.12.

1.8K 169 9
                                    

~ zawgyi ~

နွေရက်တွေကပူနွေးခြောက်သွေ့ပေမဲ့ပန်းနုရောင်
ချစ်ခြင်းတို့ကျဲဖြန့်ထားတဲ့အခါစိမ့်စမ်းရေလိုပဲ
အေးချမ်းတယ်။

ပန်းသွေးရောင်အေးမြပျော်ရွှင်ခြင်းတွေလွှမ်းခြုံထားတဲ့အဖြူရောင်တိုက်ပုလေးကထွက်ပေါ်လာတဲ့တံခါးခေါက်သံတစ်ခုနဲ့အတူခပ်ပြင်းပြင်းလေပူတစ်ချို့
ဝှေ့ရမ်းတိုက်ခတ်သွားတယ်။

နှစ်နှစ်နီးပါးဝေးကွာနေခဲ့ရတဲ့မိဘတွေကိုမြင်ရချိန်
မှာဝမ်းသာအာရပွေ့ဖက်လို့မကြိုဆိုနိုင်ခဲ့တဲ့သူ့ကို
ဘယ်သူကမှလဲအရေးစိုက်မနေခဲ့၊
ရုတ်တရက်ရောက်လာရတဲ့အကြောင်းအရင်းကို
သိပြီးဖြစ်တဲ့အခါငယ်စဉ်ကတည်းကမိဘ
စကားကိုနာခံတတ်သူပီပီ စကားတစ်ခွန်းတောင်မ
ဆိုနိုင်ပဲပေကျင်းကိုပြန်လိုက်ခဲ့ရတယ်။

"ကဲ အဲ့တာဆိုဒီညလိုအပ်တဲ့ပစ္စည်းတွေထည့်ထား
မနက်ဖြန်မနက် ငါနဲ့အတူပေကျင်းကိုပြန်မယ်"

စကားဝိုင်းတစ်ခုလုံးပြီးဆုံးသွားသည့်တိုင်အားလုံး
ကတိတ်ဆိတ်နေကြဆဲ

"ရှောင်းကျန့် သားလည်းလိုက်ခဲ့ရမှာနော်"

ပြောချင်တာကိုပြောပြီးပြန်ဖို့ထရပ်ပြီးတော့မှ
ရှောင်းကျန့်ကိုစောနကပြောနေတဲ့လေသံနဲ့မတူစွာ
ပဲနူးညံ့သယောင်လေသံတစ်ချို့နဲ့သတိပေးပြိး
ထွက်သွားတယ်။

ရှောင်းကျန့် ဘေးမှာထိုင်နေတဲ့မီနာ့ရဲ့လက်လေးတွေကိုအုပ်ကိုင်လိုက်တယ်။

"တကယ်ရောအဆင်ပြေရဲ့လား ညီမလေး
တကယ်လို့ညီမလေးသဘောမကျဘူးဆိုရင်
ကော ပါးကိုပြောကြည့်ပေးမယ်လေ"

ရှေ့ခုံမှာထိုင်နေတဲ့ဒေါ်လေးယွဲ့ကတော့မျက်ရည်တွေဝဲလို့ထထွက်သွားတယ်

"ဟင့်အင်း မလိုပါဘူး ကော
မီနာသူ့ကိုသဘောကျပါတယ်
တကယ်ဆို မီနာကအဖေ့ကိုတောင်ကျေးဇူးတင်ရဥိီး
မှာ နှစ်နှစ်ဆယ်စာအတွက်သူ့ကိုလက်ဆောင်
အဖြစ်ပေးလို့"

မီနာရဲ့မျက်ဝန်းထဲမှာလည်းမျက်ရည်တစ်ချို့ရစ်ဝဲ
နေခဲ့တယ်
သက်ဆိုင်ရမဲ့သူကချစ်ရသူဖြစ်နေတာကြောင့်ဖြစ်
နိုင်သလို
ဖခင်အရင်းကိုပထမဆုံးအကြိမ်အပြင်မှာမြင်ခွင့်ရ
လိုက်တာကြောင့်လည်းဖြစ်နိုင်တယ်

Spring in yoursHikayelerin yaşadığı yer. Şimdi keşfedin