"အန်တီရေ...hannie သတိရလာပြီ
hannie နိုးလာပြီ..."မျက်လုံးဖွင့်လိုက်သည်နှင့် Minho အသံစူးစူးလေးက
နားထဲတိုးဝင်လာသည်။ Minho ကိုမျက်လုံးဖွင့်ကြည့်ရင်း
Minho လှည့်ကြည့်နေသည့်ဘက်ကို လှမ်းကြည့်မိလျှင်
မေမေဖုန်းကိုင်လျက် ဝရန်တာမှအထဲသို့ပြေးဝင်လာသည်။"သတိရပြီကိုရေ...သားနိုးလာပြီ"
ဖုန်းထဲကိုလှမ်းပြောပြီး hannie ဘေးမှာဝင်ထိုင်ကာ
နံဖူးကဆံပင်တွေကို သပ်တင်ပေး၏"သားဖေဖေ သားကိုအရမ်းစိတ်ပူနေတာ..."
ပြောပြီး ဖုန်းကို speaker ဖွင့်ပြီးဘေးမှာချထားကာ
hannie မျက်နှာကိုအကဲခတ်ကြည့်နေသည်။
hannie Hotel ပြန်ရောက်နေတာကို အံ့သြလျက်
ဦးကို ဝေ့ဝဲရှာနေမိသည်။Yoona မျက်နှာလေးချောင်ကျဖြူဖျော့နေသည့်
hannie အားအားမရသလိုလိုက်ကြည့်နေပြီး
မချင့်မရဲပြောမိ၏"သား သက်သာလား...နေလို့ကောင်းရဲ့လား
သားရယ် ကုန်းတစ်တန်ရေတစ်တန်သွားရတဲ့ခရီးကို
တစ်ယောက်တည်း ဘယ်သူမှမသိအောင်ပြန်ရတယ်လို့
မန်နေဂျာKim လည်းမသိ Sehun လည်းမသိနဲ့
ဘယ်သူမှမသိလိုက်ဘဲ တစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ..."ဦးက hannie တစ်ယောက်တည်းထွက်သွားတယ်လို့
ပြောထားတာလား....hannie မေမေစိုးရိမ်နေတာ စိတ်ပူနေတာကို
ဘာပြန်ဖြေသိမ့်ရမှန်းမသိ။ ကိုယ့်ကိုယ်ကိုယ်တောင်
ဘယ်ရောက်နေလဲ ဘာတွေဖြစ်သွားမှန်းမသိသေးဘဲ
ပြန်တွေးကြည့်နေရသည်မို့ မေမေ့ကိုဒီအတိုင်းငေးကြည့်
နေမိသည်။"သား...hannie ဖေဖေ့ဂျစ်တူးလေး
နေကောင်းရဲ့လားသား ...သက်သာလား..
ဖေဖေ့ကိုပြန်ပြောပါဦးကွ...""သားဖေဖေကို စကားပြောလိုက်ပါဦးသားရဲ့
သူအရမ်း စိတ်ပူနေတာ...""ဖေကြီး...."
"ဟား...ဟား..ဟား ခုမှပဲဖေဖေ့သားအသံကြားရတော့တယ်
ကွာ မနေ့ကကြားကြားချင်း ဖေဖေဘယ်လောက်စိတ်ပူနေလဲ
သိလား..သားမေမေက သားနှစ်ရက်လုံးလုံးသတိလစ်နေတာ
ကို ဖေဖေ့ကိုမပြောဘူး..."