. 8 .

1.9K 201 2
                                    

~ zawgyi ~

နောက်နှစ်ရက်ဆိုရိပေါ်တို့ပြိုင်ပွဲစပြီဖြစ်တာကြောင့်
နည်းပြဖြစ်တဲ့ရှောင်းကျန့်ကအားလုံးလေ့ကျင့်ချိန်တွေတိုးလို့လေ့ကျင့်စေတယ်

အနီရဲရဲအားကစားဝတ်စုံလေးနဲ့ရိပေါ်က
ခပ်တည်တည်လေးနဲ့အာရုံစိုက်ပြီးကစားနေတဲ့ပုံ
လေးကရှောင်းကျန့်မျက်လုံးထဲမှာတော့
ပြင်းထန်တဲ့ချစ်ဖို့ကောင်းနေမှုလှိုင်းတဘိုးတွေ
ရိုက်ခတ်နေတယ်

"ရှောင်းရှောင်း  ကြည့်လှချည်လားဟ မျက်လုံးတွေ
လည်းသွားကပ်နေဉ်ီးမယ် "

ရှောင်းကျန့်ဘေးနေရာမှာဝင်ထိုင်ရင်းပြောလာတဲ့
အသံကရှောင်းကျန့်အတွက်တော့ရင်းနှီးပြီးသား
ဖြစ်တာမို့အထူးအဆန်းလုပ်မနေတော့ပဲ
အသံလာရာဘက်ကိုလှည့်ပြုံးပြရင်းနှုတ်ဆက်
လိုက်တယ်

"ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ ဆိုရာ
ဆရာခေါ်ထားတာလား"

"မဟုတ်ပါဘူး ငါ့ဟာငါကိစ္စရှိလို့လာတာ"

"အာ ငါကို့လွမ်းလို့ထင်လို့"

"နင့်ကိုလွမ်းနေမယ့်အစား ဆမ့်ကိုပဲတစ်ပတ်လောက်အဆက်အသွယ်ဖြတ်နေလိုက်တော့မယ်"

"ဟုတ်ပါပြီ ဆမ် ရောဘယ်လိုလဲ
အဆင်ပြေတယ်မလား မတွေ့ရတာတောင်ကြာပြီ"

"ဆမ် ကငါနဲ့အတူလာတာ ဟိုဘက်မှာဆရာနဲ့
စကားပြောပြိးကျန်နေခဲ့တယ် ငါကနင်ရှိတယ်ဆို
လို့ထွက်လာတာ"

"ဒါနဲ့ နေပါဦး ငါတို့ရှောင်းကျန့်ရဲ့တစ်ဖျက်ဖျက်
တောက်နေတဲ့မျက်လုံးတွေနဲ့အကြည့်ခံရတဲ့သူက
ဘယ်သူများပါလိမ့် ရှောင်းရှောင်းကငါ့ကိုတောင်
အဲ့လိုကြည့်ခဲ့တာမဟုတ်ဘူး"

ဂုတ်ကိုလက်နဲ့ပွတ်သတ်ရင်းရယ်နေတာက
ရှောင်းကျန့်ရှက်ရင်လုပ်လေ့ရှိတဲ့အမူအရာမို့
သူမပိုလို့ပင်သိချင်မိသည်

"ဟီး သူ့နာမည်ကရိပေါ်တဲ့ ငါလို့တရုတ်ကပဲ"

"အဲ့တာဆို ငါနဲ့မိတ်ဆက်ပေးဉ်ီးလေ ငါတို့
ရှောင်းကျန့်ရဲ့ကောင်လေးကိုငါတို့လည်းရင်းနှီး
ထားဖို့လိုတာပေါ့"

"အခုထိတော့မဟုတ်သေးပါဘူး ငါကသာ
ကြိုးစားတုန်း ဟုတ်တဲ့အခါကြရင်မိတ်ဆက်ပေး
မယ်"

Spring in yoursWhere stories live. Discover now