part 5

11.1K 1.1K 21
                                    

❤Unicode

"ရိပေါ်..ရိပေါ်..ထ..ထ.မျက်နှာသစ်၊ ကျောင်းသွားဖို့ပြင်တော့၊ မိုးလင်းနေပြီ...''

"အင်း...ခဏလေး 5 mins..ပဲ..''

"မင်းမထဘူးလား..၊ အဲ့ဒါဆိုငါမစောင့်တော့ဘူးနော်..၊ ငါဘာသာငါပဲသွားတော့မယ်..''

"အာ...ထပြီဝက်ကလေးရာ တစ်ယောက်တည်းမသွားနဲ့ ငါ့ကိုစောင့်ဦး..''

"အဲ့ဒါဆိုမြန်မြန်လုပ်၊ ငါမနက်စာပြင်ထားလိုက်မယ်..''

ရှောင်းကျန့်,ရိပေါ်အားခေါ်နှိုးပြီး မနက်စာပြင်လိုက်သည်။ ခဏကြာတော့ ရိပေါ်က ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ကာ သူ့နားကို ရောက်လာ၏။

"ရိပေါ်..မနက်စာပြင်ပြီးပြီ..၊ မင်းစားရင်စားနှင့်နော်၊ ငါရေချိုးလိုက်ဦးမယ်..''

"အင်း..သွားချိုးလေ ငါစောင့်နေမယ်၊ တူတူစားရအောင်..''

"အေး..အဲ့ဒါဆိုစောင့်နေ..၊ ငါမြန်မြန်ချိုးလိုက်မယ်..''

ရှောင်းကျန့်ရေချိုးခန်းထဲဝင်သွားတာနဲ့ ရိပေါ် ကျောင်းဝတ်စုံတစ်စုံထုတ်ကာ စောင့်နေလိုက်သည်..။ ယုန်ပေါက်မှာ ကျောင်းဝတ်စုံတစ်စုံသာရှိတာကို အရင်နေ့တွေထဲက ရိပေါ်သတိထားမိသည်။

အဲ့ဒါကြောင့် ယုန်ပေါက်ကို အလုပ်လိုက်ပို့တဲ့ညတည်းက တစ်ခါတည်း အသစ်ဝယ်လာခဲ့ပေးလိုက်၏။ ယုန်ပေါက်တွေ့ရင်တော့ သူ့ကို အားနာနေတော့မှာ..။

ခဏကြာတော့ ယုန်ပေါက်က တစ်လှုပ်လှုပ်နဲ့ ရေချိုးခန်းထဲက ထွက်လာလေသည်။

"ဝက်ကလေး..ရော့..ဒီဝတ်စုံဝတ်လိုက် မင်းရဲ့ကျောင်းဝတ်စုံက ဟောင်းနေလို့ ငါအသစ်ဝယ်လာတာ..''

"အကုန်ခံလို့ရိပေါ်ရာ..၊ငါ့ဝတ်စုံလေးနဲ့လည်း အဆင်ပြေပါတယ်..''

"ရပါတယ် ဒါလေးပဲဝတ်လိုက်နော်၊ ပြီးရင်မနက်စာစားမယ်..၊ငါဗိုက်ဆာနေပြီ..''

"အေး..အေး..ငါဝတ်လိုက်မယ်..''

ရှောင်းကျန့်ကျောင်းဝတ်စုံဝတ်ပြီးသည်နှင့် နှစ်ယောက်သားမနက်စာတူတူစားလိုက်ကြသည်..။ ထို့နောက် လွယ်အိပ်ထဲသို့စာအုပ်ကိုယ်စီထည့်ကာ ကျောင်းသွားဖို့ပြင်လိုက်သည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now