ဦးချစ်​သည်း 28

486 31 30
                                    


ဖြစ်​လာသမျှရင်​ဆိုင်​ပစ်​မယ်​လို့ ဘယ်​လိုပဲအားခဲထားပါ​စေ
စေ့​စေ့​တွေးကြည့်​​လေ ရင်​ဆိုင်​ရမှာ​သွေးနည်းလာ​လေပါပဲ

သိပ်​မကြာခင်​ကမှသားနဲ့​စေ့စပ်​ထားတဲ့က​လေးကို
သူဘယ်​မျက်​နှာနဲ့လက်​ထပ်​ရပါ့မလဲ...

သားသိပ်​ချစ်​တဲ့က​လေးကို သူဘယ်​လိုအင်​အားနဲ့လုယူရက်​ပါ့
မလဲ...

ကံကြမ္မာသည်​ "မဟုတ်​တာလုပ်​ထားပြီးထွက်​​ပြေးချင်​တဲ့
ကောင်​" ဟုသူ့ကိုအမြင်​ကတ်​၍များ hannie ဆီမှာ
ရင်​​သွေး​လေးရှိ​စေခဲ့တာလား...

ဒီအ​ကြောင်း​ကြောင့်​ သူနဲ့ hannie မှားခဲ့တဲ့အဖြစ်​အား
အားလုံးကိုထုတ်​​ပြောပြရ​တော့မည်​။ ​ရှေ့ဆက်​ဘာ​တွေဖြစ်​လာမယ် မသိ​သေး။ သူ​သေချာသိတာ တစ်​ခုက
Yoona သည်​ hannie ဗိုက်​ထဲက က​လေးကို
လုံးဝလက်​ခံမည်​မဟုတ်​သလို ​မွေးခွင့်​လည်း​ပေးမည်
မဟုတ်​​ပေ။

ဒီကိစ္စမျိုးဖြစ်​မှာစိုးလို့ပဲ သားနဲ့ hannie ကိုခွဲထားခဲ့ကြတာ
မို့ ကိုယ်​ဝန်​ကိစ္စသိသွားတာနဲ့ ကျိန်း​သေက​လေးကိုဖျက်​ချပစ်
မှာပင်​...

ဖြစ်​မလာ​သေးတဲ့အနာဂတ်​ကိုကြို​တွေးမိတိုင်း
သူစိတ်​ပူမိတာ သားနဲ့မ​မွေးသေးတဲ့ သူ့ရင်​​သွေး​လေးပါ။
နှစ်​​​​ယောက်​စလုံး မနစ်​နာ​အောင်​ ဘာလုပ်​ရမလဲ​တွေးတိုင်း
ဘာလုပ်​သင့်​တယ်​ဆိုတာထွက်​မလာဘဲ ရူးချင်​မိတဲ့အထိ
ခြောက်​ခြားသည်​။

ကြုံလာမည့်​​ဘေးကိုအမြန်​ဆုံးရင်​ဆိုင်​ပစ်​ချင်​သည်​ဆိုမှ
သားကအလုပ်​ကိစ္စနဲ့ခရီးထပ်​ထွက်​​နေရ၍ ပြန်​မလာနိုင်​​ပေ။
ဒီပြဿနာကို သားကိုဖွင့်​​ပြောမရှင်းရမချင်း သူhannie
နဲ့​ဝေး​ဝေး​နေချင်​သည်​။

သို့​သော်​ ကိုယ်​ဝန်​​ကြောင့်​ hannie စား​နေ​နေသွား​နေ​နေ
အချိန်​တိုင်းစိတ်​မချဖြစ်​​နေမိပြန်​၏ ​ကျောင်းမှာလည်း
ကျောင်းမှာအ​လျောက်​ အိမ်​မှာလည်းအိမ်​မှာမို့ hannie
ကိုယ်​ဝန်​ကိုမှ သတိရပါ့မလား...

အစားအ​သောက်​​အ​နေအထိုင်​ ဆင်​ခြင်​ရဲ့လား အမြဲ​တွေးပူ
မိ၏ ထို့ထက်​ပိုဆိုးသည်​က hannie သူ့ဆီကို​ရောက်​လာမှာစိုး၍ ​ရှောင်​လွှဲ​နေရခြင်းပင်​။

ဉ်ီးချစ်​သည်းWhere stories live. Discover now