.3.

2.8K 290 2
                                    

~zawgyi~

ဆာကူရာပွင့်ဖတ်တွေကျဲဖြန့်ထားတဲ့
ကျောင်းဝန်းကြီးကဒီနေ့မှာပုံမှန်ထက်
ပိုများတဲ့လူတွေလှုပ်ရှားသွားလာနေကြတယ်
ကျောင်းနှစ်ပတ်လည်ဖြစ်တာကြောင့်
ကျောင်းပြီးသွားတဲ့ကျောင်းသားဟောင်းတွေက
လည်းသူတို့ရဲ့ဆယ်ကျော်သက်အမှတ်တရတွေကို
ပြန်တူးဖော်နေကြပုံပဲ

ရိပေါ်တို့အဖွဲ့ကိုအားကစားဆရာက
စောင့်ခိုင်းထားတာကြောင့်
ဆရာ့အခန်းထဲမှာပဲစောင့်နေကြရတယ်
ဖုန်းကိုယ်စီနဲ့ကိုယ့်အလုပ်ကိုယ်ရှုပ်နေကြတာမို့
အခန်းကြီးကတိတ်တိတ်ဆိတ်ဆိတ်ပဲ

တစ်နာရီအထက်ဖြစ်လာတဲ့အခါမှာရိပေါ်ကငြိုငြင်
ချင်လာပြီ
အခန်းတံခါးဝနဲ့နာရီကိုတစ်ချက်စီကြည့်တယ်
နောက်ထပ်ဆယ့်ငါးမိနစ်အကြာမှာတော့
လွယ်အိတ်ကိုဆွဲပြီးထရပ်တယ်

"ရိပေါ် ဘယ်သွားမလို့လဲ"

"ဆရာ့ကိုငါနေမကောင်းလို့ပြန်သွားပြီလို့ပြော
လိုက်"

ရိပေါ်ကစောင့်ရတာတွေကိုမုန်းတယ်

~~~~

လည်ပင်းမှာကင်မရာလေးဆွဲပြီးဟိုဟိုဒီဒီဓာတ်ပုံ
လျှောက်ရိုက်နေတဲ့ရှောင်းကျန့်ကကျောင်းတုန်းက
အတိုင်းကောင်မလေးတွေရဲ့အာရုံကိုသိမ်းယူထား
တုန်းပဲ

ဆရာတွေအားလုံးနီးပါးရဲ့အချစ်တော်ဖြစ်ခဲ့တဲ့
ရှောင်းကျန့်ကနှစ်ပတ်လည်ပွဲအတွက်ဓာတ်ပုံရိုက်
ပေးဖို့တာဝန်ကိုလက်ခံရပြန်တယ်

တခြားသူ့လိုတာဝန်ကျတဲ့သူတွေလည်းရှိနေတာ
ကြောင့်အဓိကလိုအပ်သလောက်ရိုက်ပေးပြီးတာနဲ့
ကျောင်းကြီးရဲ့မပြောင်းလဲသေးတဲ့အငွေ့အသက်တွေကိုပြန်ခံစားကြည့်ဖို့ထွက်လာခဲ့တယ်

ဆာကူရာပင်တွေအောက်ရောက်တော့လစ်ထွက်
လာတဲ့သူ့ကိုပြန်အခေါ်ပါးတာမို့ရုံးခန်းတွေဘက်ကိုတပ်ပြန်ခေါက်ရတယ်

ဘက်စုံထူးချွန်ခဲ့တဲ့ရှောင်းကျန့်ကစာမှာတင်မဟုတ်
အားကစားမှာပါကျောင်းဂုဏ်ဆောင်ကျောင်းသား
တစ်ယောက်ဖြစ်ခဲ့တယ်

ကျောင်းပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲရှိတဲ့
အတွက်နည်းပြဆရာကဒဏ်ရာရထားတာကြောင့်
သူ့ကိုယာယီနည်းပြလုပ်ပေးဖို့တောင်းဆိုလာတဲ့
အခါရှောင်းကျန့်ကခေါင်းညိတ်လို့ကူညီပေးဖို့
လက်ခံရပြန်တယ်

Spring in yoursTempat cerita menjadi hidup. Temukan sekarang