Chapter - 12

7.3K 669 13
                                    

ကြိုး 💜

Chapter - 12

စက္ကန့် တွေ မိနစ်တွေ နာရီတွေ
ရက် ကနေ လပြောင်း
လ ကနေ နှစ်ပြည့်တော့မယ်
လောဝ်ဝမ် မင်း ဘယ်ကိုရောက်လို့ ဘာတွေဖြစ်နေပြီလည်း
ပြီးဆုံးသွားတဲ့ စစ်ပွဲမှာ အောင်နိုင်ခြင်းတွေနဲ့
ပြန်လာခဲ့တယ်ဆိုပေမယ့်
ငါ့ဆီကို မင်းမရောက်လာခဲ့ဘူး
ကိုယ်ရောင်ဖျောက်သွားတဲ့ မင်း
ငါလက်ကနေ လွတ်မယ်လို့ထင်နေတာလား...??
လွတ်မယ်ထင်ရင် ဆက်သာပြေး
ကိုယ်က ရေအဆုံး ကုန်းအထိ
လိုက်​နေမှာမို့လို့ပါ......။

"သား zhan အမားပြောသားပဲ
ဆရာဝန် အလုပ်ထက် ဒီလုပ်ငန်းက သားနဲ့ပို ကြိုက်ညီပါတယ်ဆိုတာ"

Xiao မားရဲ့ စကားကို Xiao zhan ခေါင်းလေးငြိမ့် ထောက်ခံလိုက်သည်
မား မှ မသိတာ ဒါဏ်ရာ ရနေတဲ့ ကျား က
တောထဲမှာ နေလို့အဆင်မ​ပြေတော့ဘူးလေ
ဒါဏ်ရာ သက်သာတဲ့ အထိ လုံခြုံမှု​ပေးနိုင်မယ့် ဂူတော့ ဝင်အောင်းရမှာပေါ့
နှလုံးသားကို ဒါဏ်ရာပေးသွားတဲ့
ငမိုက်သားကိုလည်း နယ်ပယ်ကျဉ်းတဲ့
ဆရာဝန်လောက ကနေ ဘယ်လိုရှာမလည်း
ခိုင်မာတဲ့ နယ်မြေမှာ အ​ခြေချရ​တော့မှာပေါ့

"သား နားလည်နေပါပြီ မား"!!

......................

ဆူညံနေတဲ့ night club အတွင်း ပွက်လောရိုက်နေတဲ့ ဂီတ သံများကြား

"Xiao zhan ငါဒီမှာ"

လက်လေးထောင်လာပြီး အော်လိုက်တဲ့ ဝိုင်းကို Xiao zhan လျှောက်သွားလိုက်သည်

"ရောက်နေတာ ကြာပြီလား.."??

"နာရီဝက်လောက်တော့ ရှိပြီ.."

Xiao zhan ခေါင်းလေးငြိမ့်ပြပြီး စားပွဲဝိုင်းလေးမှာ ဝင်ထိုင်လိုက်သည်

"သတင်း ဘာကြားလဲ..."???

"မင်း ပြောတဲ့ သူက အဲ့တိုက်ပွဲပီးတော့
တပ်ရင်းကို ပြန်ရောက်ခဲ့တယ်
ပြီးတော့ တပ်ကနေ ဆေးမိန့်နဲ့ နားခွင့်ရပြီး
တပ်ကနေ ထွက်ခွင့်ရသွားတယ်
ပြီးတော့ သတင်းက ပျောက်သွားတယ်..."

"ဘယ်မှာလဲ ရအောင် စုံစမ်းပေး.."

Xiao zhan ထိုလူလက်ထဲကို မရေတွက်နိုင်တဲ့ amounts ရေးထားတဲ့ ချက်လက်မှတ် တစ်စောင်ထည့်ပေးရင်း ပြောလိုက်သည်

ကြိုး  ( Completed )Where stories live. Discover now