Chapter - 11

7.5K 723 18
                                    

ကြိုး 💜

Chapter - 11

အချိန်ကုန်တာ မြန်လွန်းတယ်ဆိုတာ အရင်က မထောက်ခံနိုင်တဲ့ ကျွန်တော်
ကိုယ်တိုင်လက်တွေ့ ခံစားလာရတဲ့ အခါ

"လောဝ်ဝမ် မင်းငိုနေတာလား.."??

"ငိုစရာလား ကျန့်ကောရာ
ကျန့်ကော အိမ်ပြန်ရမှာကို ကျွန်တော်က ပျော်ရမှာလေ မဟုတ်ဖူးလား...??
စစ်မြေပြင်က အန္တရာယ် များတယ်လေ
အိမ်ပြန်သွားရင် ကျန့်ကော အန္တရာယ် ကင်းပြီ ဒါကြောင့် စိတ်ပျော်ပျော်ထားပြီး ကောင်းကောင်ပြန်သွား.."

အချိန် ၆ လဆိုတာ ခဏလေးပါလား... ??
တာဝန်သိစွာ ရောက်လာပေမယ့်
အချိန်တန်တော့ ပြန်ရမယ်ဆိုတော့လည်း
ချဉ်နှောင်ထားတဲ့ သံယောဇဉ် ကြိုးတွေနဲ့
ဘယ်လို အားအင်တွေ နဲ့ ချစ်ရသူ
ကောင်လေးကို တစ်ယောက်တည်းထားရစ်ခဲ့ရမှာလဲ...???
မပြန်ချင်သေးဘူး
လွမ်းတဲ့ ဒါဏ်ကို မခံစားချင်သေးလို့
မခွဲချင်သေးဘူး
ချစ်ရသူနဲ့ ပျော်နေရတာ မဝသေးလို့
အတူ ရှိနေချင်သေးတယ်
မင်းရှိနေရင် ငါပျော်နေရတာမလို့

"ကျန့်ကော..ကျွန်တော်ခေါ်နေတာ ကြားလား..."??

Wang yibo ကို ငိုနေလား မေးပြီး မျက်ရည်ကျနေတာက Xiao zhan ပါ

"အင်း လောဝ်ဝမ်.."??

"ကျွန်တော့ ကို စိတ်မပူနဲ့လို့
ကျန့်ကောလည်း သိနေတာပဲ
ဒီမှာ က အချိန်တိုင်း တိုက်ပွဲတွေ ဖြစ်နေတာမှ မဟုတ်တာ
ဒါပေမယ့် စိတ်မပူနဲ့ တပ်ကူတွေရောက်လာပြီး
ဒီကောင်တွေကို အနိုင်တိုက်ပြီးရင်
ကျွန်တော်လည်း ဒီကနေ တပ်ရင်းကို ပြန်ရတော့မှာ
အဲ့အချိန်ရောက်ရင် ပြန်တွေ့ကြမယ်
မေ့မသွားနဲ့ ကျွန်တော့ကို စောင့်နေပေး.."

Xiao zhan ရင်ခွင်ထဲ တိုးဝင်ပြီး ပြောလာတဲ့ အကောင်ငယ်လေးကို
Xiao zhan တိုးပြီးတော့တာ ဖက်ထားလိုက်သည်

ဒီကောင်လေးနဲ့ တွေ့ရတာ ပျော်ပါသည်
ဒီကောင်လေးနဲ့ ချစ်ရတာ နောင်တမရဘူး
ပျော်ရွှင်မှုတွေပေးတယ်
စိတ်ချမ်းသာစေတယ်
ရင်ထဲမှာ နွေးထွေးတယ်
စိတ်ပေါ့ပါးစွာ ရယ်နိုင်ပြုံးနိုင်တယ်
ဒီကောင်လေးကို ကျွန်တော်ချစ်တယ်

ကြိုး  ( Completed )Όπου ζουν οι ιστορίες. Ανακάλυψε τώρα