Chapter - 8

7.7K 737 30
                                    

ကြိုး 💜

Chapter - 8

"ကျန့်ကော အတွက်"

Xiao zhan လက်ထဲရောက်လာတဲ့ တောထဲမှာ အလေ့ကျ ပေါက်တဲ့ နေကြာပန်း ရိုင်းတွေ
Xiao zhan ပြုံးလိုက်မိသည်
ဒီပန်းကို လက်ထဲ ရအောင် ထည့်ပေးသွားတဲ့
Wang yibo လုံးဝ လုံးဝ မရိုးသားဘူး လေ
Xiao zhan ပန်းစည်းကြီးကို ကိုင်ပြီး
လူနာဆောင်ထဲ ဝင်လိုက်သည်

"ဒေါက်တာ ကို ဗိုလ်ကြီးက ပေးသွားတာလား..."??

မေးခွန်းလေးနဲ့ အတူ Xiao zhan ဘေးနား ရောက်လာတဲ့ မျန်မျန့်
Xiao zhan လောင်းလေးငြိမ့်ပြုံးပြလိုက်သည်

"သူ ဒေါက်တာ့ ကို ဖွင့်ပြောပြီလား..."?:?

Xiao zhan ခေါင်းလေး ခါပြလိုက်သည်

မျန်မျန့် မျက်နှာလေး ရှုံ့မဲ့သွားကာ

"ဖွင့်ကြ မပြောပဲနဲ့
လိုက်ပြီး ဂရုစိုက်နေသေးတယ်..."

ပွစိ ပွစိပြောပြီး လူနာတွေနား ပြန်ကပ်သွားတဲ့ မျန်မျန့်ကို ကြည့်ပြီး Xiao zhan ခေါင်းခါသည်
တစ်ကယ့် ကလေးစိတ်လေးနဲ့ သူနာပြုလေး
လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက
မျန်မျန့် သူ့ကို မနေနိုင်တော့စွာ
စကားတစ်ခွန်း ပြောလာခဲ့သည်
Wang yibo က သူ့ကို သဘောကျနေခဲ့သည်တဲ့
မဖြစ်နိုင်တဲ့ အရာမလို့ ခေါင်းခါလိုက်ပေမယ့်
အချက်အလက်ပြည့်စုံစွာနဲ့ ထောက်ပြလာတဲ့ မျန်မျန့် သူအံ့သြ စွာ ဘယ်ကသိတာလဲလို့ မေးကြည့်တော့ ဆေးဗိုလ်လေး ဟိုက်ခွမ်း နားကတဲ့ သူက ပြန်မေးမိတယ်
ယောကျာင်္းလေးချင်း သဘောကျလို့ရလား ဆိုတော့ ဆေးဗိုလ်လေးဟိုက်ခွမ်း ပြောပြထားတဲ့ စကားလုံးတွေ တစ်ခွန်းမကျန် ပြန်ပြောပြလာတဲ့ ကလေးမလေး
စောင့်ကြည့်နေပါတဲ့ wang yibo က တဲ့ ကျွန်တော့ကို အားလုံးထက် ပိုအရေးပေးပြီး တန်ဖိုးထားနေတာ
တစ်ရက် ဖွင့်ပြောလိမ့်မယ်တဲ့

တစ်ပတ်ရှိသွားပြီ
ဖွင့်မပြောသေးတဲ့ wang yibo
စခန်းတစ်ခုလုံးကတောင် သိနေပြီ
သူ ကျွန်တော့ကို သဘောကျနေတယ်ဆိုတာ
ကျွန်တော်လည်း ကျွန်တော့စိတ်ကို ကျွန်တော် ပြန်စစ်ဆေးကြည့်ခဲ့မိသည်
Wang yibo အနားရှိနေရင်ပျော်သည်
Wang yibo နဲ့တွေ့နေရရင် စိတ်လှုပ်ရှားသည်
Wang yibo အကြောင်း တွေးရင် ရင်ခုန်သည်
Wang yibo နားရောက်သွားရင်နွေးထွေးသည်
Wang yibo ကိုလည်း ကျွန်တော် သဘောကျသည်

ကြိုး  ( Completed )Место, где живут истории. Откройте их для себя