မေးရင်ပြန်ဖြေ လိုအပ်ရင်ခေါင်းညိတ်ခေါင်းခါလုပ်ရုံထက်ပိုပြီး
ထမင်းစားရင်းစကားမပြောတတ်သည့် ဦးသည်
ခုလည်း ထမင်းစားခြင်းမှာ စိတ်နှစ်လျက် hannie ဆီသို့
ယောင်ယမ်းပြီးတော့တောင် လှမ်းကြည့်မလာခဲ့ပါ..။မနေ့ကကိစ္စကို ဦးစိတ်ထဲဘယ်လိုမှမနေဘူးလား..။
အတွေးနှင့်အတူ ထပ်ခိုးကြည့်မိတော့ ထမင်းကိုသေသေ
သပ်သပ်ဝါးနေသည့် နှုတ်ခမ်းတွေဆီမထင်မှတ်ဘဲ
အကြည့်ရောက်၏ဒါ မနေ့က ငါနမ်းခဲ့တဲ့နှုတ်ခမ်းလား...။
ဒိတ်ခနဲရင်ခုန်သွားသည့်နောက် ဖွေးလင်းနေသည့်မီးရောင်
အောက်မှာ သန့်ပြန့်ချောမောနေသည့်ဦးမျက်နှာအား
သတိလက်လွတ်ငေးကြည့်မိသည်။
ခပ်တိုတိုဆံပင်တို့ နယ်ကျူးနေသည့်နားထင်နှင့် လေးထောင့်ဆန်ဆန်နဖူး တိုစိပ်စိပ်မျက်တောင်တို့ ဝန်းရံထား
သည့် စူးရှသောမျက်လုံးများမှ နှာတံစင်းစင်း။
ပြီးတော့ အထူအပါးညီပြီး ပီရိသေသပ်သည့်နှုတ်ခမ်းတစ်စုံ..။"hannie..."
"ဟင်.."
ကိုကို့ခေါ်သံကြောင့် hannie သတိဝင်လာ၏"hannie..ဖေဖေ hannie ကိုတစ်ခုခုဆူထားလို့လား"
ဇွန်းခပ်ရင်းကိုင်ထားသည့် Sehun ၏လက်တွေတုံ့ဆိုင်း
သွား၏တစ်ချိန်လုံး သူ့ကိုကြည့်နေမှန်းသိလျက်နှင့် မျက်လုံး
ချင်းမဆုံအောင် ကြိုးစားနေခဲ့သမျှ hannie ထံအကြည့်က
ထိန်းမရသိမ်းမရ ရွေ့လျားသွားသည်။hannie ကအောက်နှုတ်ခမ်းလေးဖိကိုက်ထားလျက်
Junhan ကိုလှည့်ကြည့်ပြီး ယောင်နနလေးခေါင်းခါ၏
ထိုအခါကြမှ ဟူးခနဲသက်ပြင်းချရင်း ရေခွက်ကိုလှမ်းယူ
သောက်မိသည်။
မလွယ်ပါလား...၊တကယ်ဆို မနေ့ကကိစ္စက သူ့ခေါင်းထဲမှာမရှိတော့ပါ
မိသားစုနှစ်စုညစာစားမယ်ဆိုပြီး စားဖြစ်ခါမှ hannie က
သူ့ကိုတကြည့်ကြည့်လုပ်လာသည်။ကြည့်ရုံပဲမဟုတ်
အပြစ်တင်သလို မကျေနပ်သလို နှုတ်ခမ်းလေးပင်
စူနေသေးသည်။မသိရင် သူ့မှာပဲအပြစ်ရှိနေသလိုလို...။