Chapter - 14

7.2K 713 14
                                    

ကြိုး 💜

Chapter - 14

Xiao zhan ခြေလှမ်းလေးများသည် မယုံကြည်နိုင်ခြင်း ဝမ်းနည်းခြင်း ကြေကွခြင်း ပြိုလဲမှုတွေနဲ့ ရှေ့က ချင်းချင်းလက်ကိုတွဲ ဆက်​လျှောက်နေတဲ့ ကလေးလေးကတော့
သိမယ်မဟုတ်ပေမယ့် နောက်ကလိုက်လာတဲ့ Xiao zhan ရဲ့ ခြေလှမ်းတွေက ယိုင်လဲမှုတွေနဲ့

"ဘယ်လိုဖြစ်သွားရတာလည်း ကလေးရယ်"

ရှုက်သံတိုးတိုးတဲ့ ဘေးက လက်ကို အားကိုတကြီး ဖမ်းဆွဲထားတဲ့ ကောင်ကလေး
ဒီဇာတ်လမ်းတွေ ပြောပြရမှာ ရှည်တယ်အကို
ပြေမပြချင်ဘူး ဝေးနေတာပဲ ကောင်းပါတယ်
ကျွန်တော့လို အလင်းကို မရနိုင်တော့တဲ့ အမှောင်ထဲက လူအတွက် အကို့လို ထွန်းလင်းနေတဲ့လမင်းလေးကို အနှောက်အယှက် မဖြစ်စေချင်ပါဘူး

အသံလေးကြားယုံနဲ့ အကိုဆိုတာ မှတ်မိတုန်းပဲ
ကမ်းပေးလိုက်တဲ့ လက်ကလေးကို
လာကိုင်လိုက်တဲ့လက်တစ်ဖက်ကို
ပြန်လွတ်ပေးလိုက်ဖို့ မဝင့်မရဲ ဖြစ်နေတုန်းပဲ
ဒါပေမယ့် ဖမ်းဆွဲထားဖို့က လည်း မဖြစ်နိုင်တော့ပါဘူးအကိုရယ်

"အကို တစ်ခုခုစားမလား ခုဏက ဘာမှ မစားပဲ ထလာရတာဆိုတော့လေ.."

ဘေးနားက ပြောလာတဲ့ ချင်းချင်းစကားလေး
Wang yibo ခေါင်းလေးငြိမ့်ပြသည်
သူမစားချင်တော့ပေမယ့် ချင်းချင်းရှိသေးသည်

ချင်းချင်းတို့ မနီးမဝေးမှာ ရှိနေတဲ့ ဆိုင်လေးထဲကို ဝင်လာခဲ့သည့် အချိန်ထိ နောက်က အကိုက လိုက်ခဲ့တုန်းပဲ

သူမ ဗိုက်မစာပေမယ့် ဆေးတွေသောက်နေရတဲ့အကို
ထမင်းကို ဟုတ်တိပတ်တိမစားတဲ့ အကို
တစ်ရက်တစ်ခြား ဖြူဖျော့ သေးသွယ်လာတဲ့အကို အတွက်
အစာအနည်းငယ်လောက်တော့ စားနေမှ ဖြစ်လိမ့်မယ်

"ထိုင်ပါ"

ချင်းချင်း အကို့ကို ထိုင်ဖို့ အဆင်သင့်လုပ်ပေးတော့ ဘေးနားမှာ အုံ့မိုးလာတဲ့ အရိပ်ကလေး
ချင်းချင်း တစ်ချက် မော့ကြည့်ပြီး ခေါင်းလေးငြိမ့်ပြလိုက်သည်

Xiao zhan ရဲ့ ခြေလှမ်းတွေဆိုတာ ခုချိန်မှာ ကလေးသွားရာ လှမ်းနစ်လျှောက် ထပ်ကျပ်မကွာ ခုလည်း ပါလာပြန်တယ်
ကလေးတို့ ဝင်ရာ ကော်ဖီဆိုင်လေးထဲ
သူရပ်လိုက်တော့ အံ့သြသလို မဖြစ်သွားတဲ့ ချင်းချင်းသည် တစ်ချက်သာမော့ကြည့်ပြီး ခေါင်းငြိမ့်ပြသည်
Xiao zhan သက်ပျင်းလေးချပြီး wang yibo ဘေးနားမှာ အသံတိတ် ဝင်ထိုင်လိုက်သည်
ချင်းချင်းလည်း အလိုက်သိစွာ မုန့်ယူပေးရန်
ကောင်တာလေးကို ထသွားလိုက်သည်

ကြိုး  ( Completed )Tempat cerita menjadi hidup. Temukan sekarang