part 15

6.7K 494 13
                                    

❤Unicode

မျက်နှာပေါ်ဖြာကျလာတဲ့ နံနက်ခင်းရဲ့နေရောင်ခြည်နဲ့အတူ ဝမ်ရိပေါ်ရဲ့နေ့သစ်ကိုသာသာယာယာပဲစတင်သည်..။ ချစ်ရသူကိုရင်ခွင်ထဲမှာထွေးပိုက်ရင်း သူ့ရဲ့ကိုယ်သင်းရနံ့လေးနဲ့ ရိပေါ်ရဲ့မနက်ခင်းဟာပြည့်စုံသည်..။ ရင်ခွင်ထဲသို့ပိုမိုတိုးဝင်လာသောယုန်ပေါက်ကြောင့် ရိပေါ်ပိုတိုးလို့ဖက်ထားမိသည်..။

"ကိုကို..နိုးနေတာကြာပြီလားဟင်..''

ခေါင်းလေးမော့ကာမေးလာတဲ့ ယုန်ပေါက်ရဲ့နဖူးပြေပြေလေးပေါ်ကို အနမ်းလေးတစ်ပွင့်​​ခြွေချရင်း ရိပေါ်အလှဆုံးပြုံးမိသည်။

"မကြာသေးပါဘူးယုန်ပေါက်လေးရဲ့ ကိုကို့ကို morning kiss လေးပေးပါဦး...''

"မွမွ...သွားမျက်နှာသစ်တော့ ဒီနေ့ရီရီကိုလေဆိပ်လိုက်ပို့ရမယ်မလား...''

"အင်း...တူတူသစ်မယ်လေယုန်ပေါက်ရဲ့...''

"No ပါ ကိုယ့်ဘာသာအရင်သွားသစ်..ယုန်လေးခဏလောက်ပြန်အိပ်ဦးမယ်..ညက ကိုကို့ကြောင့်ပင်ပန်းထားတာ...''

"ဟုတ်ပါပြီဗျာ...ဒါဆိုကိုကိုရေပါတစ်ခါတည်းချိုးလိုက်တော့မယ်..ယုန်လေးပြန်မှေးလိုက်ဦး ကိုကိုထွက်လာမှနှိုးမယ်..''

ရိပေါ်ယုန်ပေါက်အားအိပ်ခိုင်းပြီး ရေချိုးခန်းထဲသို့ဝင်လာလိုက်သည်..။

"Ring...Ring...Ring...''

ရိပေါ်ရေချိုးခန်းထဲကထွက်လာတော့ ဖုန်းလာနေတာကြောင့်ကြည့်လိုက်တော့ ကျိုးချန်ဆီကဖြစ်တာကြောင့် ဖုန်းကိုင်လိုက်သည်...။

"Hello ကျိုးချန်..''

"...............''

"ဒီနေ့လား...''

"..............''

"ဘယ်အချိန်လဲ....''

"................''

"အဆင်ပြေပါတယ် ငါသွားလိုက်မယ်..မင်းဒီမှာပဲ ကြီးကြပ်ထားလိုက်..''

ရိပေါ်ဖုန်းပြောအဝတ်အစားလဲ ပြီးသည်နှင့် ယုန်ပေါက်ကိုန​ှိုးရသည်..။

"ယုန်လေး..ထတော့ ကိုကိုရီရီနဲ့ပြင်သစ်ကိုလိုက်သွားရမယ်..''

ရိပေါ်စကားကြောင့် ယုန်ပေါက်တစ်ယောက် ဆတ်ခနဲထိုင်သည်...။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now