"ဦး.."
ဒိန်းခနဲ ပြင်းထန်ကျယ်လောင်သည့် မိုးခြိမ်းသံနှင့်အတူ
hannie မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် ပထမဆုံး
သတိရမိတာ ဦး...။ညက မျက်နှာကဒဏ်ရာတွေပြဖို့ ဆရာဝန်ပင့်ခိုင်းတာ
ဆရာဝန်က မုန်တိုင်းရှိနေလို့ လိုက်မလာနိုင်ဘူးဟုဆို၏
hannie တစ်ညလုံး ဦးသက်မှသက်သာရဲ့လား
ဒဏ်ရာတွေများ အရမ်းကိုက်ခဲနေမလားနှင့်စိတ်ပူပြီး
အိပ်လို့တောင် မပျော်။မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားပြီး မိုးသံကြောင့်
ပြန်နိုးလာတော့ မိုးလင်းနေပြီ...hannie အိပ်ရာကထပြီး ခပ်သွက်သွက်လေးပြင်ဆင်ကာ
ဦးအခန်းဘက်သို့ထွက်လာခဲ့၏ ဦးအခန်းရှေ့ရောက်တာနှင့်
ဦးလေး Kim နှင့်ဝန်ထမ်းနှစ်ဦးတို့ ဆေးနှင့်ရေခွက်
ကိုင်ထားသည့် ဗန်းလေးကိုကိုင်လျက် အခန်းထဲက
ပြန်ထွက်လာသည်နှင့် တိုး၏"ဦးလေး Kim....ဦးသက်သာလား"
"ကိုယ်ပူနေတယ်သား..ခုပဲဆေးတိုက်ခဲ့တယ်
ရေပတ်လည်းတိုက်ပေးခဲ့တယ်..သက်သာမှာပါ..."ကိုယ်တွေပူနေတယ်တဲ့...။
hannie အလွန်အမင်းစိတ်မကောင်းဖြစ်သွား၏
ညက လူလေးယောက် ဦးကိုဝိုင်းပြီးထိုးကြိတ်သတ်ပုတ်နေ
သည့်မြင်ကွင်းကို hannie မျက်လုံးထဲကဖျောက်မရသလို
ထိုအဖြစ်ကိုပြန်တွေးမိတိုင်း ဦးကိုသနားတဲ့စိတ်က
နင့်နင့်သီးသီး။ ဦးတော်တော်ခံလိုက်ရမှာ။အခုဖျားတာလည်း မျက်နှာကဒဏ်ရာတွေကြောင့်လား...
ရေစိုကြီးနဲ့အကြာကြီးနေခဲ့လို့လား...
ဘာကြောင့် နေမကောင်းဖြစ်ဖြစ် ဒဏ်ရာတွေနဲ့ဖျားတာနဲ့
ပေါင်းပြီး အရမ်းခံစားနေရမှာပဲ...။"ဦးလေး Kim...hannie ဦးကိုကြည့်ချင်တယ်"
hannie ကခွင့်တောင်းတာထက် အသိပေးသလိုပြောပြီး
အခန်းထဲ တန်းဝင်၏ အခန်းထဲရောက်သည်နှင့် hannie
အိပ်ပျော်နေသည့် ဦး ဘေးခုတင်ပေါ်ဝင်ထိုင်ပြီး
ဦးမျက်နှာပေါ်က အညိုအမည်းစွဲနေသည့် ဒဏ်ရာများအား
ငုံ့ကြည့်မိ၏