.2.

3.5K 297 2
                                    

~ zawgyi ~

ရှောင်းကျန့်အရင်နေ့ကရိုက်လာခဲ့တဲ့ပုံတွေကို
ကွန်ပျူတာထဲထည့်ရင်းပြန်ကြည့်မိတယ်
နွေဦးရောက်မှတရှိန်ထိုးပွင့်တတ်တဲ့ရောင်စုံနွေဦး
ပန်းတွေကရှောင်းကျန့်သဘောအကျဆုံးအရာတွေ
ထဲကတစ်ခု

မောက်စ်ပေါ်မှာရွေ့လျားနေတဲ့လက်ချောင်း
ရှည်ရှည်တွေက အဝါရောင်nanohana
ပန်းခင်းကြီးစီမှာရပ်တန့်ကုန်တယ်

ကွန်ပျူတာစခရင်ပေါ်မှာတော့အဝါရောင်ပန်းခင်း
ကြီးအလယ်ကမျက်လုံးတွေမှိတ်လို့မွှေးပျံ့ပျံ့ပန်းရနံ့
တွေကိုခံစားနေတဲ့အဖြူရောင်အရိပ်ကလေးတစ်ခု
ကအခန့်သားကြီးစိုးထားတယ်

ဒီလိုနဲ့ပဲနွေဦးပန်းတွေပဲကြီးစိုးထားတဲ့ရှောင်းကျန့်ရဲ့
ဓာတ်ပုံဖိုင်လေးထဲမှာအဝါရောင်ပန်းခင်းကြီး
ထဲကခပ်ဖြူဖြူကောင်လေးတစ်ယောက်က
မတော်တဆ တိုးဝင်ပတ်သက်လာခဲ့တယ်

အဲ့ဒီအချိန်ကစပြီးတော့ရှောင်းကျန့်ကသူ့ရဲ့
အဖြူရောင်နွေဦးပန်းပွင့်လေးကို
လိုက်ရှာဖွေခဲ့တော့တာပဲ

~~~~

ရိပေါ်ဒီနေ့လည်းအရင်နေ့တွေလိုပဲဆာကူရာပင်
အောက်မှာထိုင်ရင်း
ဖတ်လက်စစာအုပ်ကိုဆက်တယ်

ရိပေါ်ကအမြဲတိတ်ဆိတ်နေတတ်တာမို့ဒီမှာနေလာတဲ့တစ်နှစ်ကျော်အတွင်းမှာအပေါင်းအသင်းများများ
စားစားမရှိ ရေတွက်ကြည့်မယ်ဆိုရင်လက်ငါး
ချောင်းတောင်မပြည့်
အရင်းနှီးဆုံးပေါင်းဖြစ်တာဆိုလို့မီနာတစ်ယောက်
သာရှိသည်
မီနာနဲ့ဆိုရင်တော့သူလည်းအနည်းငယ်တော့ပွင့်ပွင့်လင်းလင်းရှိနိုင်သည်
ဒါကြောင့်အနည်းဆုံးတော့ဟန်မဆောင်ပဲစိတ်ရင်းနဲ့ဆက်ဆံမိတဲ့တစ်ဦးတည်းသောသူလည်းဖြစ်သည်

"ရိပေါ် "

စာဖတ်နေတဲ့ရိပေါ်ဘေးကိုမီနာကဝင်တိုးထိုင်တယ်
မီနာကရိပေါ်ကိုတွေ့ချင်ရင်ဘယ်မှာရှာရမလဲဆိုတာ
ကောင်းကောင်းသိတယ်

"အင်း"

"ငါအပြန်ကျရင်ဝင်ဝယ်စရာတစ်ခုရှိလို့ အဲ့တာငါ
တစ်ယောက်တည်းဖြစ်နေလို့
နင်လိုက်ခဲ့ပေးပါလား"

Spring in yoursWhere stories live. Discover now