ဦးချစ်​သည်း 2

1.3K 74 0
                                    

လိုချင်​ခဲ့တာ သမီး​လေး
ရရှိလာတာက သား​လေး
သူ​လေးခမျာ ကံဆိုးရှာတယ်
Siwonရာ မင်းသား​လေးကအ​မေတူသား​ချော​လေးကွ
သူ့သား​လေးကိုမြင်​ရင်​ ဒီ​ကောင်​ဘယ်​​လောက်​ချစ်​ရှာမလဲ
ဘယ်​​လောက်​​တောင်​ ​ပျော်​​နေလိမ့်​မလဲ
ဖခင်​တစ်​​ယောက်​အ​နေနဲ့​ပေါ့
Yoonaကြ​တော့​ရော...။Yoonaလည်းအတူတူပဲ
သူမအသက်​အန္တရာယ်​ရှိတာသိလျက်​နဲ့သူမအသက်​နဲ့ရင်းပြီး
ဒီကိုယ်​ဝန်​ကို ရ​အောင်​လွယ်​ခဲ့တာ။
အခု​တော့ က​လေးက...။

"မင်း​သေလို့မဖြစ်​ဘူးက​လေးရယ်​မင်း​သေသွားရင်​မင်းအ​ဖေနဲ့အ​မေဘဝ ဘယ်​​တော့မှ​ပျော်​ရွှင်​​အေးချမ်း​တော့မှာ မဟုတ်​ဘူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်း​သေလို့မဖြစ်​ဘူးက​လေးရယ်
မင်း​သေသွားရင်​မင်းအ​ဖေနဲ့အ​မေဘဝ ဘယ်​​တော့မှ
ပျော်​ရွှင်​​အေးချမ်း​တော့မှာ မဟုတ်​ဘူး...
သူတို့အရမ်းခံစားရလိမ့်​မယ်
မင်းအသက်​ရှင်​မှဖြစ်​မယ်​ က​လေးရယ်​..."

တစ်​​ယောက်​တည်းအရူးလို​ပြောမိရင်း သူရူးရူးမိုက်​မိုက်​ပင်
က​လေးအား ​ရှေးဦးသူနာပြုနည်းဖြင့်​က​လေးအသက်​ရှူလာ​အောင်​လုပ်​​ပေး​နေသည်​။
လက်​​ချောင်း​လေးနှစ်​ဖက်​ဖြင့်​ က​လေးရင်​ဖက်​ကို ဖိ​ပေးသည်
နှုတ်​ခမ်းမှ​လေ အသွင်းအထုတ်​​လုပ်​​​​​​ပေးသည်
မှန်​တာ မမှန်​တာမသိ...
ဘယ်​သူ့ကိုမှလည်း ဒီလိုအသက်​ကယ်​မ​ပေးခဲ့ဖူးဘဲ
တစ်​​ယောက်​တည်း ဖြစ်​ချင်​ရာဖြစ်​​လျှောက်​လုပ်​​နေမိ၏
အ​သေ​လေး​မွေးလာသည့်​ က​လေး...
မွေးပြီးတာလည်း တစ်​နာရီ​ကျော်​ကြာ​နေပြီ။
ဒါနဲ့​တောင်​ က​လေးအသက်​ရှင်​ဖို့သူ​မျှော်​လင့်​​နေမိ​သေးသည်
သူရူး​နေပြီထင်​သည်​။တကယ်​​တော့...
သူ​သွေး​ကြောင်​​နေမိတာ
Singapore သို့အလုပ်​ကိစ္စပြဿနာအ​ရေးတကြီး​ပေါ်လာလို့ ကိုယ်​ဝန်​အရင့်​အမာနဲ့ဇနီးဖြစ်​သူကိုထားခဲ့ပြီး
အ​ရေးတကြီးထွက်​သွားခဲ့ရသည့်​ Siwonကိုဒီအဖြစ်​ဆိုးကြီး
မ​ပြောပြချင်​သလို Operation room ထဲက​နေအသက်​လုပြီးထွက်​လာမယ့်​ Yoonaကိုလည်း
က​လေးရဲ့အမင်္ဂလာသတင်းကို မ​ပြောပြချင်​​ပေ...
ထို့​ကြောင့်​လှုပ်​လှုပ်​ရှားရှားမဖြစ်​လာသည့်​ က​လေးအ​လောင်းအား သူရူးမိုက်​စွာအသက်​သွင်းမိ​နေခြင်း ဖြစ်​၏။
သို့တိုင်​ သူဘာလုပ်​လုပ်​၊ဘာ​တွေ​ပြော​ပြော က​လေးက
လှုပ်​ရှားမလာခဲ့ပါ...
စိတ်​ဓာတ်​ကျခြင်း
ရူးမိုက်​တာလို့ ကိုယ့်​လုပ်​ရပ်​အ​ပေါ်မချင့်​မရဲ​ဒေါသများဖြင့်
ခေါင်းက ဆံပင်​​တွေကိုSehunဆွဲဖွလိုက်​​မိသည်

ဒီ...ဒီိ...ဒီ
မတတ်​နိုင်​​တော့။
သူ့စိတ်​ကိုတင်း၍ ဖုန်း​ကောက်​ကိုင်​လိုက်​၏
"Hello Sehun မင်းကလည်းဖုန်းမကိုင်​ဘဲ
ဘာလုပ်​​နေတာလဲကွာ"
တဖက်​က Siwon၏အသံကသူ့အတွက်
မိုးကြိုးသံထက်​ပို​ကြောက်​ဖို့​ကောင်း၏
သူပြန်​ထူးဖို့အသံ​တွေဆွံ့အမိ​နေတုန်း ....။
"အဟင့်​...ဟင့်​...အူဝဲ ..အူဝဲ"
ဟင်း...။

သူ ပါးစပ်​အ​ဟောင်းသားဖြစ်​သွား၏
သရဲများထ​ခြောက်​သလားဟု က​လေးအားတအံတသြ
ငေးကြည့်​မိသည်​။က​လေးငယ်​​လေးသည်​ ခုနကအသက်​မဲ့
ငြိမ်​သက်​​နေခဲ့တာ သူမဟုတ်​သလိုပါးစပ်​​လေးအပြဲသားဖြင့်
မျက်​နှာအသားဆိုင်​​လေးများရှုံးမဲ့​နေသည်​အထိ
သူ့လက်​မအား တင်းတင်းဆုပ်​ကိုင်​ထားပြီး
ဒေါသတကြီး ငို​ကြွေး​လေ၏
"ဟား Sehun အဲ့ဒါငါ့သမီး​လေးအသံလား။
အဲ့ဒါ ငါ့သမီးလား ​ဟေ့ကောင်​​ပြောစမ်းပါကွ"
ငါ့သမီး​လေး ငို​နေတာလား~~~"

သူဝမ်းသာအားရစွာ မျက်​ရည်​​တွေဝဲမိကာ
"​ဟေ့​ကောင်​ မင်းသမီး​တော့မဟုတ်​ဘူး
မင်းသား​လေးကွ~~~"

"ဟာ ဟုတ်​လားအဲ့ဒါဆို သမီး​လေးမဟုတ်​ဘဲ
သား​လေး​ပေါ့ ​ပျော်​လိုက်​တာကွာ"

"သား...သား​ရေ၊ဟား..ဟား..သား​ရေ​ဖေကြီးပါကွ"

"အူဝဲ အူဝဲ"

"ဟား ...ဟား..၊အငိုသန်​လိုက်​တာကွာ
သား​ရေ ​ဖေ့ဂျစ်​တူး​လေး​ရေ"

ဖုန်းထဲကSiwon ကြည်​နူးဝမ်းသာရယ်​​နေသည်
သူလည်း ရယ်​​နေမိသည်
အငိုသန်​လှ​သော မင်းသားက​လေးဟာလည်း
သူတို့နှင့်​အပြိုင်​ ငိုလို့​ကောင်းဆဲ~~~
အဲ့လိုပဲ က​လေးရဲ့​မေ​မေလည်းသူ့သား​လေးရဲ့အသံကို
နားစွင့်​​နေမှာပါပဲ...


ဉ်ီးချစ်​သည်းWhere stories live. Discover now