Chapter - 16

7.3K 717 14
                                    

ကြိုး 💜

Chapter - 16

အိမ်ကိုမပြန်ချင်ဘူး
ကလေးနားမှာပဲ နေချင်သေးတယ်
ငြိမ်ငြိမ်လေးထိုင်ပြီး အသံထွက်ရာ လိုက်ပြီး နားထောင် စပ်စုနေတဲ့ ကလေးလေးကို ကြည့်နေချင်သေးတယ်
အသားမကျသေးတဲ့ အမှောင်ထဲမှာ သင်ယူစရာတွေများနေတဲ့ ကလေးလေး
အဲ့ဒါ ဘာအသံလဲလို့ ခဏ ခဏမေးနေတက်တဲ့ နှုတ်ခမ်းလေးကို ငေးချင်သေးတယ်
တစ်ခါတယ်လေ အားနာမှုလေးနဲ့ ချင်းချင်းကိုတောင်မခေါ်ပဲ လက်လေးနဲ့ စမ်းပြီး သန့်စင်ခန်းသွားတဲ့အချိန်လေး
ရှေ့ကနေ ကလေးကိုထိခိုက်နိုင်မယ့် အရာမှန်သမျှ လိုက်ဖယ်ပေးချင်သေးတယ်
ခဏတော့ စောင့်ပေးပါ ကလေးရယ်
အရာအားလုံး ဖြည့်ဆည်းပေးနိုင်တဲ့တစ်နေ့ကို
မကြာခင် ရောက်လာတော့မှာပါ

"သား မင်း company ကို သွားတာနောက်ကျတယ်နော်
ပြီးတော့ ဘယ်မှာအိပ်တာလဲ..??
အိမ်မှာလည်း မအိပ်ဖူး တိုက်ခန်းမှာလည်း မရှိဘူး company ကပြန်ရင် ဘယ်ရောက်ရောက်သွားတာလဲ.."??

စိတ်ပူတက်တဲ့ Xiao မား
တစ်ခုခုဆို သူ့ကို ကလေးတစ်ယောက်လို
စိတ်ပူစွာ မေးတက်သေးတယ်
Xiao ပါး ကတော့ ဖာတိဖာတာလေး တစ်ချက်သာ မော့ကြည့်ပြီး မနက်စာကို ပြန်စားနေခဲ့တယ်

"မားကလည်း ကျွန်တော်က ကလေးမှ မဟုတ်တော့တာ အပြင်မှာ ညအိပ်တာ စိတ်ပူစရာမှ မလိုတာ..."

"အေး သား zhan ရေ ကလေးမဟုတ်လို့ စိတ်ပူနေတာပေါ့ ကလေးဆို အိမ်ထဲက အိမ်အပြင် ပေးမထွက်ဘူး ခုဟာက ကလေးမဟုတ်ပဲ အပြင်မှာ လမ်းများနေလို့ မတော်တလျှော်တွေနဲ့ တွေ့သွားမှာဆိုးလို့ စိတ်ပူနေရတယ်.."

Xiao မားရဲ့ စကားကို Xiao zhan ခေါင်းလေးမော့ပြီး သဘောကျစွာရယ်တယ်

"စိတ်မပူနဲ့​တော့ မား​ရေ
မားသားက အများကြီး စဉ်းစားတွေခေါ်တက်လာပြီ.."

Xiao မားပါးလေးကို ဖွဖွနမ်းရင်း ထမင်းစားခန်းထဲမှ ထွက်သွားတဲ့ Xiao zhan ကို လိုက်ကြည့်နေတဲ့ Xiao ပါး

" မင်းသားက အပြင်မှာ မိန်းမရနေတာလား မသိဘူး " တဲ့

....................,

အပါး လက်နဲ့ရေးထားတဲ့ company မလို့ နောက်ကနေ နည်းလမ်းမှန်မှန် လိုက်ခဲ့ယုံနဲ့
အောင်မြင်မှုက ထိုးကျမသွားဘူး
Xiao zhan အတွင်းရေးမှူးမလေးလာပို့တဲ့
File လေးတွေကို စစ်ဆေးရင်း လက်မှတ် ထိုးပေးနေလိုက်သည်
အင်း ပြီးသင့်သလောက်တော့ ပြီးနေပြီ
Xiao zhan အခုအရမ်းကြိုးစားသည်
အလုပ်ကို ဘယ်တော့မှ အိမ်ယူသွားဖို့ မစဉ်းစားတော့ဘူး
ခုလည်း ရောက်ကတည်းက အလုပ်ထဲမှာ ခေါင်းထိုးထားတဲ့ Xiao zhan
နေ့လည် ထမင်းစားချိန်ကျော်နေပြီ
ထိုင်ရာက ထဖို့. မစဉ်းစားဘူး

ကြိုး  ( Completed )Where stories live. Discover now