.10.

2K 200 3
                                    

~ zawgyi ~

ဒီနေ့ရိပေါ်တို့ပြိုင်ပွဲနေ့

အိပ်ယာနိုးနိုးချင်းအသည်းအသန်ယူကြည့်မိတဲ့ဖုန်း
မှာဘာတစ်ခုမှရှိမနေခဲ့တာကြောင့်စိတ်ကြည်လင်
မနေခဲ့

နောက်တစ်ခုကတော့ နည်းပြဖြစ်တဲ့ရှောင်းကျန့်ကို
အရိပ်အရောင်လေးတောင်မမြင်ရသေးတာကြောင့်
ပင်

ဒီနှစ်ချက်ကရိပေါ်ရဲ့မျက်ခုံးတန်းတွေကိုအလိုမကျ
မှုတွေနဲ့စုကျုံ့နေစေတာဖြစ်တယ်

ပွဲစတဲ့အချိန်မှာတော့ရိပေါ်ကပွဲအပေါ်မှာပဲအာရုံ
စိုက်ထားတယ်
ရိပေါ်တို့အဖွဲ့ကအားလုံးလူတော်တွေပဲစုနေတာမို့
တစ်ဖက်အသင်းကိုအနိုင်ရပြီး
နောက်ဆုံးပွဲစဉ်ကိုတက်ခွင့်ရခဲ့တယ်

ရိပေါ်ကတော့အားလုံးနည်းတူပျော်ရွှင်မနေဘူး
ပြီးပြည့်စုံတဲ့နေ့တစ်နေ့ကိုဖန်တီးပေးတဲ့
အရာတွေကလစ်ဟာနေတဲ့အခါတစ်နေ့တာဟာ
တကယ်ပဲကျက်သရေကင်းမဲ့တယ်

ဘာမဟုတ်တဲ့အကျင့်လေးတစ်ခုကရက်အနည်း
ငယ်အတွင်းမှာမသိမသာစွဲသွားတတ်တယ်
စောင့်ရတာကိုမုန်းတဲ့ကောင်လေးကတစ်စုံတစ်ခု
ကိုမျှော်ရတာကိုတော့အကျင့်ဖြစ်နေခဲ့ပုံပါပဲ

ဒီနေ့တော့စာတိုလေးတစ်စောင်တင်မဟုတ်ပဲ
အပြုံးလှလှနဲ့ကောင်လေးတစ်ယောက်ရယ်
ပန်းစည်းလေးနဲ့ကတ်ကလေးတစ်ခုပါ
ပေါ်မလာတဲ့အခါ
ပါးမို့မို့လေးတွေနဲ့အပြုံးလှလှလေးတစ်ခုလည်း
ကွယ်ပျောက်နေခဲ့တယ်

နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အပြင်တစ်ဖက်ကျောင်းက
ပြိုင်ရမဲ့အသင်းကလည်းတော်တဲ့သူတွေဖြစ်တာ
ကြောင့်နှစ်သင်းလုံးကလက်ရည်တူနေတဲ့အခါပိုလို့
ပင်ပန်းတယ် ပွဲစဉ်ပထမပိုင်းနားတဲ့အထိနှစ်ဖက်
လုံးကအမှတ်တူနေတာကြောင့်
ကြည့်ရှုသူတွေအတွက်တော့စိတ်ဝင်စားစရာ
ကောင်းတဲ့ပွဲတစ်ခုပဲ

ပွဲချိန်ပြီးခါနီးတစ်မိနစ်အလို
ရိပေါ်တို့ကိုတစ်ဖက်အသင်းကတစ်မှတ်အသာစီး
ရထားတယ်
စက္ကန့်နှစ်ဆယ်
ရိပေါ်လက်ထဲကိုဘောလုံးရောက်လာတယ်
ဒါကရိပေါ်တို့အသင်းရဲ့နောက်ဆုံးမျှော်လင့်ချက်
လည်းဖြစ်တယ်

Spring in yoursWhere stories live. Discover now