ဦးချစ်​သည်း 5

597 51 0
                                    

တီ...။
နာရီမှနှိုးစက်​သံက တစ်​ခန်းလုံးဆူညံ​နေသည်​။
hannie နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေရာမှ
မျက်​ခုံး​လေး​တွေတွန့်​လျက်​ လူးလွန့်​လာ၏
အိပ်​ချင်​မူးတူးအသိဖြင့်​ ပထမဆုံး​ခေါင်းထဲ​ရောက်​လာသူက
ကိုကို...။

hannie မျက်​လုံး​လေး​တွေဖျက်​ခနဲပွင့်​လာသည်​။
အိပ်​ရာ​ပေါ်မှ​စောင်​နဲ့လုံး​ထွေးထရပ်​ပြီး တစ်​ဖက်​ခြံရှိ
သူ့အခန်းနှင့်​မျက်​နှာချင်းဆိုင်​အခန်းကို လှမ်းကြည့်​မိသည်​။
ပြတင်း​ပေါက်​ပွင့်​​နေ၏ ​သေချာပြီ...
ကိုကို Mina နဲ့သွား​တွေ့ဖို့ပြင်​ဆင်​​နေပြီ...။
hannie တစ်​​ယောက်​တည်း​နေရင်း နှုတ်​ခမ်း​လေးစူသွား၏ သူညအိပ်​ဝတ်​စုံ​လေးနှင့်​ပင်​ အခန်းထဲက
ပြေးထွက်​သွားမိသည်​။အခန်းတံခါးဖွင့်​လိုက်​သည်​နှင့်
မိုးလင်းတိုင်း  hannieကိုကိုယ်​တိုင်​ကိုယ်​ကျလာနှိုးတတ်​သည့်​​မေ​မေနှင့်​တန်းတိုး၏

"သား...hannie၊ဘယ်​လဲ..."
"ကိုကို့ဆီ သွားမလို့..."
"သားရယ်​...မျက်​နှာသစ်​​ရေမိုးချိုးပြီးမှ၊ဟဲ့....ဟဲ့
ချော်​လဲမယ်​​လေ သားရယ်​၊ခက်​​တော့တာပဲ..."
Yoona ​လှေခါး​ပေါ်မှ​ပြေးဆင်းသွား​သော hannieအား
စိတ်​မချဘဲ မျက်​စိတစ်​ဆုံးလိုက်​ကြည့်​ရင်း ကျန်​ခဲ့၏
hannie တစ်​ဖက်​ခြံထဲသို့ကူးလာရင်းအိမ်​ထဲဝင်​သည်​နှင့်
ကိုကို့ကို ​ဝေ့ဝဲရှာကြည့်​မိသည်​။

ကိုကို့ကို​အော်​​ခေါ်ဖို့စိတ်​ကူးက ဧည့်​ခန်းမှာဖုန်း​ပြော​နေသည့်
ဦးကို​တွေ့လိုက်​ရ၍ မ​ခေါ်ဖြစ်​​တော့​ပေ။

ဦးက သားအဖလို့အထူး​ပြောစရာမလို​အောင်​ကိုကိုနဲ့
တော်​​တော်​ကြီးကိုဆင်​တာပါ။ကိုယ်​လုံးကိုယ်​​ပေါက်
အရပ်​အ​မောင်း မျက်​နှာကျပုံကအစ ကိုကိုနဲ့ဦးက
တ​ထေရာတည်းပင်​...။နည်းနည်းကွာတာဆိုလို့ ကိုကိုက
အသားနည်းနည်းညိုချင်​ပြီး လက်​ပြင်​ကိုင်းချင်​သလိုလိုနှင့်
ပိန်​ရှည်​ရှည်​ဖြစ်​​နေသည်​။ဦးက ခန္ဓာကိုယ်​​တောင့်​တင်းပြီး
ရင်​အုပ်​ပိုကျယ်​သည်​။

။နည်းနည်းကွာတာဆိုလို့ ကိုကိုကအသားနည်းနည်းညိုချင်​ပြီး လက်​ပြင်​ကိုင်းချင်​သလိုလိုနှင့်​ပိန်​ရှည်​ရှည်​ဖြစ်​​နေသည်​။ဦးက ခန္ဓာကိုယ်​​တောင့်​တင်းပြီးရင်​အုပ်​ပိုကျယ်​သည်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဉ်ီးချစ်​သည်းWhere stories live. Discover now