~ zawgyi ~
ဧပြီလရဲ့ခပ်နွေးနွေးနေရောင်နဲ့အတူတိုက်ခတ်လာ
တဲ့အေးစိမ့်စိမ့်လေးညင်းတွေကိုဖြတ်လာတဲ့
အဖြူရောင်စက်ဘီးလေးကဆာကူရာပင်ကြီးတစ်ပင်
အောက်မှာအခြေစိုက်တယ်Tokyoမှာကျောင်းတွေပြန်ဖွင့်ချိန်ဆိုနွေဦးဖြစ်တာမို့ကျောင်းဝန်းတစ်လျှောက်မှာရှိတယ်ဆာကူရာပင်
တွေမှာလှိုင်လှိုင်ဝေနေပြီဒီလိုအချိန်တွေဆိုရိပေါ်ကအတန်းချိန်တွေအားတာနဲ့ဆာကူရာပင်တွေအောက်မှာထိုင်ပြီး
တွေးရင်းငေးရင်းစာဖတ်လေ့ရှိတယ်အပင်အောက်မှာထိုင်ပြီးကြွေကျလာတဲ့ပွင့်ဖတ်
လေးတွေကိုထိုင်ကြည့်ရတာကိုလည်းရိပေါ်က
နှစ်သက်တယ်
ကဗျာတွေကိုမကြိုက်တတ်ပေမဲ့ခံစားချက်ကတော့
ကဗျာဆန်တယ်"ငါထင်သားပဲ ရိပေါ် ဒီမှာရှိနေမယ်ဆိုတာ"
ခပ်ချိုချိုအပြုံးလေးတွေနဲ့သူ့ရှေ့မှာရပ်လာတဲ့
ကောင်မလေးကိုပြန်ပြုံးပြပြီးတော့ပဲစီးကြို
လိုက်တယ်"အင်း လာလေမီနာ"
"အတန်းချိန်မရှိဘူးလား ရိပေါ်"
"အင်း နေ့ခင်းကျရင်တော့တစ်ချိန်ရှိတယ်"
"အာ ဘာလဲ အိမ်ကိုသတိရနေတာလား"
ဘေးချင်းကပ်ထိုင်နေရင်းပခုံးကိုတိုက်ပြီးမေးလာတဲ့
ကောင်မလေးကိုကြည့်ပြီရိပေါ်ပြုံးမိပြန်တယ်ဂျပန်မလေးမီနာကိုကပွင့်လင်းတယ်
သွက်သွက်လက်လက်ရှိပြီး
ချစ်ဖို့ကောင်းတာကြောင့်ကျောင်းကကောင်လေး
တွေကြားမှာအထိုက်အလျောက်တော့နာမည်ကြီးတယ်"အင်း ဒီလိုပါပဲ
မီနာရောအတန်းချိန်မရှိဘူးလား""ရှိတယ် မေမေကရိပေါ်ကိုမနက်ဖြန်အိမ်ကို
ထမင်းလာစားရင်းအလည်လာပါဦးဆိုပြိးခေါ်ခိုင်း
လိုက်လို့ အဲ့တာလာပြောတာ ငါသွားတော့မယ်"ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးရိပေါ်က
ကိုယ့်အလုပ်ကိုယ်အာရုံပြန်စိုက်တယ်~~~~
"ရှောင်ကျန့်ရေ လုပ်ပါဦးဟ အထဲကတစ်ယောက်
က မင်းရိုက်ပေးတဲ့ပုံကပဲလှပါတယ် မင်းနဲ့ပဲရိုက်
ချင်ပါတယ်တဲ့ သွားလိုက်ဦး"