ဦးချစ်​သည်း 8

486 37 0
                                    

hannie ​ကျောင်းဝတ်​စုံ​လေးဖြင့်​ ကား​ပေါ်ကဆင်းလာသည်​။ဆံပင်​အုပ်​အုပ်​က​လေးနှင့်​ ချစ်​စရာ​ကောင်းလို့​နေသည်​။သူတို့ မ​တွေ့ရတာ တစ်​လ​တောင်​ရှိသွားပြီ​လေ။
အ​ဒေါ် Yoona ပါကား​ပေါ်ကဆင်း၍ အိမ်​ထဲကထွက်​လာသည့်​ Junhan ကို့မြင်​လိုက်​ရ၍ ငဲ့ကြည့်​မိ၏

hannie Junhanကိုအိမ်​မလာခိုင်းတာ စာမသင်​​တော့ဘဲ စကားလုံးဝမ​ပြောတာ တစ်​လ​ကျော်​ကြာပါပြီ။
အရင်​ Junhan နဲ့အတူတူစာသင်​​နေကျကိုလည်း
ကိုယ့်​ဘာသာ ကျက်​​တော့မည်​ဟု ​ပြောသည်​။ Junhan
အိမ်​လာတာနဲ့ စာ​မေးပွဲမ​ဖြေပါဘူး​ပြော၍ Junhan မှာ
လာချင်​လျက်​ မလာဘဲ​ရှောင်​​နေ​ပေးရသည်​။ ဒီ​နေ့စာ​မေးပွဲ
နောက်​ဆုံး​နေ့ကြမှ ​ပေါ်လာ၏

"hannie စာ​မေးပွဲ​ဖြေနိုင်​လား..."

hannie ကပြန်​မ​ဖြေ။အန်​တီ Yoona နှစ်​​ယောက်​ကို
ဝေ့ကြည့်​ရင်း....

"​ညီအစ်​ကိုနှစ်​​ယောက်​ ရန်​ဖြစ်​မ​နေနဲ့​နော်​..."

hannie ကိုသတိ​ပေးသလိုမှာပြီး အ​ဒေါ် Yoona
အထဲဝင်​သွား၏ hannie ကအ​ဒေါ် Yoona ဘာ​ပြော​ပြော Junhan ကိုစိတ်​ဆိုး​နေဆဲမို့ Junhan ကို​တွေ့သည်​နှင့်​ နှုတ်​ခမ်းစူရင်း အိမ်​ထဲဝင်​ဖို့်ပြင်​သည်​။

Junhan က hannie ​ရှေ့မှာပိတ်​ရပ်​ပစ်​ပြီး....။

"hannie ကိုကို့ကိုစိတ်​​ကောက်​​နေတုန်းလား...
ကိုကိုလာရင်​ စာ​မေးပွဲမ​ဖြေ​တော့ဘူး ခြိမ်း​ခြောက်​ထားလို့သာ
မလာရတာ၊ ကိုကိုဘယ်​​လောက်​စိတ်​ပူ​နေလဲသိလား....
စာ​မေးပွဲ​ဖြေနိုင်​လား..."

"​ဖြေနိုင်​တယ်​...hannie အတွက်​ကိုကိုစိတ်​ပူမ​နေနဲ့
hannie ကိုယ့်​ဘာသာ​နေနိုင်​တယ်​...ကိုကိုမရှိလည်း
ဖြစ်​တယ်​သိလား..."

သူ့ကိုမြင်​ကတည်းက ငိုချင်​​နေသည့်​​ကောင်​​လေး စကားကို
အသံမပျက်​​အောင်​ထိန်း​ပြော​နေ​ပေမယ့်​ နှာသီးဖျား​လေး​တွေ
မျက်​ခမ်းစပ်​​လေး​တွေ နီလာတာကိုထိန်းမရ။သူ့ကို​ရှောင်​ဖယ်
ပြီး hannie အိမ်​ထဲဝင်​သွားဖို့ပြင်​​နေလျှင်​ သူ hannie
လက်​​လေးကိုဆွဲပြီး ခြံထဲကိုဆွဲ​ခေါ်လာမိသည်​။

ဉ်ီးချစ်​သည်းWhere stories live. Discover now