အော်တုန်းက အော်လိုက်ပြီးမှ တကယ်ဝမ်းနည်းသွားမှန်း
သိတော့လည်း မကြည့်ရက်နိုင်။မှန်ချပ်မှတစ်ဆင့် Han မြစ် နှင့် Soul မြို့လယ်ရှုခင်း
အားအဓိပ္ပါယ်မဲ့ငေးကြည့်နေမိတာ အချိန်ဘယ်လောက်ကြာ
နေပြီမှန်းမသိ။ရင်ဘတ်အပြည့်လေရှုသွင်းပြီး သက်ပြင်းမောချမိတာလည်း
ဘယ်နှကြိမ်ဘယ်နှခါမှန်းမသိတော့ပါ။ သူအိမ်မပြန်ဖြစ်တော့
တာ တစ်ပတ်ပင်ရှိတော့မည်။ လူကသာ အိမ်ပြန်မရောက်ပေမယ့် သူ့အတွေးထဲမှာ hannie ကတစ်မိနစ်တစ်စက္ကန့်
လေးတောင် ပျောက်ကွယ်မသွားခဲ့ပါ။မနက်ဖြန်ဆို သူအမေရိကားကိုထွက်သွားတော့မည်။
သူသွားမည့်အဖြစ်ကို Siwon လည်းမသိပါ။
သားလည်းမသိပါ။
Siwon ကိုလုပ်ငန်းတွေရောင်းထုတ်ဖို့တိုင်ပင်ထားပေမယ့်
ချက်ချင်းခရီးထွက်မဲ့ကိစ္စကိုတော့ သေချာမပြောပြဖြစ်ခဲ့ပေ။ထားလိုက်တော...
ဘာကြောင့်ပဲဖြစ်ဖြစ်...
ဘယ်သူတွေပဲ ဘယ်လိုထင်ကြပါစေတော့...
အရေးကြီးတာ သူဒီမှာဆက်ရှိမနေဖို့ပင်....တင်း....တောင်...
တစ်ယောက်တည်းအတွေးလွန်နေတုန်း Bell သံကြောင့်
သူ့မျက်ခုံးတို့ ခပ်တွန့်တွန့်ဖြစ်သွားသည်။
သူတစ်ခါတလေမှ လာနားတတ်သည့် ကွန်ဒိုပါ....
သားတစ်ယောက်ကလွဲပြီး ဘယ်သူမှမသိ။ဘယ်ကဧည့်သည်မှန်းမသိဘဲ Bell ဆက်တိုက်မြည်နေ၍
စိတ်အနှောင့်အယှက်ဖြစ်လျက်တံခါးဆီ ခပ်သွက်သွက်
လျှောက်သွားမိသည်။