ပြန်လာစရာမလိုသေးအောင် အဲ့ဒီမှာ ပညာတွေသင်ရဦးမယ်တဲ့
ပြီးတော့ သူတို့ထားရာနေ စေရာသွားရမယ်တဲ့ သူတို့်ကောင်းကြိုးအတွက် ကျွန်တော့ကို
အကူအညီပြုနေတာ
ကျွန်တော် မလိုချင်ဘူး
ဒါပေမယ့် ချင်းချင်းက. ကျွန်တော်မျက်စိပြန်မြင်ရဖို့သာ အဓိက ဖြစ်နေတော့  ဘာပဲဖြစိဖြစ် ခွဲစိတ် ဖို့သဘောတူအောင် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ နားချနေတယ်အကို
ကျွန်တော် အကို့ကို တိုင်ပင်ချင်သေးတယ်
ဆက်သွယ်ချင်နေသေးတယ်
အကို ဘယ်တွေရောက်လို့ ဘာတွေလုပ်နေတာလဲ....???
ဆက်သွယ်ပေးပါ
ကျွန်တော့ကို တစ်ခါလောက်
ဆက်သွယ်ပေးပါ......

ကြိုး  ( Completed )Where stories live. Discover now