Chapter - 17

7.3K 714 11
                                    

ကြိုး 💜

Chapter - 17

ငိုရှိုက်သံတိုးတိုးလေးနဲ့ အိပ်ပျော်နေတဲ့ ကလေးလေးက Xiao zhan ရင်ခွင်ထဲမှာ
တစ်ချက် တစ်ချက် တုန်တက်သွားတဲ့ ခန္ဓာကိုယ် လေးကို Xiao zhan တိုးပြီး ဖက်ထားလိုက်သည်

အိမ်မက်ထဲထိအောင် ဝမ်းနည်းနေတုန်းလား ကလေးရယ်

Xiao zhan ရင်ခွင်ထဲက အကောင်လုံးလေးရဲ့ မျက်ရည်မခြောက်သေးတဲ့ ပါးလေးကို အနမ်းလေးနဲ့ ထိတွေ့လိုက်မိသည်

တောင်းပန်ပါတယ် ကလေးရယ်
အကို စောစော ရှာမတွေ့ခဲ့လို့

နေ့လည်က ချင်းချင်းပြောပြခဲ့တဲ့ စကားလေးတွေက ရင်ထဲကို ဓားနဲ့ ထိုးခွဲခံနေရသလို ရင်နာလှပါတယ်

အကိုက တပ်ကနေထွက်ပြီး အိမ်ပြန်လာတော့ 10 ရက်လောက် အခန်းအပြင် မထွက်ခဲ့ဘူးတဲ့လေ
နောက်မှ သွေးအေးပြီး အပြင်ပြန်ထွက်လာပြီးပြောတဲ့ စကားလေးက
သူ့မျက်လုံးတွေ အရမ်းနာနေတယ်တဲ့
ဆေးခန်းသွားဖို့ပြောခဲ့တဲ့ စကားလေးကို ခေါင်းခါတဲ့ wang yibo
သူ့မျက်လုံးတွေက မကြာခင် အမြင်အာရုံတွေ ကွယ်ရတော့မယ်တဲ့
ဒါကြောင့် နေသားကျအောင် အမှောင်ထဲမှာ နေနေခဲ့တာတဲ့
ဒါပေမယ့် အားပေးစကား ပြောပေးခဲ့တဲ့ ချင်းချင်း သူမကလည်း မထင်ထားဘူးတဲ့​လေ
မိုးလင်းလို့ မျက်လုံးလေးများ ဖွင့်လာတဲ့ အကိုရဲ့ မျက်လုံး​တွေဟာ အမှောင်ထဲကို လုံးဝချက်ချင်း ကျရောက်သွားခဲ့တယ်ဆိုတာ

ရုတ်တရက် ကြီးဆိုတော့
အသားမကျသေးတဲ့ အမှောင်ထဲမှာ
အရမ်းကြီး ပြိုလဲခဲ့ရတဲ့ ကလေးလေး
သူဟာ စစ်ထွက် ဗိုလ်ကြီး တစ်ယောက်ဆိုတာကို မေ့ပြီး
ကလေးတစ်ယောက်လို အားငယ်စွာ
အရမ်းငိုနေခဲ့တယ်တဲ့

ရင်ဆိုင်ဖို့ အားအင်တွေ မရှိတော့လို့
လောကကြီးထဲမှာ အရှုံး​ပေးထွက်သွားဖို့ထိလည်း ကြိုးစားခဲ့တာတဲ့

မျက်ခြေမပျက် စောင့်ကြည့်နေတဲ့ ချင်းချင်း က လက်ဦးမှုရယူပြီး ဂရုစိုက်ပေခဲ့လို့ နောက်ဆုံး သူ့အခြေအနေ ကို လက်ခံပေးလာတဲ့ ကလေးလေး
ဘေးနားမှာ အားကိုး မပါရင် ဘာမှ လုပ်ရှားလို့မရတဲ့ ဘဝကြီးမှာ ချင်းချင်းသာ သူ့ရဲ့ အားကိုးရာလေးဖြစ်ခဲ့တယ်တဲ့

ကြိုး  ( Completed )Where stories live. Discover now