Chapter - 13

7.1K 731 19
                                    

ကြိုး 💜

Chapter - 13

ဗိုလ်ကြီးက ကျွန်တော်တို့နဲ့ အတူ တိုက်ပွဲမှာ ရန်သူတပ်ဖွဲ့ကို နိုင်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် စစ်တပ်ကလည်း ဒေါက်တာတို့ပြန်သွားတော့ တပ်ကူလာတယ်လေ တပ်ကူတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရန်သူကို ခြေမှုန်းနိုင်ခဲ့ပါတယ်
အသေ အပြောက်လည်း များခဲ့ပါတယ်
တစ်ဖက်ကလည်း အင်အားကြီးတဲ့ တပ်ဖွဲ့ဖြစ်နေလို့ ကျွန်တော်တို့ စစ်တပ်ကလည်း အထိအခိုက်များခဲ့ပါတယ်
ဗိုလ်ကြီး အပါအဝင်ပေါ့ တစ်ဖက်က ရန်သူထောင်ထားတဲ့ လက်နက်ကြီးတွေက ကျွန်တော်တို့ နိုင်ဖို့ လက်တစ်ကမ်းအလိုမှာ မိုးပြိုသလို ကျရောက်ခဲ့ပေမယ့် ကျွန်တော်တို့ နိုင်ခဲ့ပါတယ်
တိုက်ပွဲပီးတော့ အားလုံး တပ်မတော်စစ်ဆေးရုံမှာ ကုသခံရပြီး
ဒါဏ်ရာတွေပျောက်ကင်းသွားတော့
တာဝန်ပြန်ထမ်းဆောင်ရပါတယ် ဗိုလ်ကြီးကတော့ သူ့ထိခိုက်မှုက ခေါင်းဖြစ်နေတဲ့အတွက် စိုးရိမ် စရာမရှိပေမယ့် တပ်ကနေ ဆေးမိန့်နဲ့ ထွက်ခွင့်ရသွားတယ်
ပြီးတော့ ဒေါက်တာရဲ့ လိပ်စာနဲ့ ဒေါက်တာ့ကို သွားရှာမယ်ဆိုတာ နောက်ဆုံးတွေ့ခဲ့ပြောခဲ့ နှုတ်ဆက်စကားပဲ

Xiao zhan ညက ဟိုက်ခွမ်း နဲ့ ကျန်းချန် ပြောပြတဲ့ စကားများကို ကြားယောင်ရင်း မျက်စိကို မှိတ်ချလိုက်သည်

မင်း ငါ့ကို လာရှာမယ်ဆိုပြီး
ဘယ်ရောက်သွားတာလည်း wang yibo
ငါ စိတ်ရှည်လာပြီနော်
မင်းကို မတွေ့ တွေ့အောင် ရှာပြီး
တွေ့ရင် တွေ့တဲ့နေရာမှာပဲ ကိုင်ပေါက်ပြစ်မယ်

"သူဌေး company ကို ပဲတိုက်ရိုက်သွားရမလား..."???

Driver စကားကြားမှ သတိထားမိလိုက်တဲ့ Xiao zhan
ဟုတ်သားပဲ သူ အခု ကားပေါ်မှာ ရောက်ပြီး
Company ကို သွားနေတာပါ့လား
Xiao zhan ခေါင်းလေး တစ်ချက် ငြိမ့်ပြလိုက်သည်
မျက်ဝန်းလေးမှ ကြွေလွင့်သွားတဲ့ မျက်ရည်တစ်စက်
ရင်နာလိုက်တာ wang yibo ရာ
မင်းငါ့နားကို မလာချင်လို့ ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်
မင်းကို ပြန်တွေ့ဖို့မပြောနဲ့ အရိပ်ကလေး တစ်ခု မဆိုထားနဲ့ သတင်းအစအနလေးပါ မတွေ့ရသေးတော့ ငါ့မျှော်လင့်ချင်တွေ တစ်ဖြေးဖြေး ယိုင်နဲ့ ရိုက်ချိုးခံနေရပြီ
ငါ ......ငါ

ကြိုး  ( Completed )Where stories live. Discover now