.9.

1.8K 195 2
                                    

~ zawgyi ~

အေးစိမ့်စိမ့်လေညင်းလေးတွေနဲ့နေရောင်နုနုက
မနက်ခင်းအလှကိုဖော်ကျူးတယ်
ဝမ်ရိပေါ်တည်ရှိရာနှစ်ထပ်တိုက်ပုလေးအတွင်းမှာ
လည်း
ရိပေါ်ကဧည့်ခန်းကဆိုဖာပေါ်မှာခေါင်းအုံးဖက်
ပြီးအိပ်ငိုက်လို့
မီးဖိုခန်းထဲမှာတော့ရှောင်းကျန့်ကဝမ်ရိပေါ်စားဖို့
မနက်စာကိုဝင်ချက်နေတယ်
ဒီလိုပဲနွေဉ်ီးမနက်ခင်းလေးကပနံသင့်သင့်ရှိ
နေပါတယ်

"ရိပေါ် ရိပေါ် ခဏထပြီး မနက်စာစားဦးပြီးမှ
ပြန်အိပ်"

"ကျန့်ကော ဒီလောက်အစောကြိီးလာလုပ်မပေး
လည်းရပါတယ်"

တစ်ရေးနိုးပြီးငါးနာရ်ီလောက်မှပြန်အိပ်ပျော်သွား
တဲ့ရိပေါ်ကခြေထောက်နာနေလို့မလုပ်နိုင်မှာစိုး
လို့မနက်စာလာလုပ်ပေးတာဆိုပြီးမိုးမလင်းသေးဘူး
ရောက်ချလာတဲ့ရှောင်းကျန့်ကြောင့်အခုတော့
ဆိုဖာပေါ်မှာထိုင်ငိုက်နေရတယ်

တကယ်တော့ရိပေါ်ခြေထောက်ကခြေချော်ပြီး
နည်းနည်းလေးမြတ်သွားရုံပါပဲ
အဲ့တာကြောင့်မနေ့ညကတည်းကခြေထောက်က
အကောင်းပကတိလျှောက်နိုင်နေပြီ

"ကိုယ်က ရိပေါ်ခြေထောက်နာနေတော့
မလုပ်နိုင်မကိုင်နိုင်ဖြစ်နေမှာစိုးလို့ပါ"

အိပ်ချင်စိတ်မပြေသေးတဲ့ရိပေါ်ကခေါင်းပဲညိတ်ပြ
လိုက်တယ်

"လာ မနက်စာစားလိုက်ဦး ပြီးမှဆေးသောက်ပြီး
ပြန်အိပ် လေ့ကျင့်ရေးလည်းလာမနေနဲ့နားလိုက်
တော့ အရင်ရက်တွေကသေချာလေ့ကျင့်ထား
တာပဲ"

မျက်လုံးမပွင့်သေးတဲ့ရိပေါ်ကို
ရှောင်းကျန့်ကခပ်ဖွဖွပြုံးရင်းခေါင်းမဖြီးရသေးလို့
ပွနေတဲ့ဆံပင်တွေလက်ချောင်းလေးတွေနဲ့သပ်ချ
ပေးတယ်

ဘယ်လိုနှိုးနှိုးမျက်လုံးပွင့်မလာတဲ့ခွေးပေါက်လေးကို
နောက်ဆုံးတော့ရှောင်းကျန့်ကပဲအရှုံးပေးလိုက်
ရတာပါပဲ

နိုးရင်ချက်ပေးခဲ့တာတွေကိုသေချာစားဖို့မှာရင်း
အလုပ်ရှိသေးတာမို့ရှောင်းကျန့်ကပြန်ရတယ်

ရိပေါ်နိုးလာတော့နေ့ခင်းဘက်တောင်ရောက်နေပြီ
မို့စားပွဲပေါ်ကရှောင်းကျန့်ချက်ပေးခဲ့တဲ့ဟင်းတွေ
ကလည်းအေးစက်နေပြီ
အစားသေချာစားဖို့မှာသွားတဲ့သူကြောင့်
ရိပေါ်ကဟင်းတွေကိုပြန်နွေးပြီးမနက်စာနဲ့နေ့လည်
စာကိုတစ်ခါတည်းပေါင်းစားလိုက်တယ်

Spring in yoursWhere stories live. Discover now